Imaikkaa Nodigal (2018)


Synopsis:
ရဲနဲ့ ရာဇဝတ်ကောင်နဲ့ကြား ဉာဏ်ကစားတဲ့
စုံထောက်ကားကောင်းကြိုက်သူ ပရိတ်သတ်တွေအတွက်
ဂျင်းမဟုတ်တဲ့ အမှန်အကန်ကားပါ plot twist တွေ
အများကြီးနဲ့ကြည့်နေရင်း ဟာတွေ ဟင်တွေ ဟုတ်တယ်ဟတွေ
ဘာတွေ ညာတွေ ဖြစ်ကုန်မယ် ဒီဇာတ်လမ်း ဟာ
ဖြစ်ရပ်နှစ်ခုကို အခြေခံထားပါတယ်
ရူဒရာဆိုတဲ့ လူသတ်သမားဟာ လူသုံးယောက်ကိုပြန်ပေးဆွဲတယ်
ငွေသန်း၂၀ ဆီတောင်းပြီး ငွေရပြီးတာနဲ့ ပြန်ပေးဆွဲခံထားရသူတွေကို
သွေးကြောတွေဖြတ် သွေးထွက်လွန်ပြီး သေအောင်သတ်တယ်
အလောင်းတွေကို မိဘတွေဆီပြန်ပို့ ခဲ့ပါတယ်
ဒီအမှုကို အန်ဂျလီ လို့ခေါ်တဲ့ CBI အရာရှိတစ်ယောက်ကဖော်ထုတ်ခဲ့ပြီး
ရူဒရာကို အသေပစ်ခတ် ဖမ်းဆီးနိုင်ခဲ့ပါတယ်
ဒါကတစ်ပိုင်း ဒီလိုနဲ့နောက် ငါးနှစ်ကြာတဲ့အခါ ရူဒရာ
နံမည် နဲ့ပုံစံတူ လူသတ်မှုတွေ ထပ်ဖြစ်လာပြန်ပါတယ်
ဒီအခါမှာလည်း အန်ဂျလီ ဦးဆောင်ပြီး ရူဒရာ ဆိုသူကို
ဖမ်းဖို့ကြိုးစားခဲ့ပေမယ့် ဒီတစ်ခေါက် ရူဒရာ ဟာအရမ်းဉာဏ်များပြီး
စေ့စပ်သေချာလွန်းတဲ့အစီအစဉ်တွေကြောင့်
ဖမ်းဖို့ကြိုးစားတိုင်း ရဲတွေ အရူးလုပ်ခံရပြီး
မီဒီယာတွေရှေ့မှာ အရှက်ကွဲရပါတော့တယ်
ဒီလို ဉာဏ်များလွန်းတဲ့ ရူဒရာ ကို ဘယ်လိုဖမ်းမလဲ
ရူဒရာက ရဲတွေကိုဘယ်လိုတစ်ပါတ်ရိုက်လဲ
ရူဒရာဆိုတာ.ဘယ်သူလဲ လွန်ခဲ့တဲ့ ငါးနှစ်က ရူဒရာ နဲ့
အတူတူပဲလား ဆိုတာတွေကို
ဒီဇာတ်ကားထဲမှာ စိတ်ဝင်စားဖွယ်ကြည့်ရမှာပါ
………………………………………………………….
ဇာတ်လမ်းက BBC Sherlock ရဲ့ Richenbech Fall နဲ့နဲနဲ
ဆင်တာလေးတွေရှိတယ်
(ကော်ပီလို့ပြောတာမဟုတ် မတူပါ)
ပြီးတော့ မှာချင်တာက သီချင်းသံကြားတာနဲ့ ရစ်တာမျိုး
မလုပ်ပါနဲ့ သီချင်းတိုတိုလေးတွေပါ
ကြားထဲကအရေးကြီးတဲ့
ဇာတ်ကွက်လေးတွေ လွတ်သွားမှာစိုးလို့ပါ
ရုပ်ရှင်ကားကို Chanyein Soe မှ ဘာသာပြန်ပေးထားပြီး
အညွှန်းကိုလဲ ကိုယ်တိုင်ရေးပေးထားပါတယ်
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။