Exit print mode Print Data A+ A- Undo all

Hot Spot (2024)

Hot Spot (2024)Hot Spot (2024)

Synopsis:

Hot spot 2024 ကြုံရဆုံရလူ့ဘဝ

ဒီနေ့မှာတော့ ထူးထူးခြားခြား underrated ဖြစ်နေတဲ့ လူကြီးတွေကြည့်သင့်တဲ့
Adult comedy dramaလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါပြီဗျ။

442

adult ဆိုလို့ ညစ်ညစ်ညမ်းညမ်းပြောတာတွေ အိပ်ရာခန်းတွေများနေတာမျိုးမဟုတ်ဘဲ ကျွန်တော်တို့
လူမှုဘဝမှာ ‌ဖြစ်နေကြအစဉ်အလာလိုဖြစ်နေပေမဲ့ normalizeမဖြစ်သင့်တဲ့အရာတွေကို မတူညီတဲ့
ဇာတ်လမ်း 4 ပုဒ်နဲ့ တင်ဆက်သွားမှာဆိုတော့ ပညာပေးတစ်ဖြစ်လည်း အမှန်အမှားကို ကိုယ်တိုင်ဆုံးဖြတ်ရမယ့် ဇာတ်လမ်းလေးတစ်ပုဒ်ပေါ့။

Anthology movie လေးဖြစ်တာမလို့ ဇာတ်လမ်းတစ်ခုကို မိနစ် 30 ဝန်းကျင်နဲ့ ဆက်စပ်မှုမရှိတဲ့ ဇာတ်လမ်းလေးခု၊
ဇာတ်လမ်းတစ်ခုစီမှာ လူ့ဘောင်အဖွဲ့အစည်းရဲ့ မတူညီတဲ့ပြဿနာတစ်ခုစီ မြင်ရမှာပါ။ ဆိုတော့ ဇာတ်လမ်းလေးကိုဆက်ကြပါစို့။

ပထမဆုံးဇာတ်လမ်းမှာတော့ အိမ်ထောင်ရေးတိုင်းမှာ မပါမဖြစ် ယောက္ခမ ချွေးမပြဿနာပေါ့။ ဗီဂျေးကတော့ ချစ်ရသူဒန်ယာနဲ့လက်ထပ်ရင်
ချွေးမကို ယောက္ခမကနှိမ်တာ ဖိနှိပ်တာတွေကို တွန်းလှန်မယ်လို့ ကြွေးကြော်ထားလေရဲ့။ အချစ်က ရက် 60 တဏှာက
ရက် 30 အိမ်မှုကိစ္စကတော့ တစ်သက်လုံးဆိုတာကို အိမ်ထောင်ရှင်ထီးလေး ဗီဂျေး ဘယ်လိုရင်ဆိုင်မလဲ။

ဒုတိယဇာတ်လမ်းမှာတော့ အချစ်ဟာမျက်စိမပါဘူးဆိုပေမဲ့ သွေးသားတော်စပ်နေတဲ့မောင်နှမမှန်းမသိ ‌ပေါက်ဖွားလာတဲ့
လူ့အဖွဲ့အစည်းက လက်မခံနိုင်တဲ့အချစ်တစ်ခုရဲ့အဆုံးသတ်က ဘာဖြစ်မလဲ။

တတိယဇာတ်လမ်းမှာတော့ အချစ်နဲ့တဏှာဟာ မတူပါဘူးဆိုပြီး တွင်တွင်ပြောနေသူတွေရော
ကိုယ့်အလှည့်ရောက်လာတော့ လက်ခံနိုင်မလား။

နောက်ဆုံးအနေနဲ့ Deepအဖြစ်ဆုံး အိမ်ထောင်ရေးပြဿနာလေးဖြစ်တဲ့ အဆင်မပြေတဲ့
အိမ်ထောင်ရေးတစ်ခုရဲ့ဓားစာခံဖြစ်တဲ့ သားသမီးတွေအပေါ်သက်ရောက်မှုတွေကို ကြည့်ရှုရမှာပါ။

အကြောင်းအရာကတော့deepဖြစ်ပေမဲ့ ဟာသလေးနှောပြီးတင်ဆက်ထားတာမလို့ ကြည့်ပျော်ရှုပျော်ဖြစ်သလို
ပညာလည်းရမယ့် အတွေးလည်းရမယ့်ဇာတ်လမ်းလေးဖြစ်တာမလို့ ရှုစားဖို့ တင်ဆက်ပေးလိုက်ရပါတယ်။

(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team မှဖြစ်ပါတယ်။)

File size…1.5GB / 678MB
Quality…WEB DL 1080p / 720p
Format…mp4
Duration….2h 2m
Subtitle….Myanmar Subtitle (Hard Sub)
Encoder….YK
Translated by CM Bollywood Team



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Original title
N/A
Director
Vignesh Karthick
Stars
Aditya Baskar, Ammu Abhirami, Gouri G Kishan, Janani Iyer, Kalaiyarasan, Sandy, Subash Selvan
Release Date
May 17, 2024(internet)
Rated
not rated
Runtime
2h 2m
Country
India
Popularity
6.11
Status
Released
ID IMDb.com
tt31391056
IMDB Rating
7
IMDB votes
119
ID Themoviedb.org
1266734
TMDb Rating
7
TMDb votes
1