J2: J Retribusi (2021)
Jay, a bodyguard, races against time to save his boss, businessman Dato' Hashim and his daughter Nadi, against a hostile hostage situation.

Synopsis:
J2 : J.Retribusi (2021)
IMDb – 6.5/10
J2: J.Retribusi ဆိုတာကတော့
၂၀၁၇ ခုနှစ်က ထွက်ရှိခဲ့တဲ့ J.Revolusi ရဲ့ Sequel အနေနဲ့ ထွက်ရှိလာတာပါ။
ဒီကားကတော့ မလေးရှားမှာ ရုံတင်ပြသခြင်း မရှိဘဲ
Disney Plus Hotstar မှာပဲ သီးသန့်ပြသဖြစ်ခဲ့တဲ့ ရုပ်ရှင် ၃ ကားထဲက တစ်ကားဖြစ်ပါတယ်။
မလေးရှားအက်ရှင်ကားတွေလည်း
ကြည့်လို့ကောင်းတဲ့ အက်ရှင်ကားတွေထဲမှာ ပါပါတယ်။
အပစ်အခတ် နဲ့ ဖိုက်တင်မှာ မလေးကလည်း တော်တော်လေး မိုက်တဲ့အထဲ ပါပါတယ်။
ဇာတ်လမ်းအကျဉ်းကတော့ ဒီလိုပါ။
ဂျေး ဟာ အရင်က အထူးတပ်ဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ်ပြီးတော့
လက်ရှိမှာတော့ သူဌေးကြီး ဒက်တိုရဲ့သမီးလေး နဒီအတွက်
သက်တော်စောင့်အဖြစ် လုပ်နေတာပဲ ဖြစ်ပါတယ်။
ဒက်တိုကတော့ ပိုက်ဆံကျိကျိတက်ချမ်းသာပေမယ့်
သမီးလေး အတွက် အချိန်မပေးနိုင်တဲ့ ဖခင်တစ်ယောက်ပါ။
ဂျေးကလည်း သမီးလေးကို သမီးတစ်ယောက်လို သံယောဇဉ်ရှိနေခဲ့တာပါ။
သူဌေးကြီး ဒက်တိုဟာ သမီးလေးအတွက် အချိန်ပေးဖို့ ကြိုးစားရင်း
လုပ်ငန်းတွေကနေ အနားယူဖို့ ဆုံးဖြတ်လိုက်ပါတယ်။
အနားယူဖို့အတွက် ဟိုတယ်ကို ပိုင်ရှင်အသစ် လက်ထဲအပ်ဖို့
ပွဲကျင်းပတဲ့နေ့မှာ အနုကြမ်းစီးခံလိုက်ရပါတယ်။
သူတို့ရဲ့ စီးပွားရေးသော့ချက်ကို လက်နက်ကိုင်ပြီး
လုယူချင်နေတဲ့ အကြမ်းဖက်သူအုပ်စုက သမီးလေး နဒီကိုအသုံးချပါတော့တယ်။
အနုကြမ်းစီးတဲ့အချိန်မှာ တခြားဓားစာခံများလည်း ရှိနေပါတယ်။
အထူးတပ်ဖွဲ့ဟောင်း ဖြစ်ခဲ့ဖူးတဲ့ ဂျေး ဟာ
အလုပ်ရှင်နဲ့ သမီးဖြစ်သူကို ရွေးချယ်ပြီး ကယ်တင်မှာလား?
ဓားစာခံတွေကိုပဲ ရွေးချယ်ပြီး ကယ်တင်မှာလား ဆိုတာကိုတော့ ……
အက်ရှင်ဇာတ်ကားကောင်းတွေကို ကြိုက်သူများ
ကြည့်ပြီးရင် အားရကျေနပ်သွားစေမယ့် ဇာတ်ကားကောင်းတစ်ကားပဲ ဖြစ်ပါတယ်။
ဘာသာပြန် နဲ့ အညွှန်းကတော့ Thura Htet Aung ပဲ ဖြစ်ပါတယ်။
Quality….WEB-DL 1080p and 720p adn 480p
File size…1.9GB and 1.3GB and 482MB
Format…mp4
Duration….1h 48min
Subtitle….Myanmar Subtitle (Hardsub)
Translator ….. Thura Htet Aung
Encoder …..August
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။