Channel Myanmar

အန်တွန်နဲ့မာဂါတိုက သဘောထားမတိုက်ဆိုင်မှုတွေကြောင့် ကာလရှည်သီးခြားနေထိုင်ခဲ့ပြီး အခုချိန်မှာတော့ မာဂါက ကွာရှင်းမှုကို
တရားဝင်ဖြစ်စေဖို ရှေ့နေနဲ့တိုင်ပင်ပြီး စာရွက်စာတမ်းတွေလည်းပြင်ဆင်ထားပြီးပါပြီ။ ကွာရှင်းစာချုပ်မှာလက်မှတ်ထိုးဖိုအန်တွန်ကို
ဆက်သွယ်လိုက်တဲ့အချိန်မှာ အန်တွန်က သူ့မှာရောဂါဆိုးတစ်ခုကြောင့် လအနည်းငယ်သာအချိန်ကျန်တော့ကြောင်းနဲ့ကျန်ရှိနေသေးတဲ့
နေ့ရက်တွေကို မာဂါနဲ့အတူမိသားစုဘ၀ပြည့်ပြည့်စုံစုံဖြတ်သန်းသွားချင်ကြောင်း တောင်းဆိုလာပါတယ်။
ဒါပေမယ့် အတိတ်ကဖြစ်ရပ်တွေကြောင့် စိတ်အနာကြီးနာနေတဲ့ မာဂါက အန်တွန်ကို တစ်ပတ်တာ ခရီးစဉ်တစ်ခုသာလိုက်လျောခဲ့ပြီး
အဲ့ဒီခရီးစဉ်ကပြန်လာတဲ့အချိန်မှာတော့ ကွာရှင်းစာချုပ်မှာလက်မှတ်ထိုးပေးရမယ်လိုဆိုလာပါတယ်။

442

အဲ့ဒီခရီးစဉ်က သူတိုရဲ့ အချစ်တွေကို တဖန်ပြန်လည်နိုးထလာစေမလား၊ ဒါမှမဟုတ် အတိတ်ကဒဏ်ရာတွေပဲ အုံကြွစရာဖြစ်လာမလားဆိုတာကို ဆက်လက်ရှုစားကြပါ။
ဒီဇာတ်ကားမှာတော့ မတူညီတဲ့အခြေအနေတွေကိုရင်ဆိုင်ဖြတ်သန်းနေရတဲ့ စုံတွဲသုံးတွဲ၊ ဇာတ်လမ်းသုံးခုကို
တွေ့မြင်ရမှာဖြစ်ပါတယ်။အစပိုင်းမှာ သီးခြားဇာတ်ကောင်တွေလိုထင်နေရပေမယ့် တစ်ဖြည်းဖြည်းနဲ့ဇာတ်ရှိန်မြင့်လာတဲ့အခါ
သူတိုချင်းရဲ့ဆက်နွယ်မှုတွေအချိတ်အဆက်တွေကိုတွေ့မြင်လာရမှာပါ။ ချစ်စရာ၊ကြည်နူးစရာ ဇာတ်လမ်းကောင်းလေးတစ်ခုပါပဲ။

( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ alias ပါ )

File size_(1.3GB)/(700MB)
Quality_Blu-Ray 1080p / 720p
Format_mp4
Duration_01:30:00
Genre_Drama
Subtitle_Myanmar Subtitle (Hardsub)
Encoder_a hao
Translated by ‌alias



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Ikaw At Ako (2023)


No downloads available

Genres



Related movies