I, Robot (2004)
Laws are made to be broken.

Synopsis:
AI နည်းပညာကို Phone တွေထဲ ထည့်သွင်းဖို့ ကြိုးစားနေကြတဲ့သတင်း ဖတ်မိတော့
i,Robot ဆိုတဲ့ စိတ်ကူးယဉ်သိပ္ပံဇာတ်ကားလေးကို သွားသတိရမိပါတယ်
ဒီဇာတ်ကားဟာ Artificial Intelligence (ဉာဏ်ရည်တု) နည်းပညာရဲ့
ကောင်းကျိုးဆိုးကျိုးတွေကို ထည့်သွင်းရိုက်ကူးထားတာကြောင့်
ပညာပေးဇာတ်ကားတစ်ကားလို့တောင် ဆိုနိုင်ပါတယ်
i,Robot ကို ဒါရိုက်တာ Alex Proyas ရိုက်ကူးခဲ့ပြီး မင်းသားကြီး Will Smith နဲ့
မင်းသမီး Bridget Moynahan တို့က ဦးဆောင်ပါဝင်ထားပါတယ်
IMDb 7.1 ရရှိထားတာကြောင့် ကြည့်ရှုသင့်တဲ့ဇာတ်ကားကောင်းတစ်ကားဆိုတာ သေချာပါတယ်
ဒီဇာတ်ကားကို ကြည့်ရှုနေစဉ်မှာပင် ဇာတ်ဆောင်တွေ နဲ့ ဇာတ်လမ်းထဲကဇာတ်ရုပ်တွေ
အလွန်လိုက်ဖက်လွန်းတာကို သတိထားမိကြပါလိမ့်မယ်
ဇာတ်လမ်းအကျဉ်း 2035 ခုနှစ် ချီကာဂိုမြို့မှာ ဇာတ်အိမ်တည်ထားပါတယ်
ကမ္ဘာ့အကြီးဆုံး ရိုဘော့ထုတ်လုပ်ရေးကုမ္ပဏီ USR အဆောက်အဦးမှာ
ကိုယ့်ကိုယ်ကိုယ်သတ်သေမှုတစ်ခုဖြစ်ပွားခဲ့ပါတယ်
သေဆုံးသူကတော့ ရိုဘော့ပညာရှင် ဒေါက်တာအဲလ်ဖရက်လန်နင် ဖြစ်ပါတယ်
ထူးခြားတာာက ဒီအမှုကိုကိုင်တွယ်ဖို့ စုံထောက်တစ်ယောက်ကို
သေဆုံးသူက ကြိုတင်ရွေးချယ်ထားတာပါ သူရွေးချယ်ခဲ့တဲ့စုံထောက်ကတော့
ရိုဘော့တွေကို နဂိုတည်းက မုန်းတီးရင်းစွဲစိတ်အခြေခံရှိထားတဲ့ စုံထောက်စပွန်နာ ဖြစ်ပါတယ်
အခင်းဖြစ်ပွားခဲ့တဲ့နေရာမှာ ပုန်းအောင်းနေတဲ့ NS-5 ရိုဘော့တစ်ကောင်ကို
စုံထောက်စပွန်နာ ရှာတွေ့ခဲ့တဲ့အခါမှာတော့…..
အဲလ်ဖရက်လန်နင်က စုံထောက်စပွန်နာကို ဘာလို့ရွေးချယ်ခဲ့တာလဲ
စုံထောက်စပွန်နာထင်သလို NS-5 ရိုဘော့ဟာ လူသတ်တရားခံ တကယ်ဟုတ်ရဲ့လား
စုံထောက်စပွန်နာကရော ရိုဘော့တွေကို ဘာကြောင့်ကြည့်မရတာလဲ
ဇာတ်လမ်းမသိထားဘဲကြည့်မှ ပိုကောင်းတာမို့ အခုပဲ ကြည့်လိုက်ကြရအောင်လား…..
——————————————————————————–
ဒီဇာတ်ကားဟာ Artificial Intelligence (ဥာဏ်ရည်တု) နည်းပညာရဲ့
File Size : (1 GB)
Quality : Blu Ray 720p
Format…mp4
Duration…1 hr 55 min
Genre : Action , Crime , Drama
Subtitle : Myanmar Subtitle (Hard Sub)
Translated by Naing Win Swe
Encoded by Moe Myint Lwin
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။