Exit print mode Print Data A+ A- Undo all

Home for Rent (2023)

Shocking mysterious in a rented house!
Home for Rent (2023)Home for Rent (2023)

Synopsis:

Home for Rent (2023)

~ IMDb – 6.9/10, MyDramaList – 7.8/10 ~

442

ထိုင်းတို့ အင်ဒိုးနီးရှားတို့က ဟော်ရာရုပ်ရှင်တွေက နိုင်ငံတကာနဲ့ယှဉ်ပြီးကို အဆင့်တစ်ဆင့်ရှိတယ်ဆိုတာ တော်တော်များလက်ခံထားပြီးသား ကိစ္စပါပဲ။ ဒါပေမဲ့ ဒီရုပ်ရှင်ကလည်း အဲဒီအစဉ်အလာကို အိုးမည်းမသုတ်ခဲ့တဲ့ ရုပ်ရှင်ပါပဲ။ ပိုစိတ်ဝင်စားဖို့ကောင်းတဲ့အချက်ကတော့ ဒီရုပ်ရှင်ဟာ အကျည်းတန်ရုပ်ဆိုးတဲ့ ဖြစ်ရပ်မှန်တစ်ခုအပေါ် အခြေခံထားတာပါ။ အောက်လမ်းအဖွဲ့တစ်ဖွဲ့ရဲ့ အဖွဲ့ဝင်တွေဖြစ်တဲ့ အိမ်ငှားတွေက အိမ်ရှင်ကိုအကြမ်းဖက်ခဲ့တဲ့ ယဇ်ပူဇော်စရာသားကောင်တွေရှာခဲ့တဲ့ဖြစ်ရပ်တစ်ခုကို အခြေတည်ရိုက်ကူးထားတာပါ။ ကိုယ့်ဖြစ်နိုင်ချေနဲ့နီးစပ်လေ အကြောက်တရားကို ပိုအသက်ဝင်စေနိုင်လေဆိုတော့ ဒီရုပ်ရှင်က ဖြစ်ရပ်မှန်တစ်စိတ်တစ်ဒေသဖြစ်ခဲ့တယ်ဆိုတဲ့အသိက ဒီရုပ်ရှင်ကို ပိုအရသာရှိစေမှာပါပဲ။

နင်၊ ကာဝင်နဲ့ သမီးဖြစ်သူ အင်တို့က သာမန်လူလတ်တန်းစားမိသားစုတစ်ခုဖြစ်ပြီး တစ်နေ့မှာတော့ ငွေကြေးအခက်အခဲတစ်ခုကြောင့် နေထိုင်ရာအိမ်ကိုအိမ်ငှားတင်ပြီး ကွန်ဒိုမှာပဲပြောင်းနေဖို့ ဆုံးဖြတ်ခဲ့တယ်။

အိမ်ငှားဖြစ်သူ ခွန်ရတီက အငြိမ်းစားပင်စင်ယူထားတဲ့ ဆရာဝန်တစ်ယောက်ဖြစ်ပြီး သမီးဖြစ်သူ ဒေါက်တာနွတ်နဲ့ ငြိမ်းချမ်းတဲ့အိမ်နေရာလေးတစ်ခုကို ရှာငှားနေချင်သူတစ်ယောက်ပါ။

အိမ်ငှားလုံးဝမတင်ချင်တဲ့ ကာဝင်က ခွန်ရတီတို့သားအမိကိုမှ ချက်ချင်းငှားဖို့သဘောတူပေးလိုက်တာမို့ နင်တစ်ယောက် ထူးဆန်းနေတဲ့အပြင် ဘေးအိမ်ကပါ အိမ်ငှားတွေက မနက်၄နာရီတိုင်း မကောင်းတဲ့အစီအရင်တွေလုပ်နေတယ်လို့ သတင်းပေးလာတဲ့အခါမှာတော့…

ခွန်ရတီတို့သားအမိရဲ့ သရုပ်မှန်က ဘာများလဲ…
ခင်ပွန်းဖြစ်သူ ကာဝင်ကရော ဘာကြောင့် အရင်နဲ့မတူပြောင်းလဲလာရတာလဲ…
ထိတ်လန့်စရာဆန်းကြယ်မှုတွေက နင်နဲ့အင်တို့သားအမိအပေါ် သက်ရောက်မှုတွေရှိလာနိုင်မလား… ဆိုတာကြည့်ရှုရမှာပဲဖြစ်ပါတယ်။

(ဒီဇာတ်ကားနဲ့အညွှန်းကို Kyi Nue Zin မှ ပြန်ဆို ရေးသားထားပါတယ်)

Size – 2.1GB, 920MB
Quality – 1080p, 720p
IMDb Rating – 6.9/10
Format – mp4
Duration – 2H 4Min
Genre – Horror, Mystery, Thriller
Subtitle – Myanmar Subtitle (Hardsub)
Translated by Kyi Nue Zin
Encoded by Y



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Director
Sophon Sakdaphisit
Stars
Chanida Saejung, Namfon Pakdee, Narupornkamol Chaisang, Natniphaporm Ingamornrat, Nittha Jirayungyurn, Pawarisa Surathin, Penpak Sirikul, Pintira Singhaseem, Piranpatch Teawsakul, Prapakorn Chairak, Sakchai Phansri, Sukollawat Kanarot, Suphithak Chatsuriyawong, Taofa Maneeprasopchok, Thanyaphat Mayuraleela
Release Date
2023
Rated
Unrated
Runtime
2h 4m
Country
Thailand
Popularity
77.176
Status
Released
ID IMDb.com
tt26547790
IMDB Rating
6.9
IMDB votes
424
ID Themoviedb.org
977177
TMDb Rating
7.2
TMDb votes
11