I Spit on Your Grave: Deja Vu ကတော့ကြားထဲက remake တွေနဲ့မသက်ဆိုင်ပဲ မူလ ၁၉၇၈ ကားကိုပဲ
တိုက်ရိုက်ချိတ်ဆက်ထားပြီး မူလဒါရိုက်တာနဲ့မူရင်းမင်းသမီးတို့ပဲပြန်လည်ပါဝင်ထားတာဖြစ်ပါတယ်။
၁၉၇၈ အဖြစ်အပျက်တွေအပြီး နှစ် ၄၀ အကြာမှာ ဂျနီဖာဟာသူ့ရဲ့ခြောက်ခြားဖွယ်အတွေ့အကြုံတွေကိုစာအုပ်အဖြစ်
ရေးသားထုတ်ဝေခဲ့ရာကနေအောင်မြင်မှုတွေရရှိနေပြီး မုဒိမ်းမှုသားကောင်တွေကိုပညာပေးဆွေးနွေးတာတွေ၊
ဟောပြောပွဲတွေ၊စာအုပ်မိတ်ဆက်ပွဲတွေနဲ့အလုပ်များနေပါတယ်။သူ့သမီးဖြစ်သူခရစ်စတီကတော့ထိပ်သီးမော်ဒယ်
တစ်ဦးအဖြစ်ရပ်တည်နေပြီး မဆုံဖြစ်တာကြာတဲ့အတွက် သားအမိနှစ်ဦးတွေ့ဆုံစကားပြောပြီး စားသောက်ဆိုင်က
အထွက်မှာ နှစ်ဦးလုံးလူတစ်စုရဲ့ပြန်ပေးဆွဲမှုကိုခံခဲ့ရပါတယ်။ အဲ့ဒီလူတွေကတော့ လွန်ခဲ့တဲ့နှစ် ၄၀ က ဂျနီဖာ
သတ်ဖြတ်ခဲ့တဲ့ မုဒိမ်းကောင်တွေရဲ့မျိုးဆက်တွေဖြစ်ပြီး သူတို့ရဲ့အမုန်းအငြိုးတွေနဲ့ကလဲ့စားချေဖို့စောင့်ဆိုင်းနေခဲ့ကြတာပါ။
ဒီတစ်ကြိမ်မှာရော ဂျနီဖာထပ်ပြီးလွတ်မြောက်နိုင်ဦးမလား? သူ့သမီး ခရစ်စတီရော သူ့လိုကြမ္မာဆိုးကြုံတွေ့ရဦးမှာလား
ဆိုတာ ဆက်လက်ရှုစားကြပါ။ ထုံးစံအတိုင်း ဝတ်လစ်စားလစ်ဇာတ်ဝင်ခန်းတွေ၊ကြမ်းတမ်းရက်စက်တဲ့
သတ်ဖြတ်ခန်းတွေနဲ့စကားလုံးကြမ်းကြမ်းတွေ ဖောဖောသီသီပါဝင်ထားပါတယ်။
File size…(3.5 GB )/(1.7 GB)
Quality….BluRay 1080p / 720p
Format…mp4
Duration….02:28:02
Subtitle….Myanmar Subtitle (Hardsub)
Encoder….Ka Naung
Translated by Alias
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။