Heart of Champions (2021)
Talent wins races. Courage creates champions.

Synopsis:
Heart of Champions (2021)
===================
Drama ပရိသတ်တွေအတွက် 2021 ခုနှစ်ထွက် ဇာတ်ကားကောင်းလေးတစ်ကားကို
CM မှ ဘာသာပြန်တင်ဆက်ပေးလိုက်ရပါတယ်။
ဇာတ်လမ်းလေးကတော့ တက္ကသိုလ်က လှေလှော်အသင်းလေးတစ်သင်း အကြောင်းပါ
အဲလက်စ် ဦးဆောင်တဲ့ တက္ကသိုလ်လှေလှော်အဖွဲ့ဟာ ကျောင်းပေါင်းစုံယှဉ်ပြိုင်ပွဲမှာ
ဟားဗတ်ကျောင်းကို ရှုံးနိမ့်ခဲ့ရပါတယ်။ ခေါင်းဆောင်မှုအရည်အချင်းပြည့်၀မှုမရှိတဲ့
အဲလက်စ်တစ်ယောက်ဟာ ရှုံးနိမ့်မှုအတွက် အသင်းသားတွေကို အပြစ်တင်နေခဲ့တာပေါ့။
အသင်းသားတွေဟာလည်း အဲလက်စ်ကို ခေါင်းဆောင်အဖြစ်နဲ့ သဘောမကျဘဲ စည်းလုံးမှု
မရှိတဲ့ အသင်းတစ်သင်း ဖြစ်နေခဲ့တာပေါ့။ ဒီလိုနဲ့ သူတို့အသင်းကို နည်းပြအသစ်တစ်ယောက်
ရောက်လာပါတယ် သူကတော့ စစ်ပြန်ဟောင်း မာဖီပါ။
ဒါ့အပြင် ရွှေ့ပြောင်းကျောင်းသား အသစ်တစ်ယောက်ဖြစ်တဲ့ ခရစ္စ ဆိုသူဟာလည်း အသင်းထဲ
ရောက်ရှိလာခဲ့ပြန်တယ်။
ခေါင်းဆောင်ရည် မပြည့်၀ဘဲ လူမုန်းများတဲ့ အဲလက်စ်ရယ် အသင်းသားတွေသဘောအကျဆုံးဖြစ်တဲ့
လှော်သား ဂျွန်ရယ် သူတို့နှစ်ယောက်ကြားမှာ ဖြစ်ပေါ်လာမယ့် ကတောက်ကဆတွေကို မြင်ရမှာဖြစ်ပြီး
ရွှေ့ပြောင်းကျောင်းသား ခရစ္စရဲ့ အတိတ်ဇာတ်ကြောင်းတွေကရော ဘာတွေဖြစ်ဦးမလဲ ဆိုတာ
ကြည့်ရှုရဦးမှာပါ။ စစ်ပြန်ဟောင်းနည်းပြ မာဖီတစ်ယောက် ဒီလို ဗရုတ်သုက္ခဖြစ်နေတဲ့ လှေလှော်
အသင်းတစ်သင်းကို ပါးပါးနပ်နပ်ကိုင်တွယ်ပြီး ဟားဗတ်ကိုအနိုင်ရ ဗိုလ်စွဲအသင်းတစ်သင်းဖြစ်အောင်
တွန်းပို့ပေးနိုင်မလားဆိုတာ ပရိသတ်ကြီးတို့ကပဲ ကြည့်ရှုခံစားလိုက်ကြပါဦး
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Chuck Chuck ဖြစ်ပါတယ်)
File Size – (1.92 GB) / (1.01 GB) / (657 MB)
Quality – Blu-Ray 1080p / 720p / 480P
Duration – 1h 59mins
Subtitle – Myanmar Hardsub
Format – MP4
Genre : Drama, Sport
Translator – Chuck Chuck
Encoder – SWM
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။