Hinokio: Inter Galactic Love ( 2005 )


Synopsis:
IMDb 6.7 ရရှိထားတဲ့ Drama | Sci-Fi အမျိုးအစား
ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်ဇာတ်လမ်းအညွှန်းလေးကတော့
ဆတိုရူဆိုတဲ့ကောင်လေးတစ်ယောက်ဟာ ကျန်းမာရေးအခြေအနေတစ်ခုကြောင့်
ကျောင်းကို လူကိုယ်တိုင်လာတက်ဖို့ အခက်အခဲဖြစ်ပြီး ဖခင်၏
အကူအညီနဲ့ ဟိနိုကီနိုဆိုတဲ့ သစ်သားစက်ရုပ်လေးလုပ်ပြီး အဝေးက
control လုပ်ရင်း ပထမဆုံးအဝေးရောက် ကျောင်းသားဘဝကို စတင်ခဲ့တယ်။
ဒီလိုထူးခြားဖြစ်စဉ်ကို ဆန့်ကျင်တဲ့သူတွေက အရင်စလာတာပေါ့…
သစ်သားစက်ရုပ်လေးကို ကျောင်းတွင်းအနိုင်ကျင့်တာတွေ
ကျောင်းပြန် အနိုင်ကျင့်တာတွေ စလုပ်လာတဲ့ ကလေး ၃ ယောက်ရှိတယ်။
ဆတိုရူလေးကတော့ ကျန်းမာရေးမကောင်းကတည်းက
အိမ်ထဲအောင်းနေခဲ့သူဆိုတော့ သူ့အနိုင်ကျင့်တဲ့ ၃ ယောက်ကိုမှ ခင်ချင်လာတယ်တဲ့…
သစ်သားစက်ရုပ်လေးက တစ်ဆင့်ပေါ့…ဆတိုရူလေးက ဘာလို့ စက်ရုပ်ထဲဝင်ပြီး
အပြင်လောကနဲ့ အဆက်အသွယ်ဖြတ်နေရတာလဲ…
သူ့အနိုင်ကျင့်နေတဲ့ ကလေးတွေနဲ့ရော အဆင်ပြေမှာလား ဘာဆက်ဖြစ်မှာလဲ…
နောက်ပြီး ဘယ်လို စိတ်ဝင်စားစရာ ဇာတ်ကြောင်းတွေရှိမယ်ဆိုတာရယ်…
ကျန်းမာရေးအခြေအနေကြောင့် သစ်သားစက်ရုပ်အစားထိုးပြီး
စာသင်တဲ့စနစ်ရယ်ကို လေ့လာနိုင်ဖို့ဒီကားလေးကို ကြည့်ဖြစ်အောင် ကြည့်လိုက်ကြပါ…
Translated & Review By Chu Chu
Encoded By LK
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။