Hello Guru Prema Kosame (2018)
Synopsis:
2017 တုန်းက ထွက်ခဲ့တဲ့ Hello ဆိုတဲ့ အချစ်အက်ရှင်ကားလေးကို မှတ်မိကြဦးမယ် ထင်ပါတယ်။
ကြည့်တဲ့သူတိုင်းကို မျက်ရည်ဝိုင်းစေတဲ့ ဇာတ်ကားကောင်းလေးပေါ့။
လာပါပြီ နောက်တစ်ကား….
ဒီကားလေးက တောင်ပိုင်းမင်းသားချော Ram ရဲ့ အသစ်စက်စက် ထွက်ရှိလာတဲ့ အချစ်ဟာသကားလေးပါ။
ထူးခြားတာက. . .အိန္ဒိယကား တော်တော်များများမှာ လူဆိုး လူမိုက် လူတွင်ကျယ်အဖြစ် ခေါက်ရိုးကျိုးအောင် သရုပ်ဆောင်ခဲ့ရတဲ့ လူကြမ်းသရုပ်ဆောင်Prakash Raj ရဲ့ အားရစရာကောင်းတဲ့ သရုပ်ဆောင်ဟန်ပါ။
မင်းသားချော Ram က အချစ်အက်ရှင်ကားတွေနဲ့ထိုးဖောက်နေသလို လူကြမ်းသရုပ်ဆောင်ကြီး Prakash ကဒီကားမှာ သမီးဖြစ်သူကို စိတ်မချတဲ့ ဖအေတစ်ယောက်အနေနဲ့ သရုပ်ဆောင်ထားတာပါ။
လူကြမ်းဇာတ်ရုပ်ကို လူအများ ရွံစရာဖြစ်အောင်အမြင်ကပ်စရာဖြစ်အောင် သရုပ်ဆောင်တတ်သလိုဒီလို တမူထူးခြားတဲ့ ဇာတ်ရုပ်မှလည်း Prakash ဟာ ဆရာကျနေဆဲဖြစ်ပါတယ်။
ကျွန်တော်တော့ ဒီကားမှာ မင်းသားမင်းသမီးထက်Prakashကို တအားကြိုက်သွားပါတယ်။
” ဇာတ်လမ်းအကျဉ်း ”
ဆန်ဂျူးဆိုတာက မိဘနှစ်ပါးက အလိုလိုက်ထားလို့ရပ်ကျော်ရွာကျော်လုပ်နေတဲ့ ခပ်ဆိုးဆိုး ခပ်ပေပေ လူငယ်လေးဖြစ်ပါတယ်။
တစ်နေ့တော့ မိဘတွေရဲ့ဆန္ဒအရ အလုပ်လုပ်ဖို့အတွက် ဟိုက်ဒရာဘတ်က Prakash တို့အိမ်မှာ သွားနေရပါတယ်။
Prakashနဲ့ သူ့အမေက ငယ်သူငယ်ချင်းတွေမို့Prakash အိမ်မှာ နေရင်း အလုပ်လုပ်ရင်းပေါ့။
Prakash ရဲ့ဇာတ်ကောင်နာမည်က ဗစ်ရှ်ဝါနာ့သ်တဲ့။
ဗစ်ရှ်ဝါက လူတစ်မျိုးဗျ။
သူ ပေးထားတဲ့ ကတိတစ်ခုကို ဘယ်လိုနည်းနဲ့မဆို ထိန်းသိမ်းတတ်တဲ့ လူမျိုး။
သူ့မှာ ဆန်ဂျူးနဲ့ရွယ်တူ သမီးလေးတစ်ယောက် ရှိသေးတယ်။အာနူးတဲ့။အင်ဂျင်နီယာ ကျောင်းသူလေးပေါ့။
မောင်မင်းကြီးသား ငပွေးဆန်ဂျူးနဲ့ အာနူးတို့က လာလာချင်း ဆောက်နဲ့ထွင်းဆိုသလိုပဲဆန်ဂျူးမြို့ကို တက်လာတဲ့နေ့မှာပဲ ရထားပေါ်မှာ ရန်ဖြစ်လာကြသူတွေ။
ဒီတော့ တစ်အိမ်တည်းမှာသာ အတူနေကြတာ. . .
တစ်ယောက်ကိုတစ်ယောက် ကြည့်လို့ရတဲ့သူတွေ မဟုတ်ဘူး။
သို့ပေမယ့် ဆန်ဂျူးက အာနူးကို နေ့စဉ် ဆိုင်ကယ်နဲ့ကျောင်းကို လိုက်ပို့ပေးရတယ်။အနေနီးလာတော့ သံယောဇဉ်ဖြစ်လာရင်းကနေ
အမောင် ဆန်ဂျူးရဲ့ မသိစိတ်မှာ အာနူးဆိုတဲ့ အချစ်ကြိုးလေးက လာပြီးငြိတွယ်မိတယ်။
ကိုယ်တိုင်က မသိပေမယ့် အာနူးကို အိမ်ထောင်ချပေးဖို့အတွက်သူ့ဖခင်ကြီး ဗစ်ရှ်ဝါက သူ့မိတ်ဆွေတစ်ယောက်ရဲ့သားနဲ့
လူကြီးချင်း စကားပြောလာပြီးတဲ့
အချိန်ကျမှ…ဆန်ဂျူးဟာအာနူးကို ချစ်မိနေပြီဆိုတာ သိလိုက်ရတယ်။
ဒီကြားထဲမှာ ဗစ်ရှ်ဝါနဲ့ ဆန်ဂျူးတို့က အချင်းချင်း ရင်ဖွင့်ကြရင်း ဆန်ဂျူးဟာ ဗစ်ရှ်ဝါဆီကကတိတစ်ခုတောင်းတယ်။
သူ့သူငယ်ချင်းအဖြစ် တစ်လတိတိ နေပေးပါ့မယ်ဆိုတဲ့ ကတိ။
ဗစ်ရှ်ဝါ့ဆီက ကတိရပြီဆိုမှ ဆန်ဂျူးက သူဟာ အာနူးကို ချစ်မိနေပြီဆိုတဲ့အကြောင်း၊သူ့ကို သူငယ်ချင်းအဖြစ်နဲ့ကူညီပေးရမယ်ဆိုတဲ့အကြောင်း ဗစ်ရှ်ဝါ့ကို ချုပ်ကိုင်တော့တယ်။
စဉ်းစားကြည့်ဗျာ။
လူကြီးချင်းစကားကျွံထားပြီဖြစ်တဲ့ သမီးရဲ့အချစ်ကိုမောင်မင်းကြီးသား ဆန်ဂျူးက လိုချင်သတဲ့။
ကိုယ့်ကတိနဲ့ကိုယ်မို့ ဆန်ဂျူးခိုင်းသမျှ ဗစ်ရှ်ဝါ လိုက်လုပ်ရ၊တစ်ဖက်က သူ့သမီးကို ဆန်ဂျူးနဲ့ မနီးစပ်အောင် တစ်မျိုးတစ်ဖုံ ကြိုးစားရနဲ့ ဗစ်ရှ်ဝါ့အဖြစ်က ဆုပ်လည်း စူး၊စားလည်း ရူးဖြစ်နေရတယ်။
ဒီကားလေးမှာတစ်ကားလုံး လုံး၀ မပျင်းရအောင် ဆန်ဂျူးနဲ့ ဗစ်ရှ်ဝါတို့ရဲ့အားပြိုင်မှုကို ကြည့်ရမှာ ဖြစ်သလို….၊Hello လို ရင်ထဲမှာ တသသဖြစ်ကျန်ရစ်မယ့် အချစ်ကားလေးတွေကိုမှ ကြိုက်နှစ်သက်ပါတယ်ဆိုတဲ့ သူတွေအတွက် အမှတ်တရတစ်ခု အဖြစ် ယူဆောင်လာပေးမယ့် ကားလေးတစ်ကား ဖြစ်ပါကြောင်း…။
(ဇာတ်လမ်းအညွှန်းကိုတော့ ကိုမြင့်သူမှရေးပေးထားတာဖြစ်ပြီး ဘာသာပြန်သူကတော့ MLMC Team မှ ကိုမြင့်သူနဲ့ ညီညီကိုးပါ)

2017 တုန္းက ထြက္ခဲ့တဲ့ Hello ဆိုတဲ့ အခ်စ္အက္ရွင္ကားေလးကို မွတ္မိၾကဦးမယ္ ထင္ပါတယ္။
ၾကည့္တဲ့သူတိုင္းကို မ်က္ရည္၀ိုင္းေစတဲ့ ဇာတ္ကားေကာင္းေလးေပါ့။
လာပါျပီ ေနာက္တစ္ကား….
ဒီကားေလးက ေတာင္ပိုင္းမင္းသားေခ်ာ Ram ရဲ ႔ အသစ္စက္စက္ ထြက္ရွိလာတဲ့ အခ်စ္ဟာသကားေလးပါ။
ထူးျခားတာက. . .အိႏၵိယကား ေတာ္ေတာ္မ်ားမ်ားမွာ လူဆိုး လူမိုက္ လူတြင္က်ယ္အျဖစ္ ေခါက္ရိုးက်ိဳးေအာင္ သရုပ္ေဆာင္ခဲ့ရတဲ့ လူၾကမ္းသရုပ္ေဆာင္Prakash Raj ရဲ ႔ အားရစရာေကာင္းတဲ့ သရုပ္ေဆာင္ဟန္ပါ။
မင္းသားေခ်ာ Ram က အခ်စ္အက္႐ွင္ကားေတြနဲ ့ထုိးေဖာက္ေနသလို လူၾကမ္းသရုပ္ေဆာင္ၾကီး Prakash ကဒီကားမွာ သမီးျဖစ္သူကို စိတ္မခ်တဲ့ ဖေအတစ္ေယာက္အေနနဲ ့ သရုပ္ေဆာင္ထားတာပါ။
လူၾကမ္းဇာတ္ရုပ္ကို လူအမ်ား ရြံစရာျဖစ္ေအာင္အျမင္ကပ္စရာျဖစ္ေအာင္ သရုပ္ေဆာင္တတ္သလိုဒီလို တမူထူးျခားတဲ့ ဇာတ္ရုပ္မွလည္း Prakash ဟာ ဆရာက်ေနဆဲျဖစ္ပါတယ္။
ကြ်န္ေတာ္ေတာ့ ဒီကားမွာ မင္းသားမင္းသမီးထက္Prakashကို တအားၾကိဳက္သြားပါတယ္။
” ဇာတ္လမ္းအက်ဥ္း ”
ဆန္ဂ်ဴးဆိုတာက မိဘႏွစ္ပါးက အလိုလိုက္ထားလို ့ရပ္ေက်ာ္ရြာေက်ာ္လုပ္ေနတဲ့ ခပ္ဆိုးဆိုး ခပ္ေပေပ လူငယ္ေလးျဖစ္ပါတယ္။
တစ္ေန ့ေတာ့ မိဘေတြရဲ ႔ဆႏၵအရ အလုပ္လုပ္ဖို ့အတြက္ ဟိုက္ဒရာဘတ္က Prakash တို ့အိမ္မွာ သြားေနရပါတယ္။
Prakashနဲ ့ သူ ့အေမက ငယ္သူငယ္ခ်င္းေတြမို ့Prakash အိမ္မွာ ေနရင္း အလုပ္လုပ္ရင္းေပါ့။
Prakash ရဲ ႔ဇာတ္ေကာင္နာမည္က ဗစ္ရွ္၀ါနာ့သ္တဲ့။
ဗစ္ရွ္၀ါက လူတစ္မ်ိဳးဗ်။
သူ ေပးထားတဲ့ ကတိတစ္ခုကို ဘယ္လိုနည္းနဲ ့မဆို ထိန္းသိမ္းတတ္တဲ့ လူမ်ိဳး။
သူ ့မွာ ဆန္ဂ်ဴးနဲ ့ရြယ္တူ သမီးေလးတစ္ေယာက္ ရွိေသးတယ္။အာႏူးတဲ့။အင္ဂ်င္နီယာ ေက်ာင္းသူေလးေပါ့။
ေမာင္မင္းၾကီးသား ငေပြးဆန္ဂ်ဴးနဲ ့ အာႏူးတို ့က လာလာခ်င္း ေဆာက္နဲ ့ထြင္းဆိုသလိုပဲဆန္ဂ်ဴးျမိဳ ့ကို တက္လာတဲ့ေန ့မွာပဲ ရထားေပၚမွာ ရန္ျဖစ္လာၾကသူေတြ။
ဒီေတာ့ တစ္အိမ္တည္းမွာသာ အတူေနၾကတာ. . .
တစ္ေယာက္ကုိတစ္ေယာက္ ၾကည့္လို ့ရတဲ့သူေတြ မဟုတ္ဘူး။
သုိ ့ေပမယ့္ ဆန္ဂ်ဴးက အာႏူးကုိ ေန ့စဥ္ ဆိုင္ကယ္နဲ ့ေက်ာင္းကို လိုက္ပို ့ေပးရတယ္။အေနနီးလာေတာ့ သံေယာဇဥ္ျဖစ္လာရင္းကေန
အေမာင္ ဆန္ဂ်ဴးရဲ ႔ မသိစိတ္မွာ အာႏူးဆိုတဲ့ အခ်စ္ၾကိဳးေလးက လာျပီးျငိတြယ္မိတယ္။
ကိုယ္တိုင္က မသိေပမယ့္ အာႏူးကုိ အိမ္ေထာင္ခ်ေပးဖို ့အတြက္သူ ့ဖခင္ၾကီး ဗစ္ရွ္၀ါက သူ ့မိတ္ေဆြတစ္ေယာက္ရဲ ႔သားနဲ ့
လူၾကီးခ်င္း စကားေျပာလာျပီးတဲ့
အခ်ိန္က်မွ…ဆန္ဂ်ဴးဟာအာႏူးကို ခ်စ္မိေနျပီဆိုတာ သိလိုက္ရတယ္။
ဒီၾကားထဲမွာ ဗစ္ရွ္၀ါနဲ ့ ဆန္ဂ်ဴးတို ့က အခ်င္းခ်င္း ရင္ဖြင့္ၾကရင္း ဆန္ဂ်ဴးဟာ ဗစ္ရွ္၀ါဆီကကတိတစ္ခုေတာင္းတယ္။
သူ ့သူငယ္ခ်င္းအျဖစ္ တစ္လတိတိ ေနေပးပါ့မယ္ဆိုတဲ့ ကတိ။
ဗစ္ရွ္၀ါ့ဆီက ကတိရျပီဆိုမွ ဆန္ဂ်ဴးက သူဟာ အာႏူးကို ခ်စ္မိေနျပီဆိုတဲ့အေၾကာင္း၊သူ ့ကို သူငယ္ခ်င္းအျဖစ္နဲ ့ကူညီေပးရမယ္ဆိုတဲ့အေၾကာင္း ဗစ္ရွ္၀ါ့ကို ခ်ဳပ္ကိုင္ေတာ့တယ္။
စဥ္းစားၾကည့္ဗ်ာ။
လူၾကီးခ်င္းစကားကြ်ံထားျပီျဖစ္တဲ့ သမီးရဲ ႔အခ်စ္ကိုေမာင္မင္းၾကီးသား ဆန္ဂ်ဴးက လိုခ်င္သတဲ့။
ကိုယ့္ကတိနဲ ့ကိုယ္မို ့ ဆန္ဂ်ဴးခိုင္းသမွ် ဗစ္ရွ္၀ါ လုိက္လုပ္ရ၊တစ္ဖက္က သူ ့သမီးကို ဆန္ဂ်ဴးနဲ ့ မနီးစပ္ေအာင္ တစ္မ်ိဳးတစ္ဖံု ၾကိဳးစားရနဲ ့ ဗစ္ရွ္၀ါ့အျဖစ္က ဆုပ္လည္း စူး၊စားလည္း ရူးျဖစ္ေနရတယ္။
ဒီကားေလးမွာတစ္ကားလံုး လံုး၀ မပ်င္းရေအာင္ ဆန္ဂ်ဴးနဲ ့ ဗစ္ရွ္၀ါတို ့ရဲ ႔အားျပိဳင္မွဳကို ၾကည့္ရမွာ ျဖစ္သလို….၊Hello လို ရင္ထဲမွာ တသသျဖစ္က်န္ရစ္မယ့္ အခ်စ္ကားေလးေတြကိုမွ ၾကိဳက္ႏွစ္သက္ပါတယ္ဆိုတဲ့ သူေတြအတြက္ အမွတ္တရတစ္ခု အျဖစ္ ယူေဆာင္လာေပးမယ့္ ကားေလးတစ္ကား ျဖစ္ပါေၾကာင္း…။
(ဇာတ္လမ္းအညႊန္းကိုေတာ့ ကိုျမင့္သူမွေရးေပးထားတာျဖစ္ျပီး ဘာသာျပန္သူကေတာ့ MLMC Team မွ ကိုျမင့္သူနဲ႔ ညီညီကိုးပါ)
File Size :(950 MB)
Quality : AMZN WEB-DL 720p
Running Time : 2h 20min
Format : Mp4
Genre : Comedy, Romance
Subtitle : Myanmar Subtitle (Hard Sub)
Source : 1080p AMZN WEB-DL H264 DDP5.1-NbT
Translated by Myint Thu & Nyi Nyi Koe (MLMC)
Encoded by Thanhtike Zaw
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။
Original title
Hello Guru Prema Kosame
Director
Trinadha Rao Nakkina
Stars
Anupama Parameswaran, Prakash Raj, Pranitha Subhash, Ram Pothineni