I Am Sam(2001)
love is all you need

Synopsis:
I Am Sam(2001)
IMDb….7.6
လူတစ်ယောက်ဟာ ဆေးရုံရဲ့ သားဖွားခန်းထဲကို အပြေးအလွှားသွားနေတယ်….
မိန်းမ မီးဖွားခန်းချိန်မို့ပဲလားတော့မသိ…သူ့ပုံစံက သာမန်လူတွေနဲ့အနည်းငယ် ကွဲလွဲနေသလိုပင်…
ဂနာမငြိမ်..မိန်းမရဲ့သားဖွားခန်းထဲရောက်တော့လည်း ပါးစပ်က တလှုပ်လှုပ်ရေရွတ်ရင်း ကိုယ်ခန္ဓာကို ပတ်ချာလှည့်နေတယ်…
ဂနာမငြိမ်လွန်းနဲ့သူ့ကို ကြက်သေ သေလိုလုပ်နိုင်လိုက်တာက ခုမှ လူ့လောကထဲရောက်လာတဲ့ သမီးလေးရဲ့ငိုသံ….
သူ့ပုံစံက ငါဖခင်တစ်ယောက်ဖြစ်ပြီ ဒါငါ့သမီးလေး ငါတာဝန်ယူရမယ် ငါချစ်ရတော့မယ်ဆိုတဲ့အကြည့်မျိုးနဲ့ သမီးလေးကိုကြည့်နေတယ်…
တကယ်တော့ ဆမ်က သာမန်လူတွေထက်ဥာဏ်ရည်နည်းသလို ပေါင်းသင်းဆက်ဆံရေးမှာလည်း အခက်အခဲရှိသူပါ..
အယဉ်ကျေးဆုံးပြောရရင် ဥာဏ်ရည်ချို့တဲ့သူပေါ့….ဒီလိုလူမျိုးနဲ့မှားခဲ့ပြီး ကလေးတစ်ယောက်ရခဲ့တဲ့မိခင်အဖို့
ကလေးမွေးပြီးပြီးချင်းမှာပဲ ဆမ်တို့သားအဖကို ထားခဲ့တယ်…ဆမ်လို လူအတွက် သမီးလေးကိုစောင့်ရှောက်ရတာ တကယ်မလွယ်ပါဘူး…
သူ့သမီးလေးလူကလဲသိပ်လိမ္မာတယ် အဖေတစ်ခုသမီးတစ်ခုပါပဲ သူတို့ဘဝက..
.ဒီလိုနဲ့လူစီလေး၇နှစ်လောက်ရောက်လာတော့ ကလေးနဲ့မိသားစုဆိုင်ရာဌာနက လူစီ့ကို သူ့အဖေနဲ့မထားဖို့ တရားရင်ဆိုင်ဖို့တွေဖြစ်လာတယ်…
အဓိက ကတော့ ဆမ်ရဲ့ အားနည်းချက်ကြောင့်ပါပဲ….
ဒီလိုနဲ့တရားရင်ဆိုင်မှုတွေဖြစ်လာတယ် သမီးလေးကိုမိသားစုတစ်ခုကလဲမွေးစားချင်နေတယ်…
ဆမ့်လိုဉာဏ်ရည်မပြည့်စုံတဲ့သူတစ်ယောက် တရားရင်ဆိုင်တာနိုင်ပါ့မလား? သမီးလေးကို သူပဲစောင့်ရှောက်ခွင့်ရပါ့မလား?
ဆမ်နဲ့သူ့သမီးလေးတူတူပြန်နေနိုင်ပါ့မလား? ဆိုတာတွေကိုတော့ ခံစားကြည့်လိုက်ပါဦးဗျို့…..ဇာတ်လမ်းအညွန်းနဲ့ဘာသာပြန်သူကတော့ Cynthia ဖြစ်ပါတယ်…
File Size : (1GB) and (395 MB)
Quality : Blu-Ray 720p
Format…mp4
Duration…02:12:00
Genre : Drama
Subtitle : Myanmar Subtitle (Hard Sub)
Translated by Cynthia
Encoded by Phyo Pyae
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။