Jersey Girl (2004)
He wanted it all...but he got more than he bargained for.

Synopsis:
တက်ကြွဖျတ်လတ်သော တေးထုတ်လုပ်သူတစ်ဦးဖြစ်တဲ့
အိုလီထရင်ကီ ဆိုတဲ့လူငယ်လေးက
အလုပ်ကြိုးစားသောဝန်ထမ်းတစ်ဦးဖြစ်သလို
မိခင်ဆုံးပါးသွားတဲ့သမီးလေးကို စောင့်ရှောက်နေရသော
ဖခင်တစ်ဦးလည်းဖြစ်ပါတယ်။
လုပ်ငန်းခွင်အတွင်း အဆင်မပြေမှုတွေ၊မိသားစုရေးပြသနာတွေ
ကြုံတွေ့ရချိန်မှာတော့ ဖိအားပေါင်းများစွာရဲ့ ဒဏ်တွေကြောင့်
အလုပ်ကိုဆုံးရှုံးခဲ့ရပြီး သမီးလေးအနားမှာ အချိန်ပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
သို့သော် အမှတ်မထင် ကြက်ကန်းဆန်အိုးတိုးဆိုတဲ့အတိုင်း
အလုပ်အကိုင်အခွင့်အရေးပြန်ရချိန်မှာတော့
သူသိပ်ချစ်ရတဲ့သမီးလေးအတွက် ဘယ်လိုအခက်အခဲတွေရှိလာမလဲ
အောင်မြင်မှုနေရာ ပြန်ရနိုင်မလား သူ့ဘဝရဲ့
လက်တွဲဖော်ကိုရော ထပ်တွေ့ခွင့်ရဦးမှာလား
ဆိုတာကိုတော့ ဒီဇာတ်လမ်းလေးထဲမှာပဲ
ဆက်လက်ကြည့်ရှုပေးကြပါခင်ဗျာ
ရုပ်ရှင်ကားကို Kay Khaing Htun မှ ဘာသာပြန်ပေးထားပါတယ်
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။