Exit print mode Print Data A+ A- Undo all

Into the Storm (2014)

There is no calm before the storm.
Into the Storm (2014)Into the Storm (2014)

Synopsis:

အိုကလာဟိုးမားပြည်နယ်မြို့တစ်ခုအတွင်းရှိ အထက်တန်းကျောင်းတစ်ခုရဲ့ စင်မြင့်ထက်မှာ

ကျောင်းအုပ်ကြီးက ကျောင်းဆင်းပွဲမိန့်ခွန်း ပြောနေပါတယ်။

442

မိန့်ခွန်းမဆုံးခင်မှာ မိုးလေးတွေတဖွဲဖွဲရွာလာတဲ့အတွက်

ဘွဲ့ဝတ်စုံဆင်မြန်းထားတဲ့ ကလေးတွေ ထီးတွေ အမြန်ဖွင့်လိုက်ကြပါတယ်။

တဖြည်းဖြည်းသည်းလာတဲ့မိုးကြောင့် ကျောင်းအုပ်ကြီးလည်း

မိန့်ခွန်းအမြန်လက်စသတ်လိုက်တယ်ဆိုရင်ပဲ

ဘွဲ့ဦးထုပ်တွေလေပေါ်ပစ်မြှောက်လိုက်တာနဲ့အတူ မုန်တိုင်း အရေးပေါ်အချက်ပေး

ဥသြသံက ဆူညံစွာထွက်ပေါ်လာတယ်။

 

ဒုကျောင်းအုပ် ဂယ်ရီဖူလ်လာ (Gary Fuller) နဲ့ အုပ်ချုပ်သူတွေက ကလေးတွေကို

အဆောက်အအုံထဲ အမြန်ပြေးဝင်ဖို့ အော်ဟစ်နေကြတယ်။

ကျောင်းထဲရောက်တာနဲ့ ကလေးတွေကို နံရံတဖက်တစ်ချက်စီမှာ

ဝပ်နေကြဖို့ညွန်ကြားနေတုန်း သစ်ပင်ကြီးတစ်ပင် ကျောင်းမှန်တံခါးကိုခွဲပြီး ဝုန်းဆို ဝင်လာပါတယ်။

ကျောင်းထဲက ပစ္စည်းတွေ စာရွက်တွေလည်း

အရှိန်ပြင်းလွန်းတဲ့လေကြောင့် တံခါးဆီလွင့်ကုန်တယ်။

အကာအကွယ်ယူပြီး ဝပ်နေကြဖို့ ဂယ်ရီ အတင်းအော်ပြီးသတိပေးပေမယ့်

နောက်ကျသွားခဲ့ပြီး ကျောင်းရဲ့ခေါင်းမိုးတွေပြိုကျကာ

ကျောင်းသားတွေလည်းလေပြင်းနဲ့အတူ တံခါးဝဆီတရွတ်တိုက်ပါသွားကြသည်။

မုန်တိုင်းစဲသွားလို့ ဂယ်ရီ ကျောင်းအပြင်ကိုထွက်ကြည့်လိုက်တဲ့အခါမှာတော့

ပတ်ဝန်းကျင်တစ်ခုလုံး ကမ္ဘာပျက်သည့်အလား

အပျက်အဆီးများဖြင့်သာပြည့်နှက်နေတာကို တွေ့လိုက်ရသည်။

 

တချိန်ထဲမှာပဲ မုန်တိုင်းမှတ်တမ်းတင်တဲ့အဖွဲ့ တစ်ဖွဲ့ဖြစ်တဲ့

ပိ(ထ်) (Pete) နဲ့ အယ်(လ)ဆင် (Allison) တို့ခေါင်းဆောင်တဲ့အဖွဲ့ကလည်း

မိုးလေဝသ သတင်းတွေကတဆင့်ခြေရာခံကာ တော်နေးတိုး (tornado) မုန်တိုင်းတိုက်ခတ်မယ်လို့

ခန့်မှန်းရတဲ့ အဲ့ဒီမြို့ကိုရောက်နေကြပါတယ်။

 

သူတို့အဖွဲ့နဲ့အတူ အပြင်းဆုံးမုန်တိုင်းတစ်ခုအတွင်းမှာတောင်

မုန်တိုင်းမျက်စိကို အမိအရမှတ်တမ်းတင်ဖို့ သေချာတည်ဆောက်ထားတဲ့

တိုက်တပ်(စ်) (Titus) လို့ခေါ်တဲ့ သံချပ်ကာယဉ်တစ်စီးလဲပါလာပါတယ်။

မုန်တိုင်းရှိရမယ်လို့ သေချာတဲ့တွက်ကိန်းနဲ့ရောက်နေကြတဲ့ ပိ(ထ်)နဲ့အဖွဲ့က

ကွန်ပျူတာမှာ လေပြင်း မုန်တိုင်းအချက်ပြနေရာကနေ

မိုးကြိုးမုန်တိုင်းငယ်အဖြစ် ပြောင်းသွားတဲ့အတွက် စိတ်ညစ်နေရာ

သူတို့တည်းခိုရာ ဟိုတယ်ခေါင်မိုးပေါ်ကို လက်သီးဆုပ်ခန့်ရှိတဲ့မိုးသီးတွေ

ကြွေကျလာပါတော့တယ်။

 

အဲ့ဒီနောက်မှာတော့ သူတို့စောင့်စားနေတဲ့ တော်နေဒိုး

မုန်တိုင်းကိုလည်းမျက်ဝါးထင်ထင်တွေ့မြင်ရပါတော့တယ်။

တိုက်တပ်(စ်)ကို သေချာခြေကုတ်ယူကာ မုန်တိုင်းဗဟိုကိုမှတ်တမ်းတင်ဖို့

စောင့်ဆိုင်းနေပေမယ့် မုန်တိုင်းက လမ်းကြောင်းသွေဖယ်ကာ

မြို့ရဲ့ အထက်တန်းကျောင်းတည်ရှိရာကို ဦးတည်သွားပါတော့တယ်။

 

မုန်တိုင်းကြီးတိုက်ခတ်နေစဉ်အတွင်း သူတို့အတွက် ပုန်းခိုရာ နေရာရှာတွေ့ပါ့မလား။

 

မြို့သူမြို့သားတွေအပါအဝင် ဂယ်ရီ တို့သားအဖသုံးယောက်နဲ့

အယ်(လ)ဆင်တို့အားလုံး အသက်ရှင်နိုင်ပါ့မလား။

 

မုန်တိုင်းဗဟိုကို မှတ်တမ်းတင်ရိုက်ကူးဖို့ တိုက်တပ်(စ်)ကို

 

၁၀နှစ်ကျော်ကြာအောင် တည်ဆောက်ရင်း စောင့်နေခဲ့ရတဲ့ ပိ(ထ်)ကရော

 

သူ့ရည်မှန်းချက်ကို အကောင်အထည်ဖော်နိုင်ပါ့မလား စတဲ့ စတဲ့

 

ဇာတ်သိမ်းခန်းကိုတော့ စာဖတ်သူကိုယ်တိုင် ခံစားကြည့်ရှုနိုင်ဖို့ ချန်ထားလိုက်ပါတယ်။

 

အထူးပြုလုပ်ချက်တွေနဲ့ မွမ်းမံကာ ယုတ္တိမဲ့အောင်ရိုက်ကူးထားသည်ဟု မည်သို့ပင်ဆိုစေ

လူသားတွေ တကယ်ကြုံတွေ့ခံစားရသည့် သဘာဝဘေးအန္တရယ်

အကြောင်းရိုက်ကူးထားသောကြောင့် အချို့ဇာတ်ဝင်ခန်းတွေမှာ

အသက်ပင်မရှုရဲလောက်အောင်ထိတ်လန့်တဲ့ ခံစားချက်မျိုးပေးစွမ်းနိုင်တဲ့ရုပ်ရှင်ပါပဲ။

 

ဥပမာ- မုန်တိုင်းလေပွေက အတင်းစုပ်ယူနေတဲ့ ကားရဲ့တံခါးကိုအတင်းဖက်တွယ်ကာ

လေပွေထဲပါလုဆဲဆဲ ဖြစ်နေတဲ့ အယ်(လ)ဆင်ကို ဂယ်ရီကအတင်းပြန်ဆွဲယူတဲ့အခန်း

(မုန်တိုင်းထဲပါခါနီးမှာ မုန်တိုင်းကချက်ချင်းရပ်သွားတဲ့အတွက်

နှစ်ယောက်လုံး မြေကြီးပေါ်ပြုတ်ကျကာ သီသီလေးလွတ်သွားတာကိုရှုစားရမှာပါ)၊

မီးလောင်နေတဲ့ ဓါတ်ဆီဘောက်ဆာကားကြီးကို စုပ်ယူသွားတဲ့

လေပွေကြီးက မီးလေပွေကြီးဖြစ်သွားပြီး ကင်မရာမန်းကို မုန်တိုင်းဝဲကတော့ထဲ

စုပ်ယူသွားတဲ့ဇာတ်ဝင်ခန်း၊ အပြင်းထန်ဆုံးတိုက်ခတ်ပြီး မုန်တိုင်းကြီးငြိမ်သွားတဲ့အခါ

အယ်(လ)ဆင်က မုန်တိုင်းပြီးသွားပြီလားလို့မေးတော့

ပိ(ထ်)က ဟင့်အင်း၊ အခုက မုန်တိုင်းဗဟိုချက်ကိုရောက်သွားလို့ ခဏငြိမ်သွားတာ၊ အဆိုးဆုံးအဆင့်က

မရောက်သေးဖူးလို့ပြန်ဖြေတဲ့စကားအဆုံး ကြားလိုက်ရတဲ့

မုန်တိုင်းတိုက်သံနဲ့အတူ ကြောက်မက်ဖွယ် မုန်တိုင်းမြင်ကွင်း၊ မုန်တိုင်းထဲ

ရဲရဲကြီးတိုးဝင်သွားတဲ့ ပိ(ထ်) နဲ့ သူ့ရဲ့ တိုက်တပ်(စ်)ယာဉ်ရဲ့ ဇာတ်သိမ်းခန်း

စတဲ့ဇာတ်ဝင်ခန်းတွေကြောင့် ရင်သပ်ရှုမောဖွယ် ရသကိုခံစားရမှာပါ။

 

(ဇာတ်ကားထဲမှာ ကိုယ်ချင်းမစာနိုင်တဲ့ ဇာတ်ဝင်ခန်းတွေကတော့

မုန်တိုင်းဒီလောက်ပြင်းနေတာတောင် သူတို့ဖုန်းတွေလိုင်းမိနေကြတဲ့အခန်းတွေပါ)

 

ဒီဇာတ်လမ်းကို ကြည့်ပြီးတဲ့ အမေရိကန်ပြည်သားတစ်ချို့ကတော့

သူတို့နိုင်ငံမှာ ဗုံးခိုကျင်းတွေထက် မုန်တိုင်းဒဏ်ခံနိုင်မယ့် အဆောက်အအုံတွေသာ

ရှိစေချင်တော့ကြောင်း မှတ်ချက်ပေးခဲ့ကြပါတယ်။

 

(ဇာတ်လမ်းအညွန်းကို Movie Guideမှ ကူးယူးဖော်ပြ ထားတာဖြစ်ပါတယ်)

 

File size…    4.5 GB / 2 GB / 976 MB
Quality… Web-Rip 4K / 1080p / 720p
Format… mp4
Duration…. 1h 29m
Genre ….. Action/Thriller
Subtitle…. Myanmar Subtitle (Hard Sub)
Encoder…. Thit San Khant



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Budget
USD $50 000 000,00
Revenue
USD $160 600 000,00
Popularity
43.708
Status
Released
ID IMDb.com
tt2106361
IMDB Rating
5.8
ID Themoviedb.org
216282
TMDb Rating
6.051
TMDb votes
1978