Halloween (2018)
Face your fate

Synopsis:
လူတိုင်းလူတိုင်းဟာ ကံကောင်းပြီးမွေးလာကြတာမဟုတ်ပါဘူး
အဲ့ထဲမှာ စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းပြီး မွေးလာတဲ့
Michael တစ်ယောက်လဲ အပါဝင်ပေါ့
ကလေးဘဝကတည်းက လူသတ်ရတာခုံမင်တဲ့ Michael
Halloween ညတွေမှာ စိတ္တဇမျက်နှာဖုံး
စွပ်ပြီးလိုက်လံသတ်ဖြတ်ခဲ့တဲ့သွေးအေး
လူသတ်သမား Michael
လူသတ်မှုှုနဲ့ စိတ္တဇ ဆေးရုံရောက်နေခဲ့တာ နှစ် ၄၀ ရှိနေခဲ့ပြီ
သူသတ်ဖို့ကြိုးစားခဲ့ တဲ့ Laurie Strode ဆိုတဲ့ကောင်မလေးလဲ
ဟယ်ဒန်ဖီလ်း ဆိုတဲ့မြို့မှာ ရှိနေခဲ့တာ
နှစ် ၄၀ ကြာမြင့်ခဲ့ပြီ
ဒါပေမယ့် နှစ်တွေဘယ်လောက်ကြာကြာ
သူတို့နှစ်ယောက်ကြားက အငြိုးတွေကတော့
ဖြိုဖျက်ဖို့ မဖြစ်နိုင်သေးပါဘူး
ဒီလိုနဲ့ Halloween ညမတိုင်ခင်မှာမှ
တိုက်တိုက်ဆိုင်ဆိုင်ပြန်လွတ်သွားတဲ့
Michael Myers တစ်ယောက်ဘယ်လို
ရက်ရက်စက်စက် သတ်ဖြတ်မှုတွေကျူးလွန်မလဲဆိုတာ
စိတ် တုန်လှုပ်ခြောက်ခြားစွာ ကြည့်ရှုရမှာပါ
ဒီ Halloween ကိုပြောလို့ပြောတာမဟုတ်ဘူး
ကျွန်တော်လဲ ရှေ့ကားတွေမကြည့်ဖူးပါဘူး
ဒါပေမယ့် အသေချာပြောနိုင်တာက
Friday the 13th ကားထဲက
Jason Vorhees နဲ့ အတော်လေးဆင်ပါတယ်
မသိဘူး သတ်မယ်ဆိုတဲ့သကောင့်သားတွေပေါ့
ဇာတ်လမ်း ကလဲရိုးရိုးရှင်းရှင်းလေး
ကြည့်ရတာဘာမှအာရုံနောက်စရာမရှိဘူး
Thriller ဖီးလ်လေးကို ခံစားရတာကလွဲလို့ပေါ့
slasher film လို့ပြောထားတဲ့အတိုင်းပဲ
အသတ်အဖြတ်အကြမ်းအရမ်းတွေ
ဘုံးဘောလအော ထည့်ပေးထားပါတယ်
ကိုယ်တိုင်က Friday the 13th တို့
Black Sails တို့ Spartacusတို့လို
အသတ်အဖြတ်ကားတွေအကြည့်များလို့လားတော့မသိဘူး :3
ဒီ Halloweenက သတ်ဖြတ်တာတွေကိုသိပ်အားမရဘူး
ဒါပေမယ့် Michael Myers ဆိုတဲ့သွေးအေး
လူသတ်သမားဇာတ်ရုပ်ကို သဘာဝဆန်ဆန်
ဘွင်းခနဲမြင်ရမှာပါ
အဲ့လိုမြင်အောင်လဲနောက်က theme songကအတော်လေး
ပံ့ပိုးပေးထားတာတွေ့ရပါတယ်
ပြီးတော့အခု Halloween ကားက လွန်ခဲ့တဲ့
နှစ် ၄၀ က ရိုက်ခဲ့တဲ့ Halloween(1978)ကားနဲ့
တိုက်ရိုက်ချိတ်ဆက်ထားတာပါ
IT(2017) လိုမျိုး လက်ရှိရောက်နေတဲ့ခုနှစ်နဲ့
ဇာတ်ကားထဲက plot နဲ့ ကွက်တိဆိုသလိုပေါ့
rating အနေနဲ့ကတော့ IMDb 7.1
Rotten Tomatoes မှာ 79% ရထားပါတယ်
Halloween ကားဟာ Halloween ညမှမဟုတ်ပါဘူး
ဘယ်ညဖြစ်ဖြစ်ကြည့်လို့
ခြောက်ခြားစရာကောင်းမှာ အမှန်ပါပဲ
ဒီရုပ်ရှင်ကားကို Hein Thet Naing က ဘာသာပြန်ပေးထားပြီး
ကိုယ်တိုင် အညွှန်းရေးပေးထားပါတယ်
Korensub စာတန်းထိုး အသေဖြင့် ထွက်ရှိလာတာဖြစ်ပြီး
ဘာသာပြန်မှု အနည်းငယ် မှားယွင်းနိုင်ပါသဖြင့် အလွဲတစ်ချို့ ရှိပါက
နားလည်ပေးကြပါလို့ မေတ္တာရပ်ခံပါတယ်
BluRay Version ထွက်လာခဲ့လျင်
ပြန်လည် Update လုပ်ပေးပါမည်။
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။