Kanchana: Muni 2 (2011)

Synopsis:
Kanchana
ဒီကားက အခုလတ်တလောမှာ ရေပန်းစားနေတဲ့ ရုံတင်ကားကြီးဖြစ်တဲ့ တာတေကြီးရဲ့ မူရင်းဇာတ်ကားလေးပါ…
ဇာတ်လမ်း ဇာတ်ကွက်တွေက အထူးညွှန်းနေစရာတောင် မလိုအပ်တော့ပါဘူး…
ရာဗာတို့သူငယ်ချင်းအုပ်စု ခရစ်ကတ် ကစားနေကြ မြေကွက်လပ်ကြီးက ကစားလို့မရတော့တဲ့အတွက်
နေရာအသစ် သွားရှာတဲ့အခါမှာ…လူမရှိတဲ့ခြံကျယ်ကြီးတစ်ကွက်ကိုတွေ့ခဲ့ပါတယ်
ရာဗာတို့သူငယ်ချင်းအုပ်စုက အဲ့ဒီခြံကျယ်ကြီးထဲမှာ ခရစ်ကတ်ကစားဖို့ ပြင်ဆင်နေကြတဲ့အချိန်မှာပဲ
လေပြင်းတွေတိုက် ကောင်းကင်တွေက မဲမှောင်လာခဲ့ပါတော့တယ်
ရာဗာတို့တွေလဲ ကြောက်အားလန့်အားနဲ့ အိမ်ပြန်ပြေးကြတဲ့အခါမှာတော့ ရာဗာရဲ့
ခရစ်ကတ်ကစားတဲ့တုတ်မှာ အဲ့ဒီခြံကျယ်ကြီးထဲက မကောင်းဆိုးဝါးကလိုက်လာခဲ့ပါတော့တယ်….
သရဲဆိုရင် အသံတောင်ကြားမရအောင်ကြောက်တတ်တဲ့ သတ္တိခဲရာဗာဆီမှာမှ
အမုန်းတွေ အညှိုးတွေ အာဂတတွေနဲ့ ပြည့်နေတဲ့ ခြံကျယ်ကြီးထဲက
သရဲတွေ ဝင်ရောက်စီးကပ်သွားတဲ့အခါမှာတော့…
ရာဗာတို့မိသားစုတွေ ဘယ်လိုအခြောက်အလှန့်တွေနဲ့ ရင်ဆိုင်သွားရမလဲ…
ရာဗာကိုယ်တိုင်ကရော ဘယ်လိုပုံစံမျိုးတွေပြောင်းလဲသွားမလဲ…
ရာဗာ့ဆီမှာ ဝင်ပူးခဲ့တဲ့သရဲတွေကရော ဘယ်လိုအကြောင်းကြောင့်လဲဆိုတာတွေကိုတော့
ဇာတ်လမ်းဆုံးသည်ထိ သည်းထိတ်ရင်ဖိုနဲ့ ကြည့်ရှုခံစားရမယ့်ဇာတ်ကားတစ်ကားဖြစ်ပါတယ်…
သရဲကားကြိုက်နှစ်သက်သူတွေအတွက် အထူးညွှန်းစရာမလိုပေမယ့်
သရဲကားမကြည့်ရဲတဲ့သူတွေအတွက်လဲ ဟာသလေးတွေနဲ့မို့ မကြောက်ပဲကြည့်ကြပါလို့ ညွှန်းချင်ပါတယ်
Qty – 720p Blu-ray
Duration – 2hr 30min
Gern – Horror/ Thrill
Translator – Mie Mie
Review – Mie Mie
Encoder – Kyaw Ye Aung
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။