Exit print mode Print Data A+ A- Undo all

HiGH&LOW The Movie 3: Final Mission(2017)

HiGH&LOW The Movie 3: Final Mission(2017)HiGH&LOW The Movie 3: Final Mission(2017)

Synopsis:

High & low the Movie 3 – Final Mission ကတော့ဂျပန်အက်ရှင်ဒရာမာ ရုပ်ရှင်တွဲဖြစ်တဲ့ High and Low series ရဲ့လေးကားမြောက်ပါ။ဂျပန်ယာကူဇာတွေဖြစ်တဲ့ ခူရူးယုဂိုဏ်း(Kuryu Group)နဲ့ SWORD အဖွဲ့တို့ကြားက တိုက်ပွဲကိုရိုက်ထားပြီး ရှေ့ကသုံးကားဖြစ်တဲ့ High & Low the Movie 1,High & Low the Red Rain,High & Low the Movie 2/ End of Sky တို့ရဲ့အဆက်ပါ။ရုပ်ရှင်ဒရာမာရသအပြည့်အဝခံစားချင်ရင်တော့ ကားအစဉ်လိုက်ကြည့်ဖို့ညွှန်းပါတယ်။
ဇာတ်လမ်းအကျဉ်းကတော့ Nameless City ဆိုတဲ့အမည်မရှိမြို့မှာအရင်ကဆေးဝါးစက်ရုံတစ်ခုရှိခဲ့ပါတယ်။အဲ့ဆေးဝါးက ဗိုင်းရပ်စ်ကုသတဲ့နေရာမှာထိရောက်မှုရှိခဲ့တဲ့အတွက်အစိုးရကလည်းထောက်ခံမှုပေးခဲ့ပါတယ်။ဒါပေမဲ့ဆေးကအခြားဘက်မှာဆိုးကျိုးတွေရှိနေပြီး ကုသခဲ့တဲ့လူနာတွေကခြောက်လအတွင်းမှာသေဆုံးခဲ့ပါတယ်။အဲ့အကြောင်းကြောင့်ကုမ္ပဏီလည်း ဒေဝါလီခံလိုက်ရပါတယ်။ထို့အပြင်ကုမ္ပဏီကထွက်တဲ့အညစ်အကြေးစွန့်ပစ်ပစ္စည်းတွေအနီးနာရေကန်ဆီစွန့်ပစ်ခံလိုက်ရပြီး ထိုဒေသမှာနေတဲ့လူတွေ အဆိပ့်သင့်ဓာတ်ပစ္စည်းတွေရဲ့အကျိုးဆက်ကိုခံစားခဲ့ကြရပါတယ်။ထိုအကြောင်းတွေသိတော့ အစိုးရကသက်ဆိုင်ရာတွေကိုခေါ်ပြီးမြေဖို့ ဖုံးဖိခဲ့ပါတယ်။ ဆေးကုမ္ပဏီက ကျန်ရှိနေတဲ့သက်သေတွေအစဖျောက်ဖို့ ခူရူးယုဂိုဏ်းကိုငှားခဲ့ပါတယ်။တစ်ဖက်မှာလည်း အစိုးရနဲ့ခူရူးယုပူးပေါင်းကာ မိုင်းတွင်းနဲ့အမည်မရှိမြို့ကိုဖောက်ခွဲဖျက်ဆီးပစ်ပြီး ထိုနေရာမှာသူတို့အကျိုးအမြတ်ရမဲ့ ကာစီနိုတစ်ခုကိုတည်ဆောက်ဖို့လုပ်ပါတော့တယ်။ထိုအခါ အဆိပ်သင့်ဘေးကိုခံရရုံမက အမည်မရှိမြို့သူမြို့သားတွေက နေထိုင်ရာမှအတင်းအကျပ်ဖယ်ခိုင်းခံရပြီး အဆိပ်သင့်ခံထားရတဲ့သားကောင်များကိုပါသုတ်သင်ရှင်းလင်းဖို့လုပ်တာခံရပါတော့တယ်။SWORD အဖွဲ့ဟာမိမိတို့ပိုင်နက် နယ်မြေနဲ့ အမည်မရှိမြို့ကိုကာကွယ်ဖို့ကြိုးစားရင်း ခူရူးယုနဲ့အတိုက်အခံဖြစ်ကာမိမိတို့အသင်းသားများနဲ့မိသားစုဝင်များပါလုပ်ကြံခံရပါတယ်။ထိုသို့မတရားမှုများကိုပြန်လည်တွန်းလှန်ရန် SWORD အဖွဲ့များစည်းလုံးပြီး ခူရူးယုကိုတိုက်ခိုက်ချေမှုန်းဖို့ပြင်ဆင်ပါတော့တယ်။ အင်အားကြီးမားလှတဲ့ ခူရူးယုဂိုဏ်းကိုဘယ်လိုအနိုင်တိုက်ချေမှုန်းသွားမလဲဆိုတာကို စိတ်ဝင်တစားကြည့်ရှုရမှာဖြစ်ပြီး
ဂျပန်အက်ရှင်ကြိုက်သူတို့အတွက် လက်လွတ်မခံသင့်တဲ့ဇာတ်လမ်းတွဲကောင်းတစ်ခုဖြစ်ပါတယ်။

 

442

File size…1.79GB / 904.6MB
Quality…Blu-Ray 1080p 5.1CH / 720p
Format…mp4
Duration….1h 58m
Genre ….. Action , Drama
Subtitle….Myanmar Subtitle (Hard Sub)
Encoder….Thit San Khant
Translated by Nwe Hnin Thazin



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Director
Shigeaki Kubo, Tsuyoshi Nakakuki
Stars
Akira, Ryôhei Abe, Shintarô Akiyama
Popularity
6.913
Status
Released
ID IMDb.com
tt7624932
IMDB Rating
7.2
IMDB votes
712
ID Themoviedb.org
525831
TMDb Rating
6.4
TMDb votes
5