Holler (2020)


Synopsis:
Holler (2020)
============
IMDb Rating – 6.5/10
အကယ်၍များ တစ်စုံတစ်ယောက်က
လောကကြီးမှာအရေးအကြီးဆုံးအရာကို မေးလာခဲ့ရင်
ဘယ်လိုဖြေမှာလဲ???
လူအမျိုးမျိုး အဖြေအမျိုးမျိုးကွဲပြားနိုင်ပေမယ့်
ကျွန်တော်တို့ အချိုးကျတွက်လိုက်ရင်
ပိုက်ဆံဆိုတဲ့ အဖြေပဲ အများဆုံးထွက်လာမှာပါ
ပျော်ရွှင်မှုကို ပိုက်ဆံနဲ့ဝယ်မရဘူးလို့ ပြောကြပေမယ့်
ပိုက်ဆံမရှိလို့ မပျော်ရွှင်နိုင်ဖြစ်နေတဲ့သူတွေက ပိုများတာပဲမလား??
Blaze နဲ့ Ruth ဆိုတဲ့ မောင်နှမနှစ်ယောက်ကိုမေးလိုက်ရင်လည်း
ပိုက်ဆံလို့ပဲဖြေမှာထင်တယ်
အဖေမရှိ အမေဖြစ်သူကလည်း အချုပ်ထဲရောက်နေတဲ့ သူတို့အတွက်က
ပိုက်ဆံထက် ဘာကပိုအရေးကြီးဦးမှာလဲ
ဒါပေမယ့် မောင်နှမနှစ်ယောက်က
တစ်ယောက်နဲ့တစ်ယောက် သိပ်ချစ်ကြတာဗျ
ညီမလေးဖြစ်သူဖြည့်ထားတဲ့ကောလိပ်လျှောက်လွှာကိုတွေ့လို့
တင်ပေးလိုက်တဲ့ Blaze တစ်ယောက်
သူ့ညီမ ကောလိပ်ဝင်ခွင့်လည်းရရော
ဇွတ်ကို ကောလိပ်ပို့ချင်နေတော့တာပါပဲ
နဂိုကမှ ကိုယ့်ဝမ်းကိုယ်ကျောင်းပြီး
ရုန်းကန်နေရတဲ့ထဲ ကောလိပ်တက်ရမှာမို့
နှစ်ယောက်သား အလုပ်ရှာရင်းနဲ့
တရားမဝင်ဈေးကွက်တစ်ခုကို ရောက်သွားကြတယ်
ဇာတ်လမ်းက အဲ့ကနေစပါတယ်
ပိုက်ဆံရှာဖို့အတွက် ရုန်းကန်ရတဲ့
မောင်နှမနှစ်ယောက်ကြားက နွေးထွေးမှုတွေ
တရားမဝင်ဈေးကွက်မှာ ကြုံတွေ့ရတဲ့
အခက်အခဲပေါင်းများစွာနဲ့အတူ
အဆုံးမှာတော့ Blaze နဲ့ Ruth တို့ မောင်နှမနှစ်ယောက် ဘယ်လိုဖြစ်သွားမလဲဆိုတာတော့ ကြည့်ရှုလိုက်ကြပါဦး။
(ဒီဇာတ်လမ်းရဲ့ အညွှန်းကို Amelia မှရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေးသူများကတော့ Amelia, Shwe Pyae, Jo Jo Va တို့ပဲ ဖြစ်ပါတယ်။)
Quality – 1080p, 720p WebRip
Duration – 1h 30min
Subtitle – Myanmar Hardsub
Format – Mp4
Genre : Drama
Source : 1080p.WebRip
Translator – Amelia, Shwe Pyae, Jo Jo Va
Encoder – SWM
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။