Home (2015)
Worlds Collide

Synopsis:
“ အိမ် ” ဆိုတာ လူသားတွေ အတွက် အနွေးထွေးဆုံးနေရာ
စိတ်အလုံခြုံမှု အပေးဆုံးနေရာ တစ်ခု ပေါ့
ဘုဗ် တွေ အတွက်ကရော ?
ဘယ်သူတွေက ဘုဗ်တွေလဲ
ဘုဗ် တွေ ဆိုတာ အပုန်းအကောင်းဆုံး
အပြေးအကောင်းဆုံး ဆိုတဲ့ ဂြိုလ်သားလေးတွေပါ
ကမ္ဘာထက် ပိုကြီးတဲ့ ဂြိုလ် ပိုင်ဆိုင်ထားပေမဲ့
ဂေါ့ဂျ် ဆိုတဲ့ ဘာမှန်းမသိတဲ့ ဂြိုလ်သားမျိုးနွယ်စုတွေက
ဘာမှန်းမသိ လိုက်တာ ခံနေရတဲ့ သနားစရာ ဘုဗ်လေးတွေပေါ့
နောက်ဆုံးမှာတော့ ဂေါ့ဂျ်တွေ လက်ကနေ ခြေရာ ဖျောက်နိုင်ခဲ့ပြီး
ကပ္ပတိန်စမတ် ရဲ့ ဦးဆောင်မှု နဲ့ ကမ္ဘာမြေမှာ ပုန်းခိုဖို့ စီစဉ်နိုင်ခဲ့ပါပြီ
လူသားတွေကိုတော့ နေရာ သေးသေးလေး တစ်ခုမှာ စုပုံပေးလိုက်ပြီး
ဘုဗ် တွေက လူသားတွေ ရဲ့ နေရာကို သိမ်းပိုက်လိုက်တဲ့ အခါမှာတော့
ကမ္ဘာကို ဘုဗ်ဂြိုလ်သားလေး တစ်ကောင် ဖြစ်တဲ့ အို့ ဆိုတဲ့
ကောင်လေးပါ ပါလာခဲ့တာပေါ့…
အို့ ကတော့ တစ်ခြားဘုဗ်တွေထက် ချွန်ထွက် ကျွံထွက်နေတဲ့ကောင်
သူ့ ကို ဘယ်သူမှ ကြည့်မရသလို ဘယ်သူမှလဲ အဖက်မလုပ်ဘူး
ဘုဗ် တွေက အဖော်မင်ရတာ မကြိုက်ပါဘူး
အို့ ကတော့ အုပ်စု နဲ့ ပိုနေချင်တက်သူ
သူငယ်ချင်းရချင်တက်သူပေါ့
လူသားတွေကို ဖမ်းပြီး နေရာတစ်ခုမှာ စုပုံထားပေမဲ့
တဗ်စ် ဆိုတဲ့ ကောင်မလေး နဲ့ သူ့ကြောင်လေး က
ပုန်းခို လွတ်မြောက်ခဲ့ပါတယ်….
တဗ်စ် ဟာ ဘုဗ်တွေကြောင့် ကွဲကွာ သွားခဲ့ရတဲ့
အမေဖြစ်သူကို ပြန်လည်ရှာဖွေဖို့ ကြိုးစားရင်း
အူကြောင်ကြား အို့ နဲ့ ဆုံခဲ့ပြီး သူငယ်ချင်းလိုချင်တဲ့
အို့ နဲ့ အမေကို ရှာဖွေကယ်တင်မယ့် တဗ်စ် တို့ ဟာ
အတူတကွ စွန့်စားခန်း ထွက်ကြလေသတည်းတဲ့
ဟုတ်တယ် အညွှန်းက ဒါပဲ
ကျန်တာ ဆက်ကြည့်လိုက်တော့
1080P Bluray ကြည်တောက်ရှင်း တင်ပေးထားတယ်
ဘာသာပြန်ပေးထားတာက JimX ဖြစ်ပြီး
Thit San Khant မှ Encode တင်ဆက်ပေးထားပါတယ်
CM Fan များ ပျော်ရွှင်ကြပါစေ
Quality – 1080P & 720P Bluray
Subtitle – Burmese
Duration –
Format – MP4
File Size – 2.63 GB & 794.29 MB
Encoder – Thit San Khant
Translator – JimX
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။