Exit print mode Print Data A+ A- Undo all

Irena’s Vow (2023)

Change the world with your courage.
Irena’s Vow (2023)Irena’s Vow (2023)

Synopsis:

 

စစ်ကားကြီးတွေက ပျင်းစရာကောင်းလွန်းလို့

442

မကြည့်ချင်ပါဘူးဆိုတဲ့ သူတွေအတွက် စိတ်ဝင်စား

သွားစေရမယ်လို့ အာမခံတဲ့ ဒုတိယကမ္ဘာစစ် ဖြစ်စဉ်

တုန်းက ဂျာမန်ဒရာမာဇာတ်ကားလေးတစ်ကားကို

တင်ဆက်ပေးလိုက်ပါတယ်။

ပုံမှန်စစ်ကားတွေလိုမျိုး စစ်တိုက်နေတာပဲ မဟုတ်ဘဲနဲ့

တကယ့် ဖြစ်ရပ်မှန် ဒရာမာဇာတ်လမ်းတစ်ပုဒ်ကို

ပြန်လည် ရိုက်ကူးထားတဲ့အတွက် ကွဲထွက်နေပြီး

ကြည့်လို့ကောင်းမှာတော့ အသေအချာပါပဲ။

ဒီဇာတ်ကားထဲမှာ ပါဝင်တဲ့ ဇာတ်လမ်းဇာတ်အိမ်တွေက

အပြင်မှာ တကယ်ရှိခဲ့တဲ့ ဂျူးတွေရဲ့ အမျိုးသမီးသူရဲကောင်း

အီရယ်နာဂွတ်ရဲ့အကြောင်းကို အခြေခံပြီး ရိုက်ကူးထားတာ

ဖြစ်ပါတယ်။

ဇာတ်ကားနာမည်ကတော့ အီရန်နာရဲ့ဇာတ်ကြောင်းဆိုတဲ့

အတိုင်း Irena’s Vow ဖြစ်ပြီး IMDb Rating 6.2

အထိရရှိထားပါတယ်။

အီရန်နာရဲ့ ဇာတ်ကြောင်းကိုစပြောရရင်တော့ ၁၉၃၉ ခုနှစ်

စက်တင်ဘာလမှာ အီရန်နာနေထိုင်တဲ့ ပိုလန်ကိုဂျာမနီနဲ့

ဆိုဗီယက်တွေက ကျူးကျော်ခဲ့ပြီးနောက်မှာတော့

အီရန်နာအပါအဝင် ပိုလန်သူပိုလန်သားတွေအကုန်

နေစရာအိမ် လုပ်ကိုင်စရာအလုပ်တွေနဲ့ အရေးအကြီးဆုံး

လွတ်လပ်ခွင့်တွေ ပျောက်ဆုံးသွားခဲ့ရပါတော့တယ်။

အဲ့ဒီနောက်ပိုင်း အီရန်နာကို ဂျာမန်စစ်စခန်းတစ်ခုမှာ

အတင်းအဓမ္မအလုပ်လုပ်ဖို့ စေခိုင်းခဲ့ပေမဲ့ အီရန်နာက

စိတ်ဓာတ်ခွန်အားပြည့်၀ပြီး အလုပ်ကြိုးစားတတ်တဲ့

အမျိုးသမီးတစ်ယောက် ဖြစ်တဲ့အတွက် သိပ်မကြာခင်မှာပဲ

ဂျာမန်အရာရှိကြီးတစ်ယောက်ရဲ့ အိမ်မှာအိမ်တော်ထိန်း

အဖြစ် အလုပ်ရသွားပါတော့တယ်။အဲ့ဒီမတိုင်ခင်က

သူက စက်ချုပ်ခန်းမှာရှိတဲ့ ဂျာမန်တွေအရမ်းမုန်းတီးပြီး

နိမ့်ချဆက်ဆံကြတဲ့ ဂျူးတွေရဲ့ အလုပ်ခေါင်းဆောင်

ဖြစ်ခဲ့ပါသေးတယ်။ ဂျာမန်တွေက သူတို့နေထိုင်ရာမြို့မှာ

ဂျူးကင်းစင်သွားအောင် အကုန်သုတ်သင်ပစ်မဲ့အကြောင်းကို

အီရန်နာကြားသွားပြီး နောက်မှာတော့ အဲ့ဒီဂျူးတွေအားလုံးကို

သူအလုပ် သွားလုပ်ရမဲ့ ဂျာမန်အရာရှိကြီးရဲ့ အိမ်မှာ ဖွက်ထား

ပေးဖို့ ဆုံးဖြတ်ခဲ့ပါတော့တယ်။ဒီလိုနဲ့ အီရန်နာတစ်ယောက်

မီးခဲကြီးကို လက်ထဲမှာကိုင်ထားရသလို ရင်တထိတ်ထိတ်နဲ့

အိမ်ထဲမှာ ဂျူးတွေကို ဖွက်ထားပေးရင်း အီရန်နာနဲ့ဂျူးတွေ

အန္တရာယ်တွေကြားက ဘယ်လိုတွေအတူတူရင်ဆိုင် ကျော်ဖြတ်

သွားရမယ်ဆိုတာတွေအပြင် မထင်မှတ်ထားတဲ့ဒရာမာအချစ်

ဇာတ်လမ်းလေးတစ်ခုကို ပါကြည့်ရှုရမဲ့ စိတ်ဝင်စားစရာ

ဇာတ်ကားလေးပဲဖြစ်ပါတယ်။

 

File size…1.30GB / 610MB
Quality…WEB-DL 1080p 5.1CH / 720p
Format…mp4
Duration….2h 1m
Genre …..War
Subtitle….Myanmar Subtitle (Hard Sub)
Encoder….Min Wai
Translated by Saw Lay



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Popularity
38.143
Status
Released
ID IMDb.com
1026880
IMDB Rating
6.2
ID Themoviedb.org
1026880
TMDb Rating
5
TMDb votes
3