January (2022)
The month when we chose our freedom

Synopsis:
Rotten Tomatoes 100% ရထားတဲ့ ဖြစ်ရပ်မှန်ဇာတ်ကားကို CMကနေထပ်မံတင်ဆက်ပေးလိုက်ပါတယ်။
ဇာတ်ကားအကြောင်း မစခင်မှာ ဒီဇာတ်ကားနဲ့ပတ်သက်ပြီး သိသင့်တာကို အရင်ပြောပြပေးပါမယ်။ ၁၉၄၀ကနေ ၁၉၉၁ခုနှစ်အထိ Latviaနိုင်ငံက ဆိုဗီယက်ပြည်ထောင်စုရဲ့ လက်အောက်ခံပါ။
Aug 21, 1991 မှာတော့ Latvia အစိုးရက သူတို့နိုင်ငံရဲ့ လွတ်လပ်ရေးကို ကြေညာလိုက်ပါတယ်။ ဆိုဗီယက်ပြည်ထောင်စုက ဘောလ်တစ် ဒေသက နိုင်ငံတွေကို လက်မလွှတ်ချင်ပါဘူး။ အဲဒါနဲ့ Latviaမှာ ဖြစ်နေတဲ့ အခြေနေတွေကို ပြန်လည် ထိန်းချုပ်ဖို့ လုပ်ရင်း အထိကရုဏ်းတွေ ဖြစ်ပါတော့တယ်။
ဂျာဇစ်ဆိုတဲ့ကောင်လေးက ရှပ်ရှင်အကယ်ဒမီ တက်နေတဲ့ ရုပ်ရှင်ရိုက်ရတာကို နှစ်သက်တဲ့ကောင်လေးတစ်ယောက်ပါ။ သူဘယ်သွားသွား ကင်မရာကို သယ်သွားလေ့ရှိပါတယ်။ သူဘာပဲလုပ်လုပ် အမြဲတမ်း မှတ်တမ်းတင်လေ့ရှိပါတယ်။ လက်ဗီယန်လွတ်လပ်ရေးကို ထောက်ခံကြောင်း သတင်းစာ ထုတ်ဝေမှုကို ရပ်တန့်ပစ်ဖို့အတွက် ဆိုဗီယက်ပြည်ထောင်စု ပြည်ထဲရေးဝန်ကြီးဌာနရဲ့ OMONအထူးယူနစ်တွေက သတင်းစာတိုက်ကို ဝင်ရောက်စီးနင်းခဲ့ပါတယ်။ အဲဒီ ဝင်ရောက်စီးနင်းမှုကိုလည်း ဂျာဇစ်တစ်ယောက် အမိအရ မှတ်တမ်းတင်ခဲ့ပါသေးတယ်။ ဒီရုပ်ရှင်မှာ ကင်မရာလေး တစ်လုံးကိုင်ပြီး ဂျာဇစ် တစ်ယောက်က လွတ်လပ်ရေး လှုပ်ရှားမှု အထိကရုဏ်းထဲက အဖြစ်ပျက်များကို ရိုက်ကူးရင်း သူ့ရဲ့ဖြစ်တည်မှုကို ရှာဖွေနေတဲ့ပုံစံမျိုးနဲ့ ဇာတ်လမ်းကို သွားထားပါတယ်။ ဒီရုပ်ရှင်ထဲမှာ ကွန်မြူနစ်ဆန့်ကျင့်ရေးသမားတွေ၊ လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ကြသူတွေ၊ Latviaနိုင်ငံရဲ့သမိုင်းဝင်အဖြစ်ပျက်ကို ရိုက်ကူးရင်း အသက်ပေးခဲ့ရသူတွေ၊ ဆိုဗီယက်ပြည်ထောင်စုရဲ့ ဝါဒဖြန့်သတင်းတွေအပြင် ၁၉၉၁ Latviaနိုင်ငံ လွတ်လပ်ရေးလှုပ်ရှားမှုကာလ လှုပ်ရှားမှုများကို ရုပ်ရှင်ကြည့်နေရင်းနဲ့ အဲဒီကာလဆီ ရောက်သွားသလိုမျိုး အရောက်ပို့နိုင်တဲ့ သမိုင်းမှတ်တမ်းတင်ရုပ်ရှင်တစ်ကားဖြစ်ကြောင်း ရေးရင်းနဲ့ reviewကို အဆုံးသတ်ပါရစေ။
အညွှန်းနဲ့ ဘာသာပြန်က Minn Khant Kyi Win ဖြစ်ပါတယ်။
File size…(1.7 GB)/(1.3 GB)
Quality….Webrip 1080p / 720p
Format…mp4
Duration….01:35:00
Genre…Drama
Subtitle….Myanmar Subtitle (Hardsub)
Encoder….Garfield
Translated by Min Khant Kyi Win
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။