Jo Pil-ho: The Dawning Rage(2019)


Synopsis:
Jo Pil-ho: The Dawning Rage(2019)
IMDb…6.4
ပီးဟိုဆိုတဲ့ရဲတစ်ယောက်ဟာ ရဲဝန်ထမ်းတွေကြားမှာ သတိထားစရာအတော်ကောင်းလာတယ်..
ဝန်ထမ်းကောင်းရဲကောင်းတစ်ယောက်အနေနဲ့တော့မဟုတ်ဘူး….လူမိုက်တွေနဲ့ပေါင်းတယ်…
ငွေရဖို့ကို လုပ်ပိုင်ခွင့်တွေထဲကနေ ဥပဒေမဲ့ လုပ်တယ်….
ဖောက်ထွင်းသူတွေနဲ့လည်း လစ်ရင်လစ်သလို မျိုးမျိုးမျက်မျက်အကွက်တွေဆင်လေ့ရှိတယ်…
သူ့ပုံစံကြည့်ရတာ ဒီအကွက်တွေရွှေ့ရတာ အတော်ကိုကျွမ်းကျင်နေတဲ့ပုံပင်…
ဘယ်လိုပင်အကွက်ရွှေ့ကျွမ်းကျွမ်း အဂတိတိုက်ဖျက်ရေးအဖွဲ့က သူ့နောက်ကို သိသိသာသာပင်
လိုက်နေကြတယ်….ဒါကို သိတဲ့ ပီးဟိုဟာ နောက်ဆုံးအနေနဲ့ အချီကြီးပွပေါက်ရအောင်ကြံပြီး
သူ့နောက်လိုက်တဲ့သူတွေကိုမျက်ခြေဖြတ်ဖို့ကြိုးစားတယ်…
သို့ပေမယ့် သူထင်ထားသလိုမဖြစ်လာတဲ့အပြင် အဆိုးတကာ့အဆိုးဆုံးသော အန္တရယ်တောထဲကိုရောက်လို့သွားပါတော့တယ်…
ကိုင်း ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ခံစားကြည့်ရှုလိုက်ပါ…
ဒီကားက မင်းသား Sun-kyun Lee အဓိက ပါဝင်သရုပ်ဆောင်ထားပြီး သူဟာ ဒီလိုဇာတ်ရုပ်တွေမှာလည်းအတော်ပိုင်ပါတယ်..
A Hard Day (2014) ထဲမှာလည်း ဒီပုံစံမျိုးသရုပ်ဆောင်ထားတယ်..ဒီကားနဲ့တော့ ဇာတ်လမ်းက အတော်ကွဲပါတယ်…
တစ်ခုတော့ ကြိုပြောထားမယ်… ဗီလိန်နေရာက အဓိကထားရိုက်တဲ့အပြင် အန္တရယ်ဇုံထဲမှာ
မလှုပ်သာ မလူးသာ ဖြစ်နေတဲ့နေရာကို ကြည့်ရှုသူ ကိုင်တိုင်ရောက်ရှိနေပြီး
တကားလုံးစိတ်လှုပ်ရှားနေရလို့ ရင်မောနေရပါလိမ့်မယ်… အက်ရှင်မှုခင်းကားကြိုက်သူတို့အဖို့
ခံစားကြည့်လိုက်ဦးဗျို့…
File Size : (1GB) and (423 MB)
Quality : WEB-DL 720p,
Format…mp4
Duration…02:07:00
Genre : Action
Subtitle : Myanmar Subtitle (Hard Sub)
Translated by Megumi
Encoded by Phyo Pyae
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။