Kambodja (2023)

Synopsis:
KAMBODJA ( 2023 )
================
ဒီကားကMuBiကကား။ ဒီတော့ အရမ်းကြီးမဟုတ်တောင် သူ့ဟာနဲ့သူတော့ တစ်ခုခုတော့ဟုတ်နေမယ့်ကားပဲ။ ဇာတ်ကတော့ တော်တော်တိုတယ်။ ဒါပေမဲ့ ကြည့်ရတာတော့ မဆိုးဘူး။ ဝတ္တုတိုလေးတစ်ပုဒ် ပေါ့ပေါ့ပါးပါးဖတ်ရသလို ဇာတ်မျိုးပဲ။ ခေတ်ဟောင်းမှာ ဇာတ်အိမ်တည်ထားတယ်။သူ့ဇာတ်က အဆောင်တစ်ဆောင်ကနေစတယ်။ အဲဒီအဆောင်ကိုနိုင်ငံရေးသမားတစ်ယောက်နဲ့ သူ့မိန်းမပြောင်းလာတယ်။ အဲဒီမတိုင်ခင်က အဲဒီအဆောင်မှာ စာရေးဆရာနဲ့ အဆိုတော်မအတွဲနေကြတယ်။ စစတော့ တဇောင်းချေးနဲ့မျက်ချေးဖြစ်နေရာကနေ နောက်စာရေးဆရာနဲ့ နိုင်ငံရေးသမားရဲ့မိန်းမက နည်းနည်းမျက်မှန်းတန်းမိကြတယ်။ နောက်စာရေးဆရာကစာထဲ အဲဒီမိန်းမအကြောင်းရေးဖြစ်သွားတယ်။ နောက် နိုင်ငံရေးသမားနဲ့ အဆိုတော်မကလည်း ဖောက်ပြန်နေကြတယ်။ ဒီအဆောင်မှာ ဘာတွေဆက်ဖြစ်မလဲ အငြိမ်လေးပဲ ကြည့်ရလိမ့်မယ်။ အင်ဒိုးနီးရှားရဲ့ အဲဒီခေတ်ကာလနိုင်ငံရေးကိုပါ ပြတယ်။ ဇာတ်ကလည်း တစ်နာရီခွဲတောင်မပြည့်သလို အထဲမှာပြတာကလည်း ဒီနားဒီနားမှာတင်ဖြစ်တဲ့ ဇာတ်လမ်းအတိုလေးပဲ။ ဒါပေမဲ့ ဝတ္တုတိုတစ်ပုဒ်ပေါ့ပေါ့ပါးပါး ဖတ်ရသလို ခဏလောက်အရသာခံချင်ရင်တော့ အရသာခံလို့ကောင်းတဲ့ရုပ်ရှင်ပါပဲ။
ငါ့နှလုံးသားထဲမှာ အပြာရောင်တွေ… အနီရောင်တွေ
အဲဒီထက်ပိုတာက မင်းရဲ့အရောင်တွေ…
မနက်ဖြန်ခါကို မျှော်လင့်ရင်း….
အဲဒီနှလုံးသားဟာ ခရမ်းနုရောင်စည် ပုလဲသီတကွဲစီ
( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ WiRa Aung ပါ )
File size_(600MB)
Quality_Blu-Ray 1080p / 720p
Format_mp4
Duration_01:19:00
Genre_Drama, Romance
Subtitle_Myanmar Subtitle (Hardsub)
Encoder_a hao
Translated by WiRa Aung
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။
Director
Rako Prijanto
Runtime
1h 15m
ID IMDb.com
tt20224768
IMDB Rating
6.5