Channel Myanmar

Homefront (2013)

Homefront    

R 1h 40min ActionCrimeThriller

6.5
IMDB: 6.5/10 103,562 votes

,

, , , , , , , , ,

1 nomination

USA

777480

Report error

442

ဒီတစ်ခါတော့ အက်ရှင်ပရိတ်သတ်အကြိုက် ဇာတ်ကားတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ Transporter မင်းသား Jason Statham ရဲ့ကားဆိုတော့ ပရိတ်သတ်ကြီးသိတဲ့အတိုင်း အက်ရှင်ကြမ်းကြမ်းရမ်းရမ်းတွေ ကြည့်ရမှာပါ။

မင်းသားက ဒီကားမှာ DEA Agent ဖြစ်ပြီး ဇာတ်လမ်းအစမှာတင် သူက Undercover ဝင်လုပ်နေရာကနေ သူဖမ်းရမယ့် လူဆိုးကိုလည်း မိသွားသလို လူဆိုးရဲ့သားလည်း သေသွားပါတယ်။ အဲ့ဒီမှာ မင်းသားက Undercover အလုပ်ကို စိတ်ကုန်ပြီး အလုပ်က နုတ်ထွက်သွားပြီး တောရွာလေးတစ်ရွာမှာသွားနေပါတယ်။
အဲ့ဒီရွာမှာ လူဆိုးဗိုလ်အဖြစ် James Franco က သရုပ်ဆောင်ထားပြီး သမရိုးကျ အက်ရှင်ကားတွေအတိုင်း မင်းသားနဲ့ ဒေသခံတစ်ချို့နဲ့ ပြသ၁နာဖြစ်ကြရာကနေ James Franco က မင်းသားကို DEA မှန်းသိသွားတဲ့ တဲ့အခါမှာ မင်းသားဖမ်းပေးခဲ့တဲ့ လူဆိုးရဲ့ တပည့်တွေကို သတင်းပေးပြီး မင်းသားကို အပြတ်ရှင်းခိုင်းပါတယ်။ အလဲအလှယ်အနေနဲ့ သူရဲ့ ဘိန်းတွေကို လူဆိုးတွေက ဖြန့်ပေးဖို့ရမှာဖြစ်ပါတယ်။

ဇာတ်လမ်း၊ ဇာတ်ညွှန်းက စတားလုံး၊ မင်းသားက Jason ဆိုတော့ ဇာတ်လမ်းကလည်း ကျွန်တော်တို့ ခေတ်က အက်ရှင်ကားကောင်း တစ်ကားရဲ့ အငွေ့အသက် အပြည့်အဝပါပါတယ်။ မင်းသားကို လူဆိုးတွေက ရန်စမယ် မင်းသားက သည်းခံလို့မရတဲ့အဆုံး ပြန်ချရင်းနဲ့ လူတွေက သူ့အကြောင်း သိမယ်။ လူဆိုးတွေက လက်တုန့်ပြန်တာတွေ၊ ချခန်းတွေနဲ့ ကြည့်လို့ကောင်းတဲ့ကားတစ်ကားပါ။ ဒါပေမယ့် စိတ်တိုင်းမကျတာတစ်ခုက အဓိက ဗီလိန် အဖြစ် James Franco ကို ပါဝင်စေပြီး သူ့ရဲ့ Character ကလည်း တော်တော် ပျော့ပါတယ်။ သရုပ်ဆောင်ကလည်း ကြောက်စရာတစ်စက်မှ မရှိသလို မင်းသားကို ချိန်းခြောက်နိုင်လောက်တဲ့ အရှိန်အဝါလည်းမရှိပါဘူး။ Jason Statham လိုမင်းသားမျိုးနဲ့ James Franco ကို ဆန့်ကျင်ဖက်ထားတာတော့ တော်တော်လေး ညံ့ဖျင်းပါတယ်။ ဒါကလည်း လွဲရင် ကျန်တာပြောစရာမရှိပါဘူး။

Jason ရော James ရော သရုပ်ဆောင်တာ ကောင်းပါတယ်။ အက်ရှင်ကား ပရိတ်သတ်တွေ လက်မလွှတ်သင့်ပါဘူး။ ရုံမှာသွားကြည့်သင့်ပါတယ်။ မိသားစုတူတူ ကြည့်နိုင်ပါတယ်။ Sex Scene တစ်ခန်း ပါပြီး၊ သရုပ်ဆောင် မိန်းကလေးတွေက မပေါ့တပေါ်ဝတ်တာတွေရှိသလို Rated -R ဖြစ်လို့ ကလေးတွေ မိဘ၊ အုပ်ထိန်းသူနဲ့ အတူတူကြည့်သင့်ပါတယ်။

(ရုပ်ရှင်အညွှန်းကို Movie Previews For Myanmar မှကူးယူဖော်ပြသည်)

File size….(3 GB )/(1.2 GB)
Quality….BluRay 1080p / 720p
Format…mp4
Duration….01:40:34
Subtitle….Myanmar Subtitle (Hardsub)
Encoder….Ka Naung



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။



No downloads available


Related movies