Channel Myanmar

Jalapata (2023)

not rated 2h 8mins BollywoodDrama

9
IMDB: 9/10 322 votes

, ,

Inida

210738

Report error

Jalapata (2023)
“သဘာဝရဲ့ ရင်သွေးငယ်များ”

IMDb 9.0

442

Jalapata ဆိုတဲ့ ကန်နားဒါး ရုပ်ရှင်လေးက သာမန်မြင်နေကျဇာတ်ကားတွေနဲ့ ကွဲထွက်တဲ့
ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသားပေး ရုပ်ရှင်ဖြစ်ပါတယ်

သို့ပေမယ့် ပတ်ဝန်းကျင်ဆိုလို့ မှတ်တမ်းရုပ်ရှင်ဆန်ဆန်မဟုတ်ပဲ ဇာတ်လမ်းဇာတ်ကောင်
ကိုယ်စီနဲ့ ကြည့်လို့ကောင်းအောင် တင်ဆက်ထားတာမို့ မပျင်းဘဲ ကြည့်ရမှာပါ

“ဂျာလာဒူရ်ဂါ” ဆိုတဲ့ စိမ်းစိုစို သစ်တောတွေနားက ရွာငယ်လေးတစ်ရွာမှာ အမျိုးမျိုးသော
လူတန်းစား အစုံအလင်ရဲ့ ဇာတ်ကောင်တွေကို နောက်ခံစကားပြောနဲ့ မိတ်ဆက်ပေးပြီး
ခရီးသွားဝတ္ထုအရသာကို အမှန်အကန် ခံစားရမယ့် ဇာတ်ကားလေး ဖြစ်ပါတယ်

ဇာတ်လမ်းရဲ့ မူလကျောရိုးကတော့
ပူရ်ဗီနဲ့ကီရန်တို့ သူငယ်ချင်းနှစ်ယောက် Vlog တွေ ရိုက်နေရာကနေ အိမ်အိုလေးမှာ နေထိုင်တဲ့
အဘွားကြီးတစ်ယောက် အကြောင်းကို ဗီဒီယိုရိုက်တင်ဖို့ စိတ်ကူးရလာပါတယ်

အဘွား ဗာနာမာလာမာရဲ့ သားဖြစ်သူနဲ့ ဇနီးသည်က အမေရိကကို စွန့်ခွာသွားခဲ့ပြီးတော့ စာမလာ သတင်းမကြားတော့ပဲ…
အဘွားအိုတစ်ယောက် အထီးကျန်စွာ နေထိုင်နေရပါတယ်
ဒါကို ဗီဒီယိုတစ်ပုဒ် viewer အယောက် ၂၀ ကနေ မတက်တဲ့ ပူရ်ဗီနဲ့ ကီရန်တို့
ဒရာမာအပြည့်နဲ့ အင်တာဗျူးလိုက်ရာမှာတော့ သူတို့ vlog လေးက ဘွားအေရဲ့
မြေးဖြစ်သူ ဗီဟန်ရှိရာ အမေရိက အထိ ပေါက်ရောက်သွားခဲ့ပြီး …

ဗီဟန်လည်း သူ့အမေတားတဲ့ကြားက အဘွားဖြစ်သူနဲ့ တွေ့ရဖို့ “ဂျာလာဒူရ်ဂါ” ရွာလေးကို ပြန်ခဲ့ပါတော့တယ် …
သူ့ရဲ့ ခရီးစဥ်တစ်လျှောက်မှာ ဘာတွေ တွေ့ကြုံရမလဲဆိုတာကိုတော့…

အင်တာနက်ခေတ်မှာ ပတ်ဝန်းကျင်သဘာဝရဲ့ အလှတရားကို ဂရုမပြုမိကြတော့တဲ့
ကျွန်တော်တို့ ဒီရုပ်ရှင် ၂ နာရီအတွင်းမှာတော့ ကိုယ့်ကိုယ်ကို တစ်ခုခုပြန်ပြီးသုံးသပ်မိကြမှာပါ

အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ်

( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့
ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood )

File size…2.6GB / 1.2GB
Quality…WEB DL 1080p / 720p
Format…mp4
Duration….2h 8mins
Subtitle….Myanmar Subtitle (Hard Sub)
Encoder….YK
Translated by CM Bollywood Team



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။



No downloads available


Related movies