Goodbye Mother (2019)
ဒီတစ်ခါတော့ ဗီယက်နမ် BL ကားလေးကို ရှုစားကြရမှာပဲဖြစ်ပါတယ်။
ဒီကားလေးမှာတော့ အမေရိကားမှာ ကျောင်းတက်ရင်းတွေ့ကြတဲ့
ဗီယက်နမ်လူမျိုး ကောင်လေးနှစ်ယောက်ကြားက သံယောဇဉ်တွေကို
Bromance Drama အနေနဲ့ တွေ့မြင်ရမှာပါ။
ဇာတ်လမ်းအကျဉ်းကတော့ ဒီလိုပါ။
ဒီထဲက မင်းသားတစ်လက်က သူ့အဖေရဲ့အလောင်းကို နေရာရွှေ့ဖို့ ဗီယက်နမ်ကို ပြန်တဲ့အချိန်မှာ နောက်မင်းသားတစ်လက်က လိုက်ပါလာခဲ့ပါတယ်။
အာရှနိုင်ငံ တစ်နိုင်ငံဖြစ်တဲ့ ဗီယက်နမ်ဟာလည်း
လိင်တူချစ်ကြိုက်မှုကို လက်ခံနိုင်တဲ့ နိုင်ငံထဲမှာ မပါခဲ့သေးပါဘူး။
ဒီတော့ သူတို့နှစ်ယောက်ရဲ့အချစ်လမ်းခရီးဟာ သာယာဖြောင့်ဖြူးပါ့မလားဆိုတာ မသေချာတဲ့အနေအထားပါပဲ။
ကံကောင်းချင်တာကတော့ မင်းသားရဲ့အဖွားဟာ မှတ်ဉာဏ်သိပ်မကောင်းတော့ဘဲ အမေရိကန်က ပါလာတဲ့ မင်းသားကို သူ့မြေးလေးအမှတ်နဲ့ ချစ်နေရှာတာပါ။
သူကတော့ ဒီမြေးလေးနှစ်ယောက်ကို သဘောတူပါတယ်။
ဒီကားထဲမှာ ဒီဖွားဖွား ဘယ်လောက်ချစ်ဖို့ကောင်းတယ်ဆိုတာကိုလည်း မြင်ရဦးမှာပါ။
သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးကို ဖွင့်ပြောခါနီးဆဲဆဲ
မင်းသားရဲ့အမေမှာ ရောဂါတစ်ခုရှိလာပြီဆိုတာကို သိလိုက်ရတဲ့အချိန်မှာတော့ …..
ဆုတစ်ဆု နဲ့ တစ်ကြိုစာရင်း တစ်ကြိမ် ဝင်ထားတဲ့ကားမို့ အတော်မညံ့တဲ့ကားထဲ ပါပါတယ်။
ဗီယက်နမ်ရဲ့ကျေးလက် အရသာတွေ ထုံမွှမ်းနေတဲ့အပြင်
မိသားစုတွေကြားက အလွဲလေးတွေ … ပြသနာတွေနဲ့
အိမ်ကိုဝန်ခံဖို့ ခက်ခဲနေတဲ့အခြေအနေတွေကြားထဲက
နှစ်ယောက်ကြားမေတ္တာတွေကို ဘယ်လိုပေါ်လွင်အောင် ပြသွားလဲဆိုတာ ကြည့်ရှုပေးကြပါဦးရှင်။
IMDb – 7.5/10 ရရှိထားပါတယ်
File size… 1.48GB and 757MB
Quality…. 1080p WEB-DL 5.1CH and 720p WEB-DL
Format…mp4
Duration…. 1hr 45min
Subtitle….Myanmar Subtitle (Hardsub)
Translator ….. Sim Jinnie
Encoder ….. Augusta
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။




























![[18+] Sisid (2022)](https://www.channelmyanmar.to/wp-content/uploads/2023/07/MV5BNDQwYTBjODUtZmMwNy00MTg2LWEwN2UtZDA3MTNhY2I1OThjXkEyXkFqcGdeQXVyNTI5NjIyMw@@._V1_FMjpg_UX1000_-133x200.jpg)


![[18+] My Father, Myself (2022)](https://www.channelmyanmar.to/wp-content/uploads/2023/07/MV5BMTBjY2VhZmUtNGNjYi00MmZiLWE5ZWEtNjRhZTc3YWQ5MGNhXkEyXkFqcGdeQXVyNTI5NjIyMw@@._V1_-160x200.jpg)

















