Hollow Man (2000)
What would you do if you knew you couldn't be seen?

Synopsis:
Hollow Man (2000)_____IMDb – 5.8/10
ဒီကားလေးက အတော်တော့ ဟောင်းခဲ့ပြီ
2000 ခုနှစ်လောက်က အခွေဆိုင်တွေမှာ
ကိုယ်ပျောက်လူသား ဆိုပြီး အငှားရဆုံး အခွေဖြစ်ခဲ့ဖူးတယ်
အခွေဆိုင်တွေက ကော်ပီခွေ အနည်းဆုံး
၃၀ လောက် ကူးထားရတဲ့ ရုပ်ရှင်ကား
အခု ပြန်လွမ်းတဲ့ ပြန်ကြည့်ချင်တဲ့ 90 ဖွားတွေ အတွက်
ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်….
ဇတ်လမ်းအကျဉ်းကတော့
သိပ္ပံပညာရှင် ဆဘတ်ရှန် ဦးဆောင်တဲ့
အဖွဲ့ဟာ ကိုယ်ပျောက်ဆေးကို
တိရိစ္ဆာန်တွေ နဲ့ စမ်းသပ်ကာ သုတေသန လုပ်နေခဲ့တာ
အတော်ကြာပါပြီ သူတို့ အသေးဆုံး ကြွက်ကနေ
လူနဲ့ အနီးစပ်ဆုံး မျောက်အထိ စမ်းသပ်အောင်မြင်နေပါပြီ
ဒီလုပ်ငန်းစဉ်သာ အောင်မြင်ခဲ့ရင် နိုင်ငံအတွက် အများကြီး
အကျိုးဖြစ်ထွန်းစေမှာပဲ ဖြစ်ပါတယ်
ဆဘတ်ရှန် ဟာ အဖွဲ့ထဲမှာ သူအတော်ဆုံးလို့
မှတ်ယူထားပြီး အားလုံးရဲ့ အမြင်ကပ်မှု ကို
ခံယူထားသူလဲ ဖြစ်ပြီး တကယ်လဲ တော်တဲ့သူဖြစ်ပါတယ်
သူတို့ နောက်ဆုံး ကိုယ်ပျောက်ဆေး ကို တီထွင်နိုင်ခဲ့ပေမဲ့
ပျောက်နေတဲ့ သက်ရှိကို ပြန်ဖော်နိုင်ဖို့ကိုတော့
လုပ်ဆောင်နိုင်ခဲ့ခြင်း မရှိသေးပါ ဒီလိုနဲ့
အချိန်တွေ ကြာလာတဲ့နောက် မှာတော့
မျောက်ဝံ တစ်ကောင်ကို စမ်းသပ်အောင်မြင်ပြီး
Project အောင်မြင်ခဲ့ပါတယ်…
ဆဘတ်ရှန် က ဒီလောက်နဲ့ ရပ်တန့်မသွားပဲ
သူကိုယ်တိုင် သတ္တိရှိရှိ စမ်းဖို့ လူသား တစ်ယောက်ရဲ့
ခန္ဓာကိုယ်က အောင်မြင်မှု ရှိမရှိ စမ်းသပ်ခံခဲ့တဲ့ နောက်မှာတော့….
ဒီရုပ်ရှင်ကားကို May Thu က ဘာသာပြန်ပေးထားပြီး
Thit San Khant မှ တင်ဆက်ပေးထားပါတယ်
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။