Channel Myanmar

Hearts in the Game (2023)

TV-G 1h 22m ComedyRomance

6.5
IMDB: 6.5/10 430 votes

, , , , , , ,

United States, Canada

70675

Report error

Hearts in the Game (2023)

~ IMDb rating – 6.5/10 ~

442

ဒီတစ်​ခေါက် မိတ်ဆက်​ပေးမှာက​တော့ 2023 မှာထွက်ရှိထားတဲ့၊ ဇာတ်ညွှန်း​ကောင်း​ကောင်းနဲ့ ရိုက်ကူးထားတဲ့၊ ပျော်​စေတာ​ရော ဝမ်းနည်း​စေတာ​ရော ခံစား​စေရတဲ့ အချစ်ဟာသကား​လေး Hearts in the Game ပဲဖြစ်ပါတယ်။

~ ဇာတ်လမ်းအညွှန်း ~

နယူး​ယော့ခ်မြို့မှာ သူ့ရဲ့လုပ်ငန်း​လေးကို အစပျိုးဖို့ကြိုးစား​နေတဲ့ ဆယ်လီနာမည်​ကျော်​တွေရဲ့ အရှုပ်​တွေ​ကောလဟလ​တွေကို အချစ်​တွေအဖြစ်ပြန်​ပြောင်းယူ​ပေးရတဲ့ ကိုယ်​ရေးကိုယ်တာတာဝန်ခံ ​ဟေဇယ်​မေလာတစ်​​ယောက် သူ့ရဲ့လုပ်ငန်းပိုမြဲ​ဖို့အခွင့်အ​ရေးတစ်ခုကို ရရှိခဲ့ပါတယ်။ အဲဒီအခွင့်အ​​ရေးက​တော့ ​ဘေ့​စ်​ဘော​လောကမှာ နာမည်​ကျော် ဘောလုံးပစ်သမားတစ်​ယောက်အဖြစ် ​ကျော်ကြား​နေတဲ့ သူ့ရဲ့ငယ်ချစ်​ဟောင်း ဒီ​အေဂိုဗက်စ်ကက်ပဲဖြစ်ပါတယ်။

လွန်ခဲ့တဲ့ကမ္ဘာ့စီးရီးပွဲစဥ်​တုန်းက အ​ကြောင်းတစ်စုံတစ်​​ရာ​ကြောင့် ကွင်းထဲမှာ ဆက်မကစားဘဲ ရပ်​နေမိတဲ့အတွက် အသင်းရဲ့ ဖလားရမယ့်အခွင့်အ​​ရေးကိုလွဲ​စေခဲ့တဲ့ ဒီ​အေဂိုတစ်​ယောက် ​ဘေ့စ်​ဘော​လောကထဲပြန်ဝင်ဖို့ ပရိသတ်​တွေရဲ့ အ​ကောင်းမြင်မှုကိုလိုအပ်​နေပါတယ်။ အဲဒီလိုပြန်ဝင်ဖို့အတွက် ​ဟေဇယ်ကကမ်းလှမ်းခံရပြီး ဒီ​​အေဂိုအ​ကြောင်း ​ဆောင်းပါး​ရေးဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။

အဲ့ဒီအ​ကြောင်း​ရေးဖို့ သူတို့ရဲ့ဇာတိ​လေးဆီပြန်လာရင်း သူတို့နှစ်​ယောက် အတိတ်တုန်းက ဘာလို့လမ်းခွဲခဲ့ရတာလဲ… သူတို့နှစ်​ယောက်ကြားမှာ အချစ်​တွေပြန်လည်​ပေါက်ဖွားလာမလား… ဒီ​အေဂို ကွင်းလယ်ထဲရပ်ခဲ့မိတာက​ရော ဘာ​ကြောင့်လဲ.. ဆိုတာ​တွေကို ရိုမန်တစ်ဆန်ဆန် ကြည့်ရမယ့် ကား​ကောင်း​လေးတစ်ကားပဲဖြစ်ပါတယ်။

(ဒီဇာတ်ကားနဲ့အညွှန်းကို DB မှ ပြန်ဆို ရေးသားထားပါတယ်)

Size – 1.8GB, 640MB
Quality – 1080p, 720p
IMDb Rating – 6.5/10
Format – mp4
Duration – 1H 22Min
Genre – Comedy, Romance
Subtitle – Myanmar Subtitle (Hardsub)
Translated by DB
Encoded by Y



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။



No downloads available


Related movies