Channel Myanmar

Kedarnath (2018)

Kedarnath    

N/A 116 min BollywoodDramaRomance

5.6
IMDB: 5.6/10 2,551 votes

, , , ,

, , , , ,

N/A

India

1234761

Report error

ဒီဇတ်လမ်းလေးက မကြာသေးခင်ကမှ ရုံတင်သွားတဲ့

ရုပ်ရှင်ကားပါ မကြာသေးခင်ကမှ ရုပ်ထွက်အကြည် ထွက်လာလို့CM Fan တွေ အတွက် တင်ဆက်ပေးလိုက်ပါတယ်…

442

ဇတ်လမ်းလေးကတော့ မန်ဆူး လို့ ခေါ်တဲ့ ကောင်လေးနဲ့မူကူး လို့ ခေါ်တဲ့ ကောင်မလေးတစ်ယောက် တို့ နဲ့ စတင်ထားတယ်…

ကျနော်တို့ မြန်မာနိုင်ငံမှာဆို အထင်ကရ ကျိုက်ထီးရိုးဘုရား ကိုဘုရားဖူးတွေက လမ်းလျှောက်တက်ကြတယ်

အသက်ကြီးသူတွေကတော့ ကားတို့ဆိုက်ကယ်တို့ နဲ့ အဆင်ပြေသလိုပေါ့

ဒီဇတ်လမ်းထဲမှာလဲ အရှင်ရှီဗား ကို ဝတ်ပြု ကိုးကွယ်ဖို့ အတွက်လူတွေဟာ တောင်ပေါ်ကို ခြေလျင် တက်ကြတယ်အရှင်ရှီဗား ရဲ့ ဝတ်ကျောင်းဆောင်

ကို ရောက်ဖို့ လမ်းလျှောက်တက်ကြသလိုအသက်ကြီးရွယ်အိုတွေကတော့ အထမ်းသမား နဲ့ တက်ရတယ်…အဲ့ဒီ အထမ်းသမားတွေထဲမှာ မန်ဆူး လို့ ခေါ်တဲ့

ကောင်လေး တစ်ယောက်လဲ အပါပေါ့…

အထမ်းသမားတွေဟာ မန်ဆူး ကို မြင်ရင် နှာခေါင်းရှုံ့သွားကြတယ်ဘာလို့လဲ ဆိုတော့ ဘုရားဖူးဖို့ လိုက်ပို့တဲ့ အထမ်းသမားကမွတ်စလာမ် ကောင်လေး ဖြစ်နေလို့ပါ…

ဒါပေမဲ့ တောင်ပေါ် ရောက်တဲ့ အခါကျရင် မန်ဆူး ကို လူတွေကပိုပြီး ချစ်သွားကြတော့တာပဲ…ဘာသာတရားကို ပုံမန်လူတွေ သိတာ ကိုင်းရှိုင်းတာထက်ကို

မန်ဆူး က ပိုပြီး လေးစားတက် ကြည်ညို တက်ပါတယ်

ဘုရားဖူးတွေကို ဘုရားစာတွေ တစ်လမ်းလုံးရွတ်ဖတ်ပြတယ်ဘုရားအကြောင်းတွေ ရှင်းပြတယ်…ဒီလို နဲ့ ဘုရားဖူးတွေကို စိတ်ချမ်းသာမှုအပြည့်ပေးတက်သူလေးပေါ့…

အဖေ မရှိ တစ်ဦးထဲသော အမေကိုလုပ်ကျွေးနေတဲ့ အထမ်းသမားလေး မန်ဆူး ဟာအမေ့ကိုလဲ ပိုက်ဆံ အပြည့်အဝ မပေးနိုင်ပါဘူး

သူချစ်တဲ့ ဘုရားဖူးတွေဆို အမြဲ စျေးလျှော့ပေးရတာနဲ့မုန့်ဝယ်ကျွေးရတာနဲ့ ပိုက်ဆံ အပိုကျန်တာ သူများထက်နည်းပါတယ် အမေ့ အဆူခံရတာလဲ အမြဲတမ်းပေါ့…

ဒီလို လူရိုးလေး မန်ဆူး ဟာ တစ်ရက်မှာတော့စွာတေးမလေး မူကူး နဲ့ တွေ့တော့တာပဲမူကူးဆိုတာကလဲ ဘုရားလူကြီး ရဲ့ သမီးအငယ်ဆုံးမန်ဆူး နဲ့ဆို ဘာသာခြားတဲ့ အပြင် မူကူး တို့

မိသားစု တွေက ဘာသာခြားဆို သိပ်ကြည့်လို့ရတဲ့သူတွေမဟုတ်ပြန် ဒီတော့ကာ စွာတေးမလေး မူကူး နဲ့လူရိုးလေး မန်ဆူး တို့ ရဲ့ ဇတ်လမ်းကို

အဘဆရာသာရစ် က ဘာသာပြန်ပေးထားပြီးအညွှန်းကို Thit San Khant မှ ရေးပေးထားလို့

ဆက်လက်ကြည့်ရှုလိုက်ကြပါအုံး….



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Kedarnath (2018)
Kedarnath (2018)


No downloads available

Genres



Related movies