ကဲဒီတခါတာ့ IMDb rating 7.6 ရရှိထားတဲ့ ဂျပန် – တူရကီ သမိုင်း ဖြစ်ရပ်မှန် ဇာတ်ကားလေးတစ်ကား နဲ့ မိတ်ဆက်ပေးပါရစေ
ဒီဇာတ်ကားလေးကတော့ တူရကီ – ဂျပန် ၂နိုင်ငံ ဆက်ဆံရေးရဲ့ ရင်းနှီးကျွမ်းဝင်မှူ သမိုင်းမှတ်ကျောက်ဆိုလဲ မမှားပါဘူးဗျ
အာတတ်ရူ ဆိုတာ 1863 မှာ စတင်ခဲ့တဲ့ အော့တိုမန်ရေတပ်ရဲ့ ပင်လယ်ကုန်သွယ်ရေး အစောင့်အရှောက်သင်္ဘောပါ တနေ့မှာ တိုင်ဖွန်းမုန်တိုင်းမိပြီး ဂျပန် ၀ာကာရာမ ကျွန်းကို သွားရောက်သောင်တင်ပါတော့တယ် ဒီ မတော်တဆ ဖြစ်ရပ်ကြောင့် သင်္ဘောသား 533ယောက်အပါအ၀င် ကပ္ပတိန် အလီအိုစမန်ပါရှာ ပါပျောက်ဆုံးသွားခဲ့ပါတယ်
သင်္ဘောသား ၆၉ ယောက်နဲ့ ရေကြောင်းအရာရှိတယောက်သာ ပြန်လည် လွတ်မြောက်ရှင်သန်ခဲ့ပြီး ဂျပန်နိုင်ငံရဲ့ အစောင့်အရှောက်နဲ့ သူ့နိုင်ငံပြန်နိုင်ခဲ့ပါတယ်
ဒီလိုနဲ့ ဘယ်လို မတော်တဆမှူကတဆင့် ဘာပြသနာတွေတက်ခဲ့လဲ သင်္ဘောသား 533 ယောက်ကကောဘယ်လိုအန္တရာယ်တွေနဲ့ကြုံတွေ့သွားရတာလဲဆိုတာကို ပရိတ်သတ်ကြီးကပဲ ဆက်လက် စောင့်ကြည့်လိုက်ပါတော့
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။
































