Channel Myanmar

I Will, Song (2021)

1h 38min DramaFancyMusic

4.2
IMDB: 4.2/10 25 votes

South Korea

426954

Report error

I Will Song (2021)

442

ဘဝမှာဖြစ်ချင်တာတွေ မဖြစ်ရတော့ရင် …..
မမျှော်လင့်ထားတာတွေ ဖြစ်လာခဲ့ရင် ဘယ်လိုရင်ဆိုင်ကြမလဲ?
စိတ်ဓါတ်တွေကျ သတ်သေချင်လောက်တဲ့အထိ ဖြစ်လာရင် ဘယ်လိုအားမွေးကြမလဲ?

အခုလိုအားလုံးစိတ်ဓါတ်ကျ စိတ်ညစ်နေတဲ့အချိန်မှာ
စိတ်အားတက်စေမယ့် စကားတွေ နှလုံးသားကိုနွေးထွေးသွားစေမယ့် အဖြစ်အပျက်တွေနဲ့
စိတ်ညစ်ရင် နားထောင်ဖို့ သံစဉ်ချိုချိုလေးတွေပါတဲ့ အရမ်း ရိုသလို
MyDramaList မှာလည်း 8.5/10 ရထားတဲ့ ငြိမ့်ငြိမ့်ညောင်းညောင်း ဇာတ်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်

ဂျူလိုင် ၁ရက်ကမှ အသစ်စက်စက်ထွက်ထားတဲ့ .ဒီဇာတ်ကားမှာ
Cast တွေအနေနဲ့ အဆိုတော်မလေး မူးဂယော အဖြစ်
နာမည်ကြီး T-Ara အဖွဲ့ဝင် Han Eun Jung က အဓိက Main Role အဖြစ်သရုပ်ဆောင်ထားပြီး
မင်းသားကတော့ ဘာရမ်းအဖြစ် Love With Flaws ထဲက သရုပ်ဆောင် Gu Won ကပါဝင်အားဖြည့်ထားပါတယ်

ဇာတ်လမ်းလေးကအေးသလို ထင်ရပေမယ့်
ကြည့်မိတာနဲ့ သီချင်းလေးတွေနဲ့အတူ ဇာတ်ကားထဲမျောသွားနိုင်မယ့် ဇာတ်လေးပါ စိတ်အားတက်စေမယ့် စကားလေးတွေ နဲ့
နာမည်ကြီး T-ara အဖွဲ့က အွန်းဂျောင်းရဲ့ အသံချိုအေးလေးနဲ့အတူ
အနုအရွသံစဉ်လေးတွေလည်းအများကြီးပါဝင်ပါတယ်

ဇာတ်လမ်းအကျဉ်းကတော့ ….
နယ်မြို့လေးတစ်ခုကနေ ဆိုးလ်ကိုတက်လာတဲ့ မူးဂယောဆိုတဲ့ကောင်မလေးတစ်ယောက်
အသံကောင်းလို့ အဆိုတော်အဖြစ် နာမည်ကြီးအေဂျင်စီတစ်ခုမှာ စာချုပ်ချုပ်ဖို့ဖြစ်လာခဲ့ပေမယ့်
ပြင်းထန်တဲ့လေ့ကျင့်မှုတွေကြောင့် ကံဆိုးစွာပဲ သူမအသံအိုးထိခိုက်ခဲ့ရပါတယ်

သူမရဲ့ မျှော်လင့်ချက်တွေအားလုံး တစ်ချိန်တည်း ရိုက်ချိုးခံလိုက်ရတဲ့အခါ
ဘယ်လိုပြန်ရုန်းထမလဲ ဘယ်လိုအခက်အခဲတွေကိုဖြတ်ကျော်ခဲ့ရလဲဆိုတာ
နမူနာယူစရာ စိတ်အားတက်စရာ ကြည့်ရှုရမှာပါ

သေချာလေးကြည့်သွားရင် စိတ်ထဲမှာတစ်ခုခုကျန်ခဲ့မယ့် ဇာတ်ကားကောင်းလေးဆိုတာတော့ သေချာပေါက်ညွှန်းချင်ပါတယ်

အညွှန်း နဲ့ ဘာသာပြန်ကတော့ Moe Pwint ပဲ ဖြစ်ပါတယ်။

 

File size…1.8 GB and 1 GB and 493 MB
Quality….WEB-DL 1080p and 720p and 480p
Format…mp4
Duration…. 1h 37min
Subtitle….Myanmar Subtitle (Hardsub)
Translator ….. Moe Pwint
Encoder ….. August



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။



No downloads available


Related movies