Exit print mode Print Data A+ A- Undo all

Innocence ( 2020 )

Innocence ( 2020 )Innocence ( 2020 )

Synopsis:

ဒီဇာတ်ကားက ၂၀၁၉ခုနှစ်ကထွက်ရှိထားတဲ့ ရှေ့နေတစ်ယောက်အကြောင်းရိုက်ကူးထားတဲ့

Drama ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပြီး Angel’s Last Mission ထဲကမင်းသမီး

442

Shin Hye-sun ကအဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။

ဇာတ်လမ်းအကျဉ်းကတော့ ရွာတစ်ရွာရဲ့ အသုဘတစ်ခုမှာ အသုဘပွဲ

လာတဲ့သူတွေကိုအရက်နဲ့ဧည့်ခံရင်းကနေ လူသတ်မှုတစ်ခုဖြစ်ပွားခဲ့ပါတယ်။

ပိုးသတ်ဆေးကိုအရက်ထဲ ထည့်တိုက်လို့လူလေးယောက်သေဆုံးပြီး နှစ်ယောက်က

ဆေးရုံတင်လိုက်ရပါတယ်။ဒီအမှုကအဲ့ရွာမှာ ဟိုးလေးတကြော်ဖြစ်သွားပြီး

အဲ့ဒီအသုဘအိမ်ကတာဝန်ရှိသူ အိမ်ရှင်အဒေါ်ကြီးကို အရက်ထဲ

ပိုးသတ်ဆေး ခတ်ပါတယ်ဆိုပြီးရဲတွေကဖမ်းဆီးခဲ့ပါတယ်။ဒီအမှုကို

တီဗီကနေကြားသိလိုက်ရတဲ့ အန်းဂျောင်းအင်းဆိုတဲ့ ရှေ့နေမလေးကလည်

း ဒီအမှုနဲ့ပတ်သက်ဖို့ဖြစ်လာခဲ့ပါတယ်။အန်းဂျောင်းအင်းဆိုတာ

ဆိုးလ်မြို့မှာ နာမည်ရ အလွန်တော် ထက်မြက်တဲ့ရှေ့နေတစ်ယောက်ပါ။

သူကိုယ်တိုင် ဒီအမှုကိုလိုက်ဖို့ဘယ်လိုပါဝင်ဖြစ်တယ်ဆိုတာ ကတော့

ဒီဇာတ်လမ်းရဲ့မြုှပ်ကွက်ပဲဖြစ်ပါတယ်။ဒီအမှုကလည်းအများထင်ထားသလို

ရိုးရှင်းတဲ့အမှု တစ်ခုလား ဒါမှမဟုတ်နောက်ကွယ်မှာဘာတွေရှိနေသေးလဲဆိုတာကတော့

ဇာတ်ကားကိုကြည့်ပြီးအဖြေရှာစေချင်ပါတယ်။ ခြုံပြောရရင် ဇာတ်လမ်းဇာတ်ကွက်ကောင်းပြီ

း အချိန်ပေးကြည့်ရတာတန်မယ့်အကျိုးရှိမယ့် ဇာတ်ကားကောင်းတစ်ကားလည်းဖြစ်ပါတယ်။

လူတွေရဲ့စရိုက်၊လောဘစိတ်၊အတ္တစိတ်တွေကိုလည်းပေါ်လွင်အောင်ရိုက်ပြထားပြီး

အမှန်တရားဆိုတာ ဘယ်လောက်ဖုံးကွယ်ထားပါစေ တစ်ချိန်မှာပေါ်ပေါက်လာနိုင်တယ်

ဆိုတဲ့သင်ခန်းစာကိုလည်းပေးထားပါတယ်။သရုပ်ဆောင်တွေကလည်း

တကယ်သရုပ်ဆောင်ကောင်းသလို တရားရေးဥပဒေနဲ့ပတ်သက်ပြီ

းစိတ်ဝင်စားတဲ့သူတွေအတွက် ကြည့်သင့်တဲ့ကားကောင်းတစ်ကားဖြစ်တယ်လို့ ညွှန်းဆိုပေးချင်ပါတယ်။

Translated & Review By Moe Pwint

Encoded By LK



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Original title
Gyul-Baek
Director
Park Sang-hyun
Stars
Bae Jong-ok, Cha Soon-bae, Hong Kyung, Huh Joon-ho, Jung In-gyeom, Kim Su-hyeon, Ko Chang-seok, Park Chul-min, Shin Hye-sun, Tae Hang-ho
Release Date
10 June 2020
Runtime
1hr 50min
Country
South Korean
Popularity
4.259
Status
Released
ID IMDb.com
tt12515958
IMDB Rating
6.5
IMDB votes
88
ID Themoviedb.org
602296
TMDb Rating
6.8
TMDb votes
4