
ဘ၀မှာမိသားစုဆန်တဲ့ ကြင်နာယုယမှု နွေးထွေးမှုမရှိပဲ
မကောင်းမှုတွေကြားထဲမှာသာ ကြီးပြင်းလာတဲ့ကောင်လေး
တစ်ယောက်ဟာ တစ်နေ့တော့ သူတို့အဖွဲ့ရဲ့ လက်ချက်နဲ့
ဦးခေါင်းမှသေနတ်ဒဏ်ရာရပြီး ဆေးရုံကိုရောက်လာပါတယ်
ဆေးရုံရောက်လာတော့ ခေါင်းကဒဏ်ရာကြောင့် အတိတ်မေ့ပြီး
ဘ၀မှာမကြုံတွေ့ဖူးတဲ့ ဆရာဝန်မလေးရဲ့ နွေးထွေးမှုတွေကိုခံစားမိပြီး
တယောက်နဲ့ တစ်ယောက်သံယောဇဉ်တွယ်သွားပါတော့
ထိုအချိန်မှာပဲ အတိတ်က ကျန်ရှိနေခဲ့သေးတဲ့ ပြသနာတွေကြောင့်
ဆရာဝန်မလေးဟာ ဓါးစာခံအဖြစ်ဖမ်းဆီးခြင်းခံရပြီး ဘ၀မှမကြုံတွေ့ဖူးတဲ့
အချစ်ကိုစတင်ခံစားရချိန်မှာ အခုလိုဖြစ်သွားခဲ့တော့ မင်းသားခမျာ
ရင်ဝကို မီးစနဲ့ထိုးသလို ဖြစ်ပြီး ဒိန်းတလိန်းနတ်ပူးပြီး
မင်းသမီးကိုလိုက်လံကယ်တင်ပါတော့တယ်
ကဲ ပရိတ်သတ်ကြီးရော ဒီကားက သွေးသံရဲရဲ
သတ်ခန်းဖြတ်ခန်းတွေကို အားပါးတရကြည့်ရမှာဖြစ်ပြီး
အချစ်ဆိုတဲ့ အရာက အရာရာကိုပြောင်းလဲစေနိုင်ကြောင်းကိုလဲ ကြည့်ရမှာဖြစ်ပါတယ်
အချစ်ခန်း ကြိုက်ခန်းတွေကိုလဲ ထည့်သွင်းထားတာကြောင့် အလှည့်အပြောင်းလေးတွေနဲ့
ရသပေါင်းစုံ ပါဝင်နေတာကြောင့် ကြည့်ရှူသူများ နှစ်သက်သဘောကျမှာအမှန်ပါပဲ
နာမည်ကြီးခဲ့တဲ့ The Raid ထဲက မင်းသား Iko Uwais က
ခေါင်းဆောင်ရိုက်ကူးထားတာကြောင့်
အက်ရှင်ကား ခပ်ကြမ်းကြမ်းကိုမှ ကြိုက်တယ်ဆိုတဲ့
သူတွေကတော့ လက်မလွတ်တမ်းကြည့်ရှူသင့်တဲ့
ဇာတ်ကားတစ်ကားဖြစ်တယ်ဆိုတာကိုတော့ ပြောပြလိုက်ပါရစေဗျာ
(ဇာတ်လမ်းအညွန်းနဲ့ ဘာသာပြန်ကတော့ ကိုအောင်ပြေ ဖြစ်ပါတယ်ဗျ )
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။


















![[James Bond] You Only Live Twice (1967)](https://image.tmdb.org/t/p/w185/gIhS0VC7YzI8pj6zfS3KxsxV0dS.jpg)












