He’s Out There 2018

Synopsis:

CM Fan တွေ အတွက် ဒီတစ်ခါမှာတော့
သွေးထွက်သံယိုတွေ များပြီး ထိတ်လန့်ရမယ်
Horror ဇတ်လမ်းကောင်းတစ်ခု တင်ဆက်ပေးလိုက်ပါတယ်
အလုပ်များတဲ့ ခင်ပွန်းဖြစ်သူကို ပိုင်ဆိုင်ထားတဲ့ လော်ရာ ဟာ
တစ်ရက်မှာတော့ အိမ်ခြံမြေဈေးကွက်ကနေ ပေါချောင်ကောင်းနဲ့
အိမ်တစ်လုံးကို ၀ယ်လိုက်နိုင်ပါတယ်….
အဲ့ဒီအိမ်ကို သွားကြည့်ဖို့အတွက် မိသားစုလိုက်
ခရီးထွက်ချင်သော်လဲ လော်ရာ ရဲ့ ယောင်္ကျားမှာ
အလုပ်ကိစ္စများရှိနေသဖြင့် နောက်ကျမှ လိုက်လာမည်ဟု
ပြောပြီး သမီး ၂ ယောက်ဖြစ်သူ မက်ဒီ နဲ့ ကေလာ ကို
အဖော်ထည့်ပေးလိုက်ပါတယ်….
ခြံဝန်းကြီးနား ရောက်တဲ့အခါမှာတော့
ထိုပတ်ဝန်းကျင်ကို လှည့်လည်စောင့်ရှောက်သူ
အိုဝင် နဲ့ တွေ့ရှိပြီး သူတို့ သားအမိတွေကို
ယခင် အိမ်ရဲ့ မိသားစု အကြောင်း ပြောပြကာ
ထိုမိသားစုထဲမှ ဂျွန်နီဆိုသော ကလေးမှာ
ငယ်ငယ်ထဲက ပျောက်ဆုံးသွားကြောင်း
နောက်ဆုံးမှာ မိသားစုဝင်များသည်လဲ
ထိုအိမ်အား ဈေးကွက်မှာရောင်းဖို့တင်ကာ
ပျောက်ခြင်းမလှပျောက်ကုန်ကြတယ် လို့
အိုဝင် ဆီက သိခဲ့ရပါတယ်….
ထွေထွေထူးထူး ကိစ္စမဟုတ်တဲ့အတွက်
လော်ရာ လဲ မေ့မေ့ပျောက်ပျောက် ဖြစ်ကာ
သမီးတွေနဲ့ အတူ ခင်ပွန်းဖြစ်သူ အလာကို
စောင့်နေခဲ့ပါတယ်…
ဒီလိုနဲ့ မိုးချူပ်ခဲ့တဲ့ အခါမှာတော့
သူတို့ ဘ၀ မှာ မမျှော်လင့်ထားတဲ့
အဖြစ်အပျက်တွေ နဲ့ ကြုံတွေ့ခဲ့ရသောအခါ…
ဒီရုပ်ရှင်ကားကို ဘာသာပြန်ပေးထားသူကတော့
Shain Htet Naing ဖြစ်ပြီး Thit San Khant မှ
တင်ဆက်ပေးထားပါတယ်
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။
