Hovering Blade ( 2024 )


Synopsis:
သမီးလေးတစ်ယောက်ကို အဖေတစ်ယောက်အနေနဲ့
ပန်းလေးတစ်ပွင့်လိုယုယရင်း တစ်ယောက်ထဲပြုစုပျိုးထောင်လာခဲ့ပါတယ်။
သိပ်မပြည့်စုံပေမယ့် သားအဖနှစ်ယောက်ထဲ ပျော်ပျော်ရွှင်ရွှင်နေလာခဲ့ပါတယ်။
မိုးသည်းတဲ့တစ်ညမှာတော့ သမီးလေးဟာအိမ်ပြန်မလာတော့ပါဘူး။
မြီးကောင်ပေါက်အရွယ် အပျိုဖော်ဝင်ကာစသမီးလေးပြန်ရောက်မလာတဲ့အတွက်
အရူးမီးဝိုင်းသလိုလိုက်ရှာခဲ့တယ်။ ကံမကောင်းချင်တော့ နောက်(၂)ရက်အကြာမှာ
မြစ်ကမ်းဘေးမှာပေါ်လာတဲ့အလောင်းဟာ သမီးလေးဖြစ်နေပါတယ်။
တရားခံဟာ အသက်(၁၈)နှစ်မပြည့်သေးတဲ့
ဆေးသမားကောင်လေး(၂)ယောက်ဖြစ်နေတာကိုမထင်မှတ်ပဲ သိလိုက်ရပြီး
သမီးလေးကိုနှိပ်စက်ပြီး အဓမ္မကျင့်တဲ့ဗီဒီယိုကိုမြင်လိုက်ရတဲ့အချိန်မှ
ာ အသိစိတ်လွတ်သွားပြီး တရားခံကောင်လေးတစ်ယောက်ကိုသတ်မိလိုက်ပါတယ်။
ဒီလိုနဲ့ အသဲနှလုံးတွေမွမွကြေပြီး ရင်ကွဲနေတဲ့ အဖေတစ်ယောက်ရဲ့ ကလဲ့စားဟာစတင်ခဲ့ပါတယ်။
အဖေဖြစ်သူက တရားခံနောက်တစ်ယောက်ကိုလိုက်ရှာနေချိန်မှာ
ရဲတွေကလဲ တရားခံကောင်လေးကိုရော သေသွားသူကောင်မလေးရဲ့အဖေကို
ဆက်ပြီးမမှားအောင်တားဖို့ ရှာတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။
အသက်(၁၈)နှစ်မပြည့်သေးတဲ့ ကလေးတွေပြစ်မှုကျူးလွန်တဲ့အခါမှာ
တရားဥပဒေအရ ပြစ်ဒဏ်ချမှတ်လို့မရတဲ့အတွက်
အသက်မပြည့်သေးတဲ့လူငယ်တွေရဲ့ အထိန်းအကွပ်မရှိ
ပြစ်မှုကျူးလွန်တဲ့အကြောင်းကိုရိုက်ထားတာဖြစ်ပါတယ်။
တရားခံနောက်တစ်ယောက်ကိုရှာတွေ့သွားတဲ့အခါ သမီးလေးအတွက်
လက်စားချေမလား တရားဥပဒေလက်အပ်လိုက်မလားဆိုတာကို ဆက်ကြည့်လိုက်ပါနော်……
Quality : WEB-DL 1080p , 720p
Format : mp4
Genres : Drama , Crime , Mystery
Runtime : 1h 47 min
Subtitle : Myanmar Subtitle ( Hardsub )
Translated by CM Team
Reviewed By Nu Mon
Encoded by LK
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။