Imagine That (2009)
What if your daughter's imagination... Was the secret to your success?

Synopsis:
Imagine That ဆိုတာ ၂၀၀၉ ခုနှစ်က ထွက်ရှိခဲ့တဲ့ နာမည်ကျော်
သရုပ်ဆောင် Eddie Murphy ရဲ့ မိသားစု ဟာသဇာတ်ကားကောင်းလေး
တစ်ခုပဲ ဖြစ်ပါတယ်
ဟာသဆိုပေမဲ့ ရယ်ရဖို့သက်သက်လည်း မဟုတ်ဘဲ မိသားစုတွေကြားမှာ
ဖြစ်ပျက်တတ်တာလေးတွေကိုပါ ထည့်ရိုက်ထားတာမို့ရော ပုံမှန်မဟုတ်တဲ့
fantasy စိတ်ကူးလေးတွေ နည်းနည်းပါတာရောကြောင့် စိတ်ဝင်စားပြီး
ကြည့်လို့ကောင်းမှာ အသေအချာပါပဲ.
ဇာတ်လမ်းကိုကို အမြည်းကျွေးရမယ်ဆိုရင်ရင် Evan လို့ခေါ်တဲ့ Eddie Murphy
သရုပ်ဆောင်တဲ့ character ဟာ သူတို့ အမေရိကန်နိုင်ငံမှာ ထူးချွန်တဲ့
စတော့ရှယ်ယာဝယ်ရောင်းသမား တစ်ယောက်ဖြစ်ပါတယ်။ သူ့မိန်းမနဲ့
ကွဲနေပြီ Olivia လို့ခေါ်တဲ့ သမီးလေးတစ်ယောက်ရှိပါတယ်။ ဖခင်ဖြစ်ချင်ပေမဲ့
ဖခင်မဖြစ်တတ်တဲ့ Evan တစ်ယောက် သူ့ရဲ့အလုပ်ဘဝနဲ့ ဖခင်ဘဝကြား
ဘယ်လိုချိန်ခွင်လျှာ ညှိမလဲ ပြီးတော့ သူ့သမီးရဲ့ ကလေးသဘာဝအဖော်
စောင်ကလေးက သူ့သမီးပြောသလို အနာဂတ်ကိုကြိုမြင်နိုင်တဲ့အစွမ်းရှိနေမလား
ရှိနေရင်ရော Evan ဘယ်လိုအသုံးချမှာလဲ အသုံးသတ်မှာ သူ့အနေနဲ့
ဖခင်ကောင်းတစ်ယောက် ဖြစ်သွားနိုင်ပါ့မလား စတာတွေကို ဒီရုပ်ရှင်
ဇာတ်ကားတစ်လျှောက်လုံး စိတ်ဝင်စားဖွယ်ကောင်းအောင် ရိုက်ပြထားတာမို့
ကြည့်ဖြစ်အောင် ကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်…
File size…1.72 GB / 748MB
Quality…Blu-Ray 1080p 5.1CH/ 720p
Format…mp4
Duration….1h 47m
Genre ….. Comedy , Drama , Family
Subtitle….Myanmar Subtitle (Hard Sub)
Encoder….Min Wai
Translated by Lin Aung
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။