ဒီရုပ်ရှင်ကားကို မကြည့်ခင် Facebook မှာ ပြီးတဲ့အပတ်က ပြန့်ခဲ့တဲ့
ရှုတင်ရိုက်ကွင်းမှ သရဲပူးတဲ့ အိမ် ဆိုပြီး ပိုစ်ကို တွေ့ခဲ့ပါတယ်
အဲ့ဒါနဲ့ သူငယ်ချင်းတစ်ယောက်က အဲ့ဒီရုပ်ရှင်ဇတ်လမ်းလိုပဲ India Horror တစ်ကားရှိတယ်
တော်တော်ကောင်းတယ်ဆိုလို့ ရှာကြည့်ခဲ့ပြီး ဇတ်လမ်း ဇတ်ကွက်တွေက ကောင်းပြီး
IMDb 5/10 ထိ ရထားတာကို တွေ့ရပါတယ်

Facebook page : NOON VR Myanmar
ဇတ်လမ်းပုံစံကတော့ ကျောင်းပြီးသွားတဲ့ သူငယ်ချင်းတစ်စု ဟာ လုပ်ငန်းခွင် ၀င်သူ ၀င်ကြဖို့ နဲ့ ပြည်ပ ကို့ ထွက်ခွာဖို့
နောက်ဆုံး နှုတ်ဆက်တွေ့ဆုံပွဲ လုပ်တဲ့ နိုက်ကလပ် ပါတီ တစ်ခုကနေ စပါတယ်
သူငယ်ချင်း ၇ ယောက်ဟာ ရှေးဟောင်းနှောင်းဖြစ်ပြောလိုက် အရက်တွေ သောက်လိုက်ကြ နဲ့
အတော် သန်းခေါက်နက်ခဲ့ပါတယ် အဲ့ဒီအချိန်မှာပဲ နိုက်ကလပ်က တီဗီ မှာ လူတိုင်း သက်သေ ကြ
သေဆုံးကြလွန်းလို့ ပိတ်ထားရတဲ့ ဟိုတယ် အခန်း တစ်ခုအကြောင်း သတင်း လာနေတာကို ကြားသွားကြပြီး
နောက်ဆုံး နှုတ်ဆက် အမှတ်တရ အနေနဲ့ စိတ်လှုပ်ရှားပြီး ဟာသ ဖြစ်အောင် အဲ့ဒီ ဟိုတယ်ထဲ သွားလည်ကြဖို့
သူငယ်ချင်း တစ်စု ဆုံးဖြတ်လိုက်ကြပါတယ်
အုပ်စု ထဲမှ သူငယ်ချင်း Neel ရဲ့ နိုင်ငံခြား သွားမယ့် ခရီးအတွက် နောက်ဆုံး အကောင်းဆုံး အမှတ်တရ
ဖန်တီးဖို့ ပျော်ရွှင်စွာ ဟိုတယ်ဝင်းထဲကို ၀င်ခဲ့ပေမယ့် တံခါးတွေက အလုံ ပိတ်ထားခဲ့လို့
စိတ်ပျက်ပြီး ပြန်လှည့်အထွက်မှာ အထဲမှ ရေဒီယို အသံကြားလို့ လူတစ်ယောက်ယောက်တော့ ရှိရမယ်
ဒါချောက်လှန့်တာ သက်သက်ပဲ ဆိုပြီး မပြန်ဖြစ်ကြပဲ နောက်ပေါက်ကနေ မရမက သူငယ်ချင်းတစ်စု
ခိုးဝင်ခဲ့ကြပြီး အသံကြားရတဲ့ ရေဒီယို ကို ရှာတွေ့ခဲ့ပါတယ်
ဒါပေမယ့် အဲ့ဒီ ရေဒီယိုက ဖုန်တွေ အလိမ်းလိမ်းတက်နေခဲ့ပြီး လူသူ အရိပ်အယောင်ကို သူတို့ လုံးဝ
မမြင်တွေ့ရတဲ့ အတွက် တစ်ခြားအခန်းတွေကို ရှေ့ဆက်ပြီး ရှာတဲ့အခါမှာတော့ သူတို့ ရှာနေခဲ့တဲ့ လူတစ်ယောက်ယောက်ကို
တွေ့ကြမလား ဒါမှမဟုတ် ကံကြမ္မာဆိုး တစ်ခုကို လက်ယပ် ခေါ်မိကြသလား ဆိုတာကိုတော့
Channel Myanmar Fan တွေ ဆက်ကြည့်လိုက်ကြပါ
ဒီရုပ်ရှင်ကားကို ဘာသာပြန်ပေးထားသူကတော့ CM Translator တစ်ဦးဖြစ်သူ Mie Mie ပဲ ဖြစ်ပါတယ်
Thit San Khant
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။