Exit print mode Print Data A+ A- Undo all

Kelab Rojak (2023)

Kelab Rojak (2023)Kelab Rojak (2023)

Synopsis:

Kelab Rojak (2023)

အိမ်နဲ့ကွိုင်ကွိုင်နေတဲ့ စီအမ်ပရိသတ်အပေါင်းသူတော်ကောင်းတို့အတွက်
မိသားစုနဲ့အတူကြည့်ရှုသင့်တဲ့ Malay family dramaလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။
ဆယ်ကျော်သက်ဘဝ သားသမီးတွေနဲ့ မိဘတွေကြားကgeneration gap ပြဿနာတွေ
ဘာသာရေး ယဉ်ကျေးမှုကွာဟချက်၊ မိဘရဲ့မျှော်လင့်ချက်နဲ့ ကိုယ့်အိပ်မက်က ထပ်တူမကျတဲ့အခါ ဖြစ်လာတဲ့ပဋိပက္ခ
စတဲ့ မိသားစုတိုင်းမှာ ဖြစ်နေကြပြဿနာတွေကို တစေ့တစောင်း ရိုက်ကူးပြထားတဲ့ ရုပ်ရှင်လေးပါ။

442

အလီရှာဟာ တရုတ်-မလေးကပြားမလေးတစ်ယောက်၊ ‌အတော်ကြီးအလုပ်ရှုပ်နေပြီးတော့
မိသားစုကိုချစ်ပေမဲ့ ချစ်ကြောင်းထုတ်မပြတတ်တဲ့ အလုပ်ပဲသိတဲ့ ကိုတရုတ်ကြီးချန်ဝါနဲ့
တီတီတာတာ ဘာမှမရှိအလုပ်ပဲသိတဲ့ ချန်ဝါကို အလစ်တဲလေးစိတ်ပျက်နေတဲ့နိုရာရဲ့ သမီးဖြစ်သူပေါ့။
နှစ်‌ယောက်လုံးက ကိုယ်စီအလုပ်လုပ်နေကြတာဆိုတော့ ပြေလည်တဲ့မိသားစုဖြစ်ပေမဲ့
သမီးဖြစ်သူအလီရှာအတွက်တော့ နွေးထွေးမှု အာရုံစိုက်ခံရမှုဆိုတာ မရှိသလောက်ပါပဲ။
ဒီလိုနဲ့ ချန်ဝါတစ်ယောက် ကေအယ်လ်ကနေ လန်ကာဝီကို အလုပ်နဲ့ရွှေ့ပြောင်းရမဲ့အကြောင်းကို
နိုရာကိုရော အလီရှာကိုပါ ဘာမှမပြောဘဲ ရုတ်တရက်စီစဉ်လိုက်လေတော့ နိုရာလည်းအလုပ်ထွက်ပြီး ကမောက်ကမဖြစ်
အလီရှာလည်း သူငယ်ချင်းနဲ့အတူ အကပြိုင်ပွဲဝင်ဖို့လုပ်ထားတာလည်း ပျက်သွားပါတော့တယ်။
ပြိုင်ပွဲအကြောင်း အသိပေးဖို့လုပ်ပေမဲ့ လန်ကာဝီပြောင်းဖို့ကို ကြိုမပြော‌လို့
ပြဿနာတက်နေတဲ့ အဖေနဲ့အမေကြောင့် အခွင့်အရေးမရဘဲ လန်ကာဝီကို ပါသွားပါတော့တယ်။

ကေအယ်လ်ကတော့ မြို့ကြီးပြကြီးဖြစ်တဲ့အပြင် လူတန်းစားစုံတဲ့နေရာဆိုတော့ ယဉ်ကျေးမှုမတူတာကို
သိသိသာသာ မခံစားရပေမဲ့ လန်ကာဝီကကျောင်းမှာ Hijabနဲ့ ကျောင်းတက်ရဖို့ ဖြစ်လာတဲ့အခါ၊
ကေအယ်လ်မှာတော့ လွတ်လွတ်လပ်လပ်နေခွင့်ရတဲ့ အလီရှာတစ်ယောက် လန်ကာဝီကကျောင်းက စည်းကမ်းတွေ
ဆရာမတွေရဲ့ ခိုင်းတဲ့အတိုင်းလုပ် ပြန်မပြောနဲ့ဆိုတဲ့ အမိန့်ဆန်တဲ့စည်းကမ်းတွေကို သူနာခံနိုင်မှာလား။
ကျောင်းအသစ်မှာ အမှိုက်ကောက်ရင်း ရလာတဲ့ သူငယ်ချင်း ၃ ယောက်နဲ့ အတူ သူတို့ဘာတွေဆက်လုပ်ကြမလဲ။
ယောက်ျားလေးပေမဲ့ ဖက်ရှင်ဒီဇိုင်နာဖြစ်ချင်လို့ အလှောင်ခံနေရတဲ့မင်ကစ်၊
စာတော်ပေမဲ့ စာဂျပိုးဖြစ်နေလို့ အနိုင်ကျင့်ခံရတဲ့ ဆာလယ်ဟာ၊
ယောက်ျားဆန်ဆန်နေတတ်လို့ ယောက်ျားလျာ ဆိုပြီး လူတကာကလက်ညှိုးထိုးနေတဲ့ ပါဗီထရာတို့ရဲ့ ပြဿနာတွေကိုရော
အလီရှာတစ်ယောက် ဖြေရှင်းပေးနိုင်မလားဆိုတာ ပိတ်ကားထက်မှာပဲ အတူကြည့်ရှုခံစားလိုက်ရအောင်ပါ။

အညွှန်း နဲ့ ဘာသာပြန်ကတော့ Mary Christ ပဲ ဖြစ်ပါတယ်။

Genre….. Comedy, Drama
Quality…. 1080p | 720p | 480p
File size… 1.4GB | 784MB | 371MB
Format… mp4
Duration…. 1h 31min
Subtitle…. Myanmar Subtitle (Hardsub)
Translator ….. Mary Christ
Encoder ….. Aaron



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Release Date
4 May 2023
Runtime
1h 31min
Country
Indonesia
Popularity
1.691
Status
Released
ID IMDb.com
1127629
ID Themoviedb.org
1127629