Great Warrior (Magadheera) [2009]
![Great Warrior (Magadheera) [2009]](https://image.tmdb.org/t/p/w780/hlpKdwyAbatfRgXixAAlndGjoKw.jpg)
![Great Warrior (Magadheera) [2009]](https://www.channelmyanmar.to/wp-content/uploads/2018/09/MV5BZTY1ZjRjMzYtN2UwNi00YjA0LWI2OTktNGNiYTg1NjQ0ZTZiXkEyXkFqcGdeQXVyNjQ1MDcxNzM@._V1_.jpg)
Synopsis:
ဒီဇာတ်ကားလေးကတော့ လူကြိုက်များခဲ့တဲ့ဇာတ်ကားကောင်းတစ်ခုပေါ့နှစ် ၄၀၀ ရာခန့်က ဘဝတွေရဲ့ အချစ်ရမ္မက်က ယနေ့ဘဝထိ ဆွဲခေါ်ငင်ခဲ့ပြီး
ဘယ်လိုဘယ်ပုံနည်းနဲ့ အဆုံးသတ်စေခဲ့သလဲဆိုတာကိုရင်မောဖွယ် စောင့်ကြည့်ရမယ့်ကားကောင်းလေးပါ(ဇာတ်လမ်းအကျဉ်း) ဟာရှာ ဆိုတဲ့ လူငယ်လေးဟာ
ဆိုင်ကယ်စတန့် သမားတစ်ယောက်ပေါ့ ဆယ်ပေလောက် အမြင့်ဘားတန်းကို ကျော်ဖြတ်ကာ စွန့်စားနိုင်ခဲ့တဲ့ သူပါ တစ်နေ့မှာတော့
ဘန်ကောက်ပြိုင်ပွဲသွားရန်အတွက် လေဆိပ်ကို ကားငှါးစီးသွားခဲ့ပါတယ်အဲဒီ အချိန်မှာ မိုးကလည်းသည်းလို့။
သူဟာ ကားဘေးဆီမှ လက်ဆန့်ထုတ်ပြီး မိုးရေစက်တွေကို ထိတွေ့လို့နေခဲ့ပါတယ်တစ်နေရာအရောက်မှာတာ့ သူ့လက်ကိုလျှပ်စီးထိသလို ဖြစ်ခဲ့ပါတယ် ဟာရှာ
အတွက်တော့ ဒါဟာအတိတ်ဘဝဆီ ပြန်တွေးစေခဲ့တဲ့ နိမိတ်ပါ သူ့ကိုလျှပ်စစ်စီးသလိုဖြစ်စေခဲ့တာကလည်းကောင်မလေးတစ်ယာက်ရဲ့လက်နဲ့ ထိတွေ့မိမှုကြောင့်ပါ
ဒါကို ဟာရှာ သိခဲ့တာကြောင့် အဲဒီကောင်မလေးကိုကားမှတ်တိုင်မှာပြန်ရှာဖို့ ကြိုးပမ်းခဲ့တယ်အဲဒီကောင်မလေးနာမည်က အင်ဒီရာ တဲ့သူမရဲ့အဖေနဲ့ ဦးလေး
ကတော့ အမွေ ကိစ္စနဲ့ အမှုရင်ဆိုင်နေကြရတယ် သူ့ဦးလေးမှာသားတစ်ယောက်ရှိ၍ နာမည် ကတော့ ဒါရာဂူးဗား/
ဒါရာဂူးဗား ဟာ ရက်စက်ကြမ်းတမ်းသူတစ်ဦးဖြစ်ပြီးမိမိလိုချင်သည့်အရာအား မည့်သည့်နည်းနဲ့မဆို ရယူလေ့ရှိသည်။တစ်နေ့မှာတော့ ဒါရာဂူးဗား ဟာ အင်ဒီရာ
ကိုတွေ့ပြီးချစ်ကြိုက်မိသွားတော့တယ် အဲဒီချိန်မှာတော့ဒါရာဂူးဗားဟာ အင်ဒီရာကို ရရှိဖို့ ကြိုးပမ်းပါတော့တယ် ဒါပေမဲ့
ဒါရာဂူးဗားဟာ အင်ဒီရာကို အသားတောင် ထိမရပါဘူးလူတစ်ဦးက ဓားနဲ့ ဟန့်သလိုလို ခံစားခဲ့ရတယ်အဲဒီနောက် ဒါရာဟာ မကောင်းဆိုးဝါးဘုရင် ဂိုရာဆီ သွား၍
သူရဲ့အဖြစ်အပျက်ကို ဖြေရှင်းခိုင်းရာမှ သူ၏ အတိတ် နှစ် ၄၀၀ ဘဝကို မှတ်မိသွားခဲ့ပါတယ်အဲဒီနောက်မှာတော့ သူဟာ စုံစမ်းရင်း သူ၏ အတိတ်ရန်သူကား
ဟာရှာ ဖြစ်ကြောင်း သိရှိခဲ့သည်။ထို့နောက်မှာတော့ ????ဒီဇာတ်ကားလေးဟာ အချစ် အလွမ်း အကြမ်း အရမ်းသာမကသူငယ်ချင်းကောင်းစိတ်ဓာတ် မင်းကောင်း
မင်းမြတ်တွေရဲ့ကတိသစ္စာကိုလည်းတစ်စိတ်တစ်ဒေသ ဖော်ပြနိုင်စွမ်းရှိခဲ့ပါတယ်ဟာရှာဟာ အင်ဒီရာကို ရှာဖွေတွေ့ရှိမည်လော
အင်ဒီရာ ဟာရှာ ဒါရာဂူးဗား တို့ရဲ့ အတိတ်ကလဲ့စားတို့ကရောပစ္စုပ္ပန် ရဲ့ ကစားလဲ့ချေခြင်းတို့ကရော မည်သို့ အဆုံးသတ်မည်နည်းဟာရှာ ကို သတ်ဖို့ကြိုးစားသော
ဒါရာရဲ့ အကြံအစည်တို့ကရောအောင်မြင်ခဲ့မည်လော ဟာရှာ ကရော အတိတ်ရဲ့ကလဲ့စားကို မည့်သို့ အဆုံးသတ်မည်နည်း အင်ဒီရာကရော အတိတ်ကို သိမြင်နိုင်
စွမ်းရှိခဲ့မည်လော စသောမေးခွန်းများစွာနှင့် ရင်ခုန်လှုပ်ရှားဖွယ် ကြည့်ရှုရမှာပါ။ဒီရုပ်ရှင်ကားကို ဘာသာပြန်ပေးထားသူကတော့
CM Translator Nga Lunn ပဲ ဖြစ်ပါတယ်
Thit San Khant မှ Encode ၍ တင်ဆက်ပေးထားပါတယ်
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။