Warner Bros. Picturesကနေ ဖြန့်ချီလိုက်တဲ့ Dramaကားကောင်းတစ်ကားပါ။
လက်ရှိ IMDb Rating 7.4နဲ့ Tomatoesမှာ100%ရထားပါတယ်။
1998မှ2002အတွင်း အာဂျင်တီးနားနိုင်ငံမှာCorralitoလို့ခေါ်တဲ့ စီးပွားရေးကပ်ဆိုက်ပါတယ်။
အစိုးရကလည်း ဘဏ်အေကာင့်ကနေငွေတွေထုတ်မပေးတော့ပါဘူး။
ဘဏ်မှာငွေအပ်ထားတဲ့သူတွေလည်း ဒုက္ခရောက် တစ်နိုင်ငံလုံးလည်းကျပ်တည်းပေါ့။
အဲ့လိုတွေ မဖြစ်ခင်တစ်နေ့မှာ အယ်ဆီနာမြို့ကရိုးသားတဲ့လူတစ်စုက
စပ်တူလုပ်ငန်းလုပ်ဖို့ဆိုပြီး ဘဏ်မှာငွေအပ်မိလိုက်တယ်။
စီးပွားရေးကပ်ဖြစ်လို့ သူတို့ငွေတွေဆုံးရှုံးလိုက်ရတယ်ထင်နေပေမယ့်
ဒီလိုအခြေအနေတွေဖြစ်မှာသိထားတဲ့ ဘဏ်မန်နေဂျာနဲ့အကြံပေးတစ်ယောက်က
ပေါင်းကြံပြီး သူတို့ငွေတွေရော၊ တခြားငွေတွေကိုပါ ထုတ်ယူသွားတာကိုသိလိုက်ရပါတော့တယ်။
နောက်တော့ ကလိမ်ကျသွားတဲ့သူဆီကနေ သူတို့ပိုက်ဆံတွေကိုပြန်ရဖို့ ကြိုးစားပါတော့တယ်။
ဒီကားထဲမှာ အဖိုးကြီးတွေဦးဆောင်တဲ့ရိုးသားတဲ့လူတစ်စုက
ကလိမ်ကျသွားတဲ့သူစီကနေ သေချာအစီအစဉ်တွေဆွဲပြီးတော့
သူတို့ပိုက်ဆံတွေကိုခိုးယူဖို့ကြိုးစားပုံကို ဟာသလေးနှောပြီးရိုက်ကူးတင်ဆက်ထားပါတယ်။
ကားကောင်းလေးတစ်ကားဖြစ်တာကြောင့် ခံစားကြည့်ရှုလိုက်ပါအုံးရှင်။
File Size : ( 1 GB , 395 MB)
Quality : BluRay 720p
Running Time : 1 hr 56 min
Format : Mp4
Genre : Adventure , Comedy , Crime
Subtitle : Myanmar Subtitle (Hard Sub)
Translated by Moe Lay
Encoded by Moe Myint Lwin
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။






![Pacific Rim: Uprising (2018) [Blu-Ray 1080p 5.1 CH x264]](https://www.channelmyanmar.to/wp-content/uploads/2018/06/pacific-rim-uprising-poster-1-135x200.jpg)













![[James Bond] The Man with the Golden Gun (1974)](https://www.channelmyanmar.to/wp-content/uploads/2021/08/61baxbexL0L._SL1000_-154x200.jpg)













