Ice Age: Collision Course (2016)
One small step. One giant mess.

Synopsis:
ဒီဇာတ်ကားက Ice age franchiseရဲ့ ပဥ္ဇမဇာတ်ကား ဖြစ်သလို
နောက်ဆုံးဇာတ်ကားလည်း ဖြစ်ပြီး ၂၀၁၆နှစ်မှာ ထွက်ခဲ့ပါတယ်။
ဒီဇာတ်ကားရဲ့ အဓိကလက်သည်ကလည်း ထုံးစံအတိုင်း ရှဉ့်လေး
ဖြစ်ခဲ့ပြီး ဝက်သစ်ချသီးကို လိုက်ဖမ်းရင်း ပန်းကန်ပြားပျံတစ်စင်း
တွေ့ကာ အာကာသထဲရောက်သွားရမှတဆင့် ဒီဇာတ်လမ်း စခဲ့ပါ
တယ်။ သူ့ရဲ့ဂယက်တွေကြောင့်ပဲ ကမ္ဘာပေါ်ကို ဥက္ကာခဲကြီးတစ်ခု
ပြုတ်ကျလာပြီး အဲဒီဥက္ကာခဲကနေတဆင့် နောက်ထပ်ဥက္ကာခဲတွေ
တစ်လုံးပြီး တစ်လုံး ဆင့်ကျလာရင်း ကမ္ဘာပျက်မယ့်အရေးအထိ
ကြုံလာရပါတော့တယ်။
ဒါကြောင့် မန်နီ ဆစ် ဒီယေဂိုတို့ သူငယ်ချင်းတွေနဲ့ မိသားစုဝင်တွေ
Ice Age 3မှာ ပါဝင်ခဲ့တဲ့ ဘက်ခ်တို့ပါ ပြန်လည်ပါဝင်လာပြီး ကမ္ဘာ
ပျက်မယ့်အရေးကို ကာကွယ်ဖို့ ဖြစ်လာပါတယ်။ တစ်ဖက်မှာလည်း
မန်နီရဲ့သမီးလေးပိချက်စ်မှာ ချစ်ရတဲ့သူရှိလာပြီး တစ်အိုးတစ်အိမ်
ထူထောင်ဖို့ ကြိုးစားလာတာကြောင့် သမီးကို တုန်နေအောင်ချစ်တဲ့
ဆင်ကြီးမန်နီခမျာ သမီးကိုလက်မလွှတ်နိုင်၊ နှမြောလည်းနှမြောပြီး
သမီးဖြစ်သူရဲ့ ချစ်သူ သမက်လောင်းကို ဘုကလန့်တိုက်ပုံတွေက
အတော်လေးရယ်ရပါတယ်။ ငယ်စဉ်ကတည်းက ကြည့်လာခဲ့ရတဲ့
Ice ageဆိုတဲ့အရသာကို sequelတွေရဲ့ထုံးစံအတိုင်း အပြည့်အဝ
မရနိုင်ပေမဲ့ franchiseကြီးတစ်ခုလုံးကို အကောင်းဆုံး ပိတ်သိမ်း
ပေးနိုင်ခဲ့တဲ့၊ ကျွန်တော်တို့ချစ်ခဲ့ရတဲ့ ဇာတ်ကောင်တွေကို မိသားစု
ကိုယ်စီနဲ့ နှုတ်ဆက်နိုင်ခဲ့တဲ့ ဇာတ်လမ်းကောင်း ဖြစ်ခဲ့ပါတယ်။
File size… 6 GB / 2.3 GB / 1.2 GB
Quality… Web-DL 4K HDR / 1080p / 720p
Format… mp4
Duration…. 1h 34m
Genre ….. Animation, Comedy
Subtitle…. Myanmar Subtitle (Hard Sub)
Encoder…. Thit San Khant
Translated by JimX
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။