How to Be Single (2016)
Welcome to the party

Synopsis:
အခုလို ၂၁ရာစုမှာ အချစ်စစ်ဆိုတာ
စပါးပုံထဲအပ်ပျောက်ရှာနေသလိုပါပဲ၊ ဒီလိုခေတ်ထဲမှာ
အချစ်စစ်ရှာရင်း ကိုယ့်ကိုယ်ကိုယ်မေ့ပျောက်နေမယ့်အစား
ကိုယ့်ကိုယ်ကိုယ်ချစ်ရင်း ဘဝကို ဘယ်လိုပျော်ရွှင်အောင်နေကြမလဲ?
ဒီဇာတ်ကားက ၂၀၁၆ ခုနှစ်မှာထွက်ရှိခဲ့ပြီး IMDb မှာ rating 6.1 နဲ့ Rotten Tomatoes မှာ
rating 46% ရရှိထားပါတယ်။ Fifty Shapes of Gray မင်းသမီး Dakota Johnson နဲ့
Funny People, The Bling Ringတို့လိုဇာတ်ကားတွေမှာ ပါဝင်ခဲ့ပြီး
Rio, The Simpsons တို့လို ကာတွန်းကားတွေမှာ အသံသရုပ်ဆောင်အဖြစ်ပါဝင်ခဲ့တဲ့
Leslie Mann အပြင် Night at the Museum တို့လို့ဇာတ်ကားမျိုးမှာ
ပါဝင်ခဲ့တဲ့ Rebel Wilson တို့လို
သရုပ်ဆောင်မင်းသမီးတွေပါတယ်ဆိုတော့
ကြည့်လို့ပျော်မှာ အသေအချာပါပဲဗျာ။
ဒီကားလေးက လူငယ်တွေရဲ့ အချစ်ရေးအချစ်ရာအကြောင်းတွေကို
ဟာသလေးနှောပြီး ပေးချင်တဲ့မက်ဆေ့ခ်ျကို ထိထိမိမိ
ရိုက်ပြထားတာဖြစ်လို့ သေချာပေါက် ကြည့်ကိုကြည့်သင့်ပါတယ်။
အဲလစ်နဲ့ ဂျော့ရှ်က မြင်မြင်ချင်းမှာပဲချစ်မိသွားကြပြီး
အတူတူနေလာခဲ့တာ လေးနှစ်ရှိသွားပါပြီ။
လေးနှစ်ကြာ ဆက်ဆံရေးတစ်ခုဖြစ်တဲ့အတွက်ကြောင့်
အဲလစ်တစ်ယောက် သူ့ကိုယ်ပိုင်ဘဝကိုပြန်ရှာချင်တာရယ်
သူ့လက်ကျန်တစ်ဘဝလုံး ဂျော့ရှ်နဲ့ပဲ ဖြတ်သန်းချင်တာသေချာရဲ့လားဆိုတာ
သိရဖို့အတွက် နှစ်ယောက်သားခဏတာခွဲခွါခဲ့ကြပါတယ်။
ဒီလိုမျိုးအဲလစ်က အလုပ်ခွင်အသစ်က စင်ဂယ်ဘဝကို ပ
ါတီတက်ရင်း One night stand တွေနဲ့ပျော်ပျော်ပါးပါးဖြတ်သန်းနေတဲ့
ရော်ဘင်တစ်ယောက်နဲ့ သူငယ်ချင်းဖြစ်သွားတဲ့နောက်မှာ
ဘာတွေဆက်ဖြစ်ကြမလဲ…
အဲလစ်ရဲ့အစ်မတဖြစ် ဆရာဝန်ဖြစ်သူ မက်ဂ်ကတော့
ချစ်သူ၊ယောက်ျား၊ ကလေး စတဲ့သံယောဇဉ်တွေကို
အယုံအကြည်မရှိတဲ့သူပါ။
တစ်ရက် လူနာရဲ့ကလေးကို ကြည့်ပေးရတဲ့နောက်မှာတော့
ကလေးလိုချင်လာခဲ့ပါတယ်၊ ဒီလိုနဲ့ သုက်ပိုးအလှူရှင်တစ်ယောက်ဆီက
သုက်ပိုးအလှူခံပြီး လိင်မဲ့ကိုယ်ဝန်ဆောင်ဖို့ ကြိုးစားခဲ့ပါတယ်။
တစ်သက်လုံး သံယောဇဥ်ဆိုတာ အလကားပဲလို့
ဟစ်ကြွေးလာတဲ့ မက်ဂ်တစ်ယောက် ဘာတွေပြောင်းလဲလာမလဲ…
အပျိုကြီးလူစီတစ်ယောက်ကတော့
သူနေတဲ့တိုက်ခန်းမှာ လိုင်းမကောင်းလို့ အိမ်နားက
ဘားတစ်ခုမှာ လာထိုင်ရင်း ဝိုင်ဖိုင်လာသုံးတတ်ပါတယ်၊ ရွယ်တူသူငယ်ချင်းတွေက
မင်္ဂလာဆောင်နေချိန်မှာ အခုချိန်အထိ
ချစ်သူရည်းစားအတည်တကျမရနိုင်သေးတဲ့
လူစီတစ်ယောက် ဘယ်လိုလူတွေနဲ့တွေ့ကြုံရပြီး
ဘယ်လိုမျိုးဘဝအပြောင်းအလဲတွေဖြစ်သွားမလဲ…
***လူငယ်တွေကြားထဲက ဆက်ဆံရေးတွေအကြောင်းရိုက်ထားတာဖြစ်လို့
တချို့အခန်းတွေက R-rated ဖြစ်ပါတယ်
မိသားစုနဲ့အတူတူ မကြည့်သင့်ပါဘူး***
အညွှန်းနဲ့ဘာသာပြန်ကတော့ Bennieပဲဖြစ်ပါတယ်
File size… 6.7 GB / 1.8 GB / 976MB
Quality… BluRay 4k / 1080p / 720p
Format… mp4 , MKV
Duration…. 1h 50m
Genre ….. Romance , Comedy
Subtitle…. Myanmar Subtitle (Hard Sub)
Encoder…. Thit San Khant
Translated by Benni
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။