Hot Blooded Detective (2020)

Synopsis:
Hot Blooded Detective 2020
ဒီကားကစုံထောက်ဟာသကားကြိုက်နှစ်သက်တဲ့သူတွေအတွက်
ပေါ့ပေါ့ပါးပါးနဲ့ရီရပြီးကြည့်လို့ကောင်းတဲ့ Comedy ကားလေးဖြစ်ပါတယ်။
ဇာတ်လမ်းလေးကတော့ ကိုရီးယားနိုင်ငံကမော်ဒယ်လုပ်ငန်းတစ်ခုမှာ
မွန်ဂိုကနေမော်ဒယ်လာလုပ်တဲ့တိုရာချယ်ဆိုတဲ့ကောင်မလေးတစ်ယောက်က
ရုတ်တရက်ပျောက်ဆုံးသွားပါတယ်။
အဲ့လိုပျောက်ဆုံးသွားချိန်မှာ သူနဲ့အနီးစပ်ဆုံးဖြစ်တဲ့ သူ သူငယ်ချင်းအလီရှာကသံသယတရားခံဖြစ်လာပြီး
ကိုရီးယားမှာခြေချုပ်မိနေခဲ့ပါတယ်။
အလီရှာက မွန်ဂိုက အကြီးဆုံး ကုမ္ပဏီဥက္ကဌသမီးလည်းဖြစ်သလို
သူမအမေနေမကောင်းတဲ့အတွက် သူကိုပြန်ခေါ်လာဖို့
မွန်ဂိုကစုံထောက်မလေးဖြစ်သူမွန်ဟောက တာ၀န်ယူဆောင်ရွက်ပေးရပါတယ်။
ဒါကြောင့် မွန်ဂိုစုံထောက်မလေးမွန်ဟောတစ်ယောက်
တာ၀န်ထမ်းဆောင်ဖို့ ကိုရီးယားကိုရောက်လာတဲ့အခါ
ကိုရီးယားဖက်က အလွဲတွေလုပ်တတ်ပြီး ကြောက်တတ်တဲ့
ရဲဖြစ်သူ ဒုန်းမင်းနဲ့ ဆုံတွေ့ဖို့ဖြစ်လာပါတယ်။
မွန်ဂိုမော်ဒယ်မလေး တိုရာချယ်ပျောက်ဆုံးမှုကို
ကိုရီးယားဖက်ကစုံစမ်းနေသလို မွန်ဟောကလည်းစုံစမ်းဖို့ဖြစ်လာပါတယ်။
အမှုသွားအမှုလာကထင်ထားသလိုရိုးရိုးပျောက်ဆုံးမှုမျိုး မဟုတ်ပဲ
မထင်မှတ်ထားတဲ့ လှည့်ကွက်တွေ၊ဖုံးကွယ်မှုတွေရှိလာတဲ့အခါ
ကိုရီးယားနဲ့မွန်ဂို စုံထောက်နှစ်ယောက်အဖို့ ခေါင်းကိုက်စရာတွေဖြစ်လာပါတယ်။
ရဲလုပ်လာထဲကအကြမ်းမဖက်တတ်တဲ့ ဒုန်မင်းနဲ့
တစ်ခုခုဆိုစိတ်မြန်လက်မြန်စုံထောက်မလေး မွန်ဟောတို့ဆုံတွေ့တဲ့အခါ
ဘယ်လို အလွဲတွေဖြစ်လာမယ်ဆိုတာကို
ဒီကားလေးကိုကြည့်ရင်းခံစားကြည့်စေချင်ပါတယ်။
Stay Home ကာလမှာ ပေါ့ပေါ့ပါးပါးနဲ့ ရီရပြီ
းကြည့်လို့ကောင်းမယ့်ကားလေးတစ်ကားလို့ညွှန်းချင်ပါတယ်။
File Size – 1 GB
Quality – Web-Dl 1080p
Subtitle – Burmese
Translator – Moe Pwint
Encoder – Thit San Khant
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။