Channel Myanmar

His Secret Life (aka) The Ignorant Fairies (2001)

DramaRomance

7.3
IMDB: 7.3/10 votes

36740

Report error

442

 

ဒီ​ရုပ်ရှင်​ကတော့ အီတလီ​စကားပြောရုပ်ရှင်ဖြစ်ပြီး ၂၀၀၁ ခုနှစ်​ကထွက်ရှိခဲ့ပါတယ်။ Family Drama အမျိုး​အစားဖြစ်ပြီး အီတလီ​နာမည်​က Le fate ignoranti ဖြစ်ပါတယ်။ ဒီ​ရုပ်ရှင်​ရဲ့ နောက်​ထပ်​ အင်္ဂလိပ် title က His Other Life ဖြစ်​ပါတယ်။ သိပ်​မကြာ​သေးခင်ကပဲ ဒီဇာတ်ကားကို Remake ပြန်​လည်ရိုက်ကူးခဲ့ပါသေးတယ်။

ဇာတ်လမ်း​အကျဥ်းကတော့ Antonia က ရောမမြို့ပြင်က ရပ်ကွက်​တစ်ခုမှာနေတဲ့ အထက်​တန်း​လွှာ​အမျိုး​သမီး​တစ်ဦး​ဖြစ်ပြီး​ Massimo ဆိုသူ​နဲ့ အိမ်​ထောင်​ကျတာ ၁၅ နှစ်ရှိပြီဖြစ်ပါတယ်။ ၁၅ နှစ်​လုံး​လုံး​ Massimo​ ရဲ့အရိပ်အောက်မှာပဲနေရင်း ခင်​ပွန်း​ဖြစ်သူလိုအပ်တာကို ဖြည့်ဆည်း​ပေးခဲ့တဲ့​ဇနီး​ကောင်းဖြစ်ပါတယ်။ Massimo ကလည်း သူ့အတွက်​ခင်ပွန်း​ကောင်းဖြစ်တဲ့အတွက် နှစ်ယောက်​အတူပျော်ရွှင်စွာ နေထိုင်​လာရာကနေ တစ်နေ့မှာ Massimo တစ်ယောက်​ ယာဥ်​မတော်တဆ​မှုနဲ့ ကွယ်လွန်​သွားခဲ့ပါတယ်။

ခင်​ပွန်း​ဖြစ်သူ​ကွယ်လွန်ပြီး သူ့ရုံးခန်းထဲက ပစ္စည်း​တွေကို အိမ်​ပြန်​ပို့​ရာကနေ အဲဒီ​ပစ္စည်း​တွေထဲမှာ ပန်း​ချီ​ကားတစ်ချပ်ပါလာပါတယ်။ ပန်းချီ​ကားနာမည်က The Ignorant Fairies ဖြစ်ပြီး ဒီပန်းချီကနေတဆင့် Massimo က အိမ်​ထောင်​ရေးဖောက်ပြန်နေတဲ့အပြင် သူနဲ့​ဖောက်ပြန်​နေတဲ့လူက အမျိုးသား​တစ်ဦးဖြစ်နေတာကိုသိလိုက်ရပါတော့တယ်။

ဇာတ်လမ်း​ဇာတ်​အိမ်​က ရိုး​ရှင်း​ပြီး Character-driven ဇာတ်လမ်း​မျိုး​ဖြစ်​တာနဲ့အညီ အချိန်​ယူပြီးကြည့်ရှုသင့်တဲ့ ရုပ်ရှင်​မျိုး​ဖြစ်​ပါတယ်။ Massimo ရဲ့ နောက်​ကြောင်း​ကိုစုံစမ်းရင်းနဲ့ Antonio တစ်ယောက်​ သူ့ခင်ပွန်းဖြစ်သူမှာ အမျိုးသား​ချစ်သူအပြင် နောက်ထပ်ဘဝတစ်ခုရှိနေတာကိုပါ သိလိုက်ရပြီး သူကိုယ်တိုင် အဲဒီကမ္ဘာထဲ တဖြည်းဖြည်း​ရောက်​ရှိသွားပြီး ကိုယ့်ရဲ့ဖြစ်တည်မှုကို ပြန်​လည်​ရှာဖွေ​တဲ့ theme မျိုးကို​ဖော်ညွှန်း​ထားပါတယ်။ ဥရောပ​ရုပ်ရှင်​တွေ​ကိုနှစ်သက်သူများဆိုရင် ၂၀၀၀ ခုနှစ်​ကျော်က ဒီရုပ်ရှင်လေးကိုကြည့်ရှုသင့်ပါတယ်။ စိတ်​အနှောက်​အယှက်​ဖြစ်​စရာ​ 18+ ဇာတ်​ဝင်​ခန်း​တွေမပါဝင်တဲ့အတွက်လည်း စိတ်​ချလက်ချကြည့်ရှုနိုင်ပါတယ်။

 

File size…(2.3GB)/(1.2 GB)
Quality….Webrip 1080p / 720p
Format…mp4
Duration….01:46:00
Genre…Drama, Romance
Subtitle….Myanmar Subtitle (Hardsub)
Encoder….Garfield
Translated by Wolfenheim



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

His Secret Life (aka) The Ignorant Fairies (2001)
His Secret Life (aka) The Ignorant Fairies (2001)
His Secret Life (aka) The Ignorant Fairies (2001)


No downloads available

Genres



Related movies