Il Mare (2000)
Love that resides in one place at two different times.

Synopsis:
Il Mare (2000)
့” ငါတို့ခံစားနေရတဲ့ အကြောင်းရင်းက အချစ်တွေရပ်တန့်သွားလို့ မဟုတ်ဘူး ၊ ဆက်ချစ်နေသေးလို့ပဲ ”
—————
Kim Eun Joo ဆိုတဲ့ အသံသရုပ်ဆောင်တစ်ယောက်ဟာ Il Mare ကနေပြောင်းတော့ စာတိုက်ပုံးထဲမှာ စာလေးတစ်စောင် ချန်ထားခဲ့တယ် ။
” ကျွန်မက ဒီအိမ်မှာ ရှင့်အရင် နေခဲ့တဲ့သူပါ ၊ အမှန်တကယ်တော့ ကျွန်မရှင့်ကို အကူအညီတောင်းမလို့ပါ ၊ ကျွန်မ စာအချို့ကိုမျှော်နေတာပါ ၊ ကျွန်မနာမည်နဲ့ စာအချို့ရောက်လာရင် ဒီလိပ်စာအတိုင်း ကျွန်မဆီကို ပို့ပေးနိုင်မလားရှင့် ၊ အဲလိုလုပ်ပေးမယ်ဆိုရင် ကျွန်မအမှန်တကယ်ကို ကျေးဇူးတင်မိမှာပါ ”
December 21, 1999
‘Il Mare’ မှာကံကောင်းပါစေလို့ ဆန္ဒပြုလျက်
Kim Eun Joo
( ခွေးကလေးရဲ့ ခြေရာတွေက ကျွန်မ ပြောင်းမလာခင်ကတည်းက ရှိနေတာပါ ၊ ကျွန်မကြိုးစားဖျက်ကြည့်ပါေ
—————
Han Seung Hyun ဟာ Il Mare ကိုပြောင်းလာပြီးနောက် အထက်ကစာကလေးကိုရခဲ့တယ် ။ ခွေးခြေရာလည်း အိမ်မှာရှာမတွေ့ခဲ့ပါဘူး ။ စတိုးဆိုင်ကိုမေးကြည့်တော့လ
Kim Eun Joo ဟာ Il Mare နားက စတိုးဆိုင်ကိုရောက်တော့ Ilm Mare မှာ လူသစ်ပြောင်းလာမလာမေးကြည့်ေ
—————
” မင်းအနေနဲ့ အရေးကြီးတဲ့စာကို မျှော်နေတယ်ဆိုရင်တော့ ဒီစာဟာ အရေးကြီးတဲ့စာဆိုတာကို အရင်ဦးဆုံးသတိပေးပါရစေ ၊ ကျွန်တော်က ဒီအိမ်မှာ ပထမဆုံးနေတဲ့သူပါ ၊ ကျွန်တော့်အထင် မင်းလိပ်စာမှားနေတယ်လို့ ထင်တယ် ၊ မင်းအနေနဲ့ လိပ်စာကို ထပ်စစ်သင့်တယ် ”
မင်းအတွက် အရေးကြီးတဲ့ စာတစ်စောင်ဖြစ်မယ်လို့ မျှော်လင့်လျှက်
December 28, 1997
Han Seung Hyun
( စာကြွင်း – ဒီအိမ်ကို ‘ Il Mare ‘ လို့ခေါ်မှန်း ဘယ်လိုသိတာလဲ )
————–
1999 က Kim Eun Joo ရဲ့စာဟာ 1997 က Han Seung Hyun ဆီကို ရောက်ရှိလာခဲ့ပါတယ် ။ ဒီလိုနဲ့သူတို့နှစ်ယောက်ဟာ စာတွေအပြန်အလှန်ပေးပို့ဖြစ်
————————–
2000 ခုနှစ်ကထွက်ရှိခဲ့တဲ့ ဒီဇာတ်ကားမှာတော့ Jun Ji-hyun နဲ့ Lee Jung-jae တို့ အဓိကပါဝင်ထားပါတယ် ။ ဒီဇာတ်ကားဟာ အောင်မြင်ခဲ့ပြီး Hollywood ကပါ The Lake House ဆိုပြီး ပြန်လည်ရိုက်ကူးခဲ့ပါသေးတယ်
Keanu Reeves နဲ့ Sandra Bullock တို့ ပါဝင်ထားပါတယ် ။
IMDB – 7.7/10
(ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်တင်ဆက်ထားသူကတော့ Htoo Htoo Zaw ဖြစ်ပါတယ်။)
File size…(999 MB) and (450 MB)
Quality…Blu-Ray 720p
Format…mp4
Duration….01:45:00
Subtitle….Myanmar Subtitle (Hardsub)
Encoder….Nyeinsaeya Aung
Translated by Htoo Htoo Zaw
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။