Horror Stories 2 (2013)


Synopsis:
Horror Stories 2 (2013)
ကဲ ဒီတစ်ခေါက်မှာတော့ Horror Fanတွေအတွက် ကိုရီးယားသရဲကားလေးလာပါပြီ။
ဇာတ်လမ်းအကျဉ်းကတော့ …
သေဆုံးသွားသူတွေကိုမြင်နိုင်ပြီး သူတို့ဘယ်လိုသေဆုံးခဲ့လဲဆိုတဲ့အဖြစ်အပျက်အမှန်ကိုသိနိုင်တဲ့
ပင်ကိုစွမ်းရည်ရှိတဲ့ ဆယ်ယောင်းတစ်ယောက် အာမခံကုမ္ပဏီတစ်ခုမှာ အလုပ်ဝင်ခဲ့တယ်။
အဲ့မှာ..မန်နေဂျာပက်က ဆယ်ယောင်းရဲ့စွမ်းရည်ကိုရိပ်မိတဲ့အတွက် အလုပ်တစ်ခုလုပ်ခိုင်းပါတော့တယ်။
အဲ့ဒါက ဘာလဲဆိုတော့ …အရင်က ကုမ္ပဏီကနေ အာမခံငွေပေးခဲ့ရတဲ့ ဖိုင်သုံးခုကို
မန်နေဂျာက လိမ်လည်ပြီး ငွေယူခဲ့တယ်လို့ သံသယရှိတဲ့အတွက်
အဲ့ဒါတွေကို ဆယ်ယောင်းဆီပြပြီး အမှန်ဟုတ်မဟုတ် ကြည့်ခိုင်းတာပါပဲ။
အဲ့လိုနဲ့ ဖိုင်သုံးဖိုင်ထဲကလူတွေရဲ့ တကယ့်အဖြစ်အပျက်ကို ဆယ်ယောင်းက ဖော်ထုတ်ပြောပြတဲ့အခါမှာတော့ ဇာတ်လမ်းတိုလေးသုံးပုဒ် ဖြစ်တည်လာပါတော့တယ်။
ဇာတ်လမါးထဲမှာ ပါဝင်ထားတဲ့ မင်းသား မင်းသမီးတွေကတော့
K drama fanတွေအတွက် ရင်းနှီးပြီးသားသရုပ်ဆောင်တွေပါပဲ။
Movie Genre က Horror ဆိုတဲ့အတိုင်း Jump scare တွေက လျှပ်တစ်ပြက်နဲ့ အများကြီးပါတဲ့အတွက်
အမှန်တကယ်ကြောက်စရာကောင်းတဲ့သရဲကားကြည့်လိုသူတွေအတွက် စောင်ခြုံထဲကနေ ချောင်းကြည့်လို့ကောင်းပြီး
အသည်းငယ်တတ်သူတွေအတွက် ကြည့်ရှုရန်မသင့်ကြောင်း ကြိုတင်ပြောကြားပါရစေ။
(အညွှန်းနဲ့ ဘာသာပြန်ကတော့ Thwal Yadi ပဲဖြစ်ပါတယ်)
Genre…..Horror
Quality….490p
File size…700MB
Format…mp4
Duration….1h 35min
Subtitle….Myanmar Subtitle (Hardsub)
Translator ….. Thwal Yadi
Encoder ….. August
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။