IMDb 6.9/10
Genre Action/Adventure/Biography
ဒီဇာတ်လမ်းကတော့ Moby Dick ဝတ္ထုကိုအခြေခံပြီးတော့ ရုပ်ရှင်အနေနဲ့ ပြန်လည်ရိုက်ကူးထားတဲ့
ဇာတ်လမ်းကောင်းတစ်ခုပဲဖြစ်ပါတယ်။ မင်းသား Chris Hemsworth, Tom Odell,
Benjamin Walker နဲ့ Cillian Murphy တို့ပါဝင်သရုပ်ဆောင်ထားပါတယ်။
ဇာတ်လမ်းအကျဥ်းချုပ်အနေနဲ့ကတော့
တွင်းထွက်လောင်စာဆီတွေ မပေါ်သေးတဲ့ ၁၉ ရာစုအစောပိုင်း နန်တူကတ်မြို့ကို
အခြေခံထားပြီးတော့ ဒီကာလမှာ လောင်စာဆီအနေနဲ့ ဝေလငါးအဆီကို အသုံးပြုကြပါတယ်။
အဲဒီအချိန်မှာ အက်ဆက်ဝေလငါးဖမ်းသင်္ဘောကြီးနဲ့အတူ ဝေလငါးဖမ်းဖို့
သင်္ဘောသားတစ်စုထွက်လာကြပါတယ်။
ဒီသင်္ဘောကြီးကို ကပ္ပတိန် ဂျော့ ပေါလတ်နဲ့အတူ အိုဝင်ချေ့စ်ဆိုတဲ့ လက်ထောက်ကပ္ပတိန်တို့က
ဦးစီးပြီးတော့ ရွက်လွှင့်လာခဲ့ကြပါတယ်။ ဂျော့ပေါလတ်ဆိုတာကတော့ ဝေလငါးလောင်စာဆီ ကုမ္ပဏီက
သူဌေးသားဖြစ်ပြီးတော့ အိုဝင်ချေ့စ်ဆိုတာကတော့ နန်တူကတ်မြို့ရဲ့ ငယ်မွေးခြံပေါက် ဝေလငါးဖမ်းသမားပေါ့။
အဲဒီလိုနဲ့ ပေါလတ်နဲ့ဂျော့တို့က မာနချင်းပြိုင်ပြီးတော့ ခရီးဆက်လာကြပါတယ်။
ဒီလိုနဲ့ ပထမဆုံးသူတို့ရဲ့ ဝေလငါးတစ်ကောင်ကို အောင်အောင်အောင်မြင်မြင် ဖမ်းနိုင်ခဲ့ပြီးတဲ့နောက်မှာ
နောက်ထပ်ဝေလငါးတွေ ထပ်မတွေ့တော့ဘဲ တော်တော်ကြာကြာရွက်လွှင့်ခဲ့ကြရပါတယ်။
ကျွန်းတစ်ကျွန်းကိုရောက်တော့ ရိက္ခာထပ်ဖြည့်ရင်း သင်္ဘောသားတစ်ယောက်ဆီကနေပြီးတော့
ဝေလငါးကြီးတစ်ကောင်ရဲ့ သတင်းကို ကြားပြီးတော့ ဒီဝေလငါးကြီးနောက်ကို
လိုက်မယ်ဆိုပြီး ဆုံးဖြတ်လိုက်ကြပါတော့တယ်။
ရက်တော်တော်ကြာအောင် ရွက်လွှင့်လာပြီးတဲ့နောက်မှာ ဒီဝေလငါးကြီးနဲ့တွေ့ပါပြီ။
အိုဝင်ချေ့စ်တို့ သင်္ဘောသားအုပ်စုနဲ့ ဝေလငါးကြီးတို့ အားပြိုင်ကြရင်းနဲ့
ငါးဖမ်းလှေကြီးပါ နစ်မြုပ်သွားခဲ့ပါတယ်။
အဲဒီနောက်မှာ အီုဝင်ချေ့စ်တို့ သင်္ဘောသားတွေအကုန်လုံးလှေငယ်လေးတွေနဲ့ ပင်လယ်ပြင်မှာ
အိမ်အပြန်လမ်းကို ရှာကြရပါတော့တယ်။ အစာရေစာမလုံလောက်ဘဲနဲ့ ခက်ခက်ခဲခဲ ပင်လယ်ထဲမှာ
ဘယ်လိုအခက်အခဲတွေကို ရင်ဆိုင်ရမလဲ နန်တူကတ်မြို့ကို ဘယ်သူတွေပြန်ရောက်လာမလဲ
ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကို ဒီအဖြစ်အပျက်အစအဆုံးကို ကြုံတွေ့ခဲ့ရတဲ့ နစ်ကာဆင်ဆိုတဲ့
ကောင်လေးတစ်ယောက်ရဲ့ ရှုထောင့်ကနေ တင်ဆက်ပြသထားပါတယ်။
ဒီဇာတ်ကားထဲမှာ အိုဝင်ချေ့စ်အနေနဲ့ Chris Hemsworth,
ကပ္ပတိန် ဂျော့ပေါလတ်အနေနဲ့ Benjamin Walker နဲ့
နစ်ကာဆင်ဆိုတဲ့ သင်္ဘောသားလေးအနေနဲ့ Tom Odell တို့က သရုပ်ဆောင်ထားပါတယ်။
File size… 8.8 GB / 3.7 GB / 1.7 GB
Quality… BluRay 4K / 1080p / 720p
Format… mp4
Duration…. 2h 2m
Genre ….. Action/Adventure/Biography
Subtitle…. Myanmar Subtitle (Hard Sub)
Encoder…. Thit San Khant
Translated by Shwe Yee Oo
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။