HiGH&LOW The Movie 2: End of Sky(2017)


Synopsis:
အဆိုပါဂျပန်ရုပ်ရှင်ဟာ High & Low Franchise မှ တတိယမြောက်ရုပ်ရှင်ဖြစ်ပါတယ်။ Imdb 7.1အထိရရှိထားပြီး ရုံတင်ငွေ ၁.၃၄ ဘီလျံယန်းထိရရှိပြီး Japanese Box officeမှာအတိုင်းတာတစ်ခုထိအောင်မြင်မှုရရှိခဲ့ပါတယ်။ ဇိုးအထာဖမ်းထားတဲ့တိုက်ရည်ခိုက်ရည်ကောင်းတဲ့လူငယ်ဇာတ်ကောင်များပါဝင်ပြီး လူငယ်ပရိတ်သတ်တွေ အကြိုက်တွေ့မယ့်ရုပ်ရှင်တစ်ခုပဲဖြစ်ပါတယ်ဒုစရိုက်လောကကိုအုပ်စိုးတဲ့ ခူရူးယုဂိုဏ်း(KURYU GROUP) ဟာ SWORD နယ်မြေမှာ ကာစီနိုဖွင့်ရန်ကြံစည်နေပါတယ်။ အဆိုပါ ကိစ္စကို SWORD နယ်ခံဂိုဏ်းတွေကမလိုလားပါဘူး။ ဆန်းနိုးဂိုဏ်းကကော်ဘရာရဲ့ အပြောရဆိုရင် SWORD ဟာခူရူးယုဂိုဏ်းအုပ်စိုးနေသရွေ့အနာဂတ်ဆိုတာလည်းမရှိဘူးလို့ဆိုပါတယ်။
အင်အားကြီးတဲ့ဧရာမဂိုဏ်းကြီးနဲ့ အားပြိုင်ဖို့ကြိုးစားပုံမှာဇာတ်အိမ်တည်ထားတယ်။တချိန်တည်းမှာပဲ SWORD နယ်မြေကို ခပ်ထန်ကြမ်းတမ်းလွန်းတဲ့ဂိုဏ်းနှစ်ဂိုဏ်းဖြစ်ကြတဲ့ ရမ်မာရုရဲ့သံသယဂိုဏ်းနဲ့ ဂျက်စီရဲ့ ထောင်ဂိုဏ်းတို့ပူးပေါင်းကာ တိုက်ခိုက်ဖို့ကြံစည်ကြပါတယ်။ အဓိကက
သံသယဂိုဏ်းရဲ့ထာဝရရန်ဖက်ဖြစ်တဲ့ ဝှိုက်ရတ်စကဲလ်ဂိုဏ်းကို ချေမှုန်းချင်ရာကနေစတင်ပါတယ်။ဝှိုက်ရတ်စကဲလ်တွေဟာအမျိုးသမီးတွေကို ကာကွယ်သူတွေအဖြစ်ခံယူထားကြပြီးသံသယဂိုဏ်းသားတွေကတော့ ငွေရရင်ဘာမဆိုလုပ်ကြမယ့်လူတွေဖြစ် တယ်။ SWORD နယ်မြေက
ဆန်းနိုးလူဆိုးဂိုဏ်းကိုယ်စားပြု ကော်ဘရာဟာ SWORD ဂိုဏ်းတွေမဟာမိတ်ဖွဲ့ဖို့ အဆိုကိုတင်သွင်းပြီးအားလုံးလိုလိုကငြင်းဆန်ခဲ့ကြပါတယ်။ ဝှိုက်ရတ်စကဲလ်ဂိုဏ်းကရော့ကီဟာ သံသယဂိုဏ်းကဘဲတွေကိုသူကိုယ်တိုင်ပဲရိုက်ခွဲချင်နေပြီးအခြားဘေးကပါဝင်သူတွေကိုထိခိုက်နစ်နာမှာကိုမလိုလားပါဘူး။တစ်ဖက်မှာတော့ အာမားမီးယားညီအစ်ကိုဂိုဏ်းဟာ ဒုစရိုက်လောကရဲ့အကြီးဆုံးဂိုဏ်းဖြစ်တဲ့ခူရူးယုဂိုဏ်းကို အမြစ်ကနေဆွဲလှန်ပြီးဖျက်စီးနိုင်မယ့် ယူအက်စ်ဘီ(USB FLASH DRIVE)ကိုလက်ဝယ်ရရှိထားပါတယ်။ အဆိုပါ ယူအက်စ်ဘီကိုခူရူးယုဂိုဏ်းဘက်ကပြန်လည်ရယူဖို့ကြိုးစားပုံတွေ၊ တစ်ဖန်ပြန်လည်ခုခံပုံတွေ၊ လမ်းမပေါ်ကဂိုဏ်းတွေမတစ်ထောင်တစ်ကောင်ဖွားတွေ အချင်းချင်း ရိုက်ကြနှက်ကြထိုးကြခွဲကြဆိုးကြ ပုံတွေကို အားပါးတရပဲ အံ့တကြိတ်ကြိတ်နဲ့ကြည့်ရှုရမှာဖြစ်ပါတယ်။
File size…2.24GB / 890MB
Quality…Blu-Ray 1080p 5.1CH / 720p
Format…mp4
Duration….2h 4m
Genre ….. Action , Drama
Subtitle….Myanmar Subtitle (Hard Sub)
Encoder….Thit San Khant
Translated by Kaung Paing
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။