Godzilla: The Planet Eater (2018)
Bow down and worship the golden demise

Synopsis:
20ရာစုရဲ့ နေ့တစ်နေ့မှာ ဒီဇာတ်လမ်းစခဲ့တယ်
အရာရာဟာ ဘုရားသခင် အလိုတော်အတိုင်းပါပဲ..
ကောင်းကင်မှာ မီးမိုးတွေ… ကမ္ဘာမြေကြီးဟာလည်း ပပ်ကြားတွေအက်လို့…
လူတွေအားလုံးရဲ့ ဆောက်တည်ရာမဲ့ ကူကယ်ရာမရှိ ပြေးလွှားသံတွေ…
ဒီအချိန်မှာ အပြာရောင်အလင်းတန်းကြီး တစ်ချက်ပေါ်လာ…
အဲဒီအလင်းတန်းရဲ့ အစမှာ ဂေါ်ဇီလာဟာ အရာအားလုံးကို မိုးကြည့်လို့…
Godzilla: Planet Eater (2018) Netflix’s Anime movie ဖြစ်တဲ့
“Godzilla: Planet of the Monsters” ကနေအစပြုခဲ့တဲ့
Trilogy သုံးကားရဲ့ သုံးကားမြောက်နဲ့ နောက်ဆုံးကားဖြစ်တဲ့
Godzilla: Planet Eater (2018) ဇတ်ကားပါ
ရှေ့မှာ “Godzilla: Planet of the Monsters” နဲ့
“Godzilla: City on the Edge of Battle” ဆိုပြီး နှစ်ကားထွက်ထားပါတယ်
ရှေ့နှစ်ကားကြည့်ပြီးမှ အခုကားကို ချိတ်ဆက်မိဖို့အဆင်ပြေပါလိမ့်မယ်
အခုကားက “Godzilla: City on the Edge of Battle.” ရဲ့ ဒါရိုက် sequel ဖြစ်ပါတယ်။
တော်တော်များများကတော့ အခုဇတ်ကားဟာ ရှေ့နှစ်ကားထက်
ဒရမ်မာပိုခင်းထားပြီး ကောင်းကောင်းမွန်မွန်ပဲဇတ်သိမ်းထားတယ်လို့လဲပြောကြပါတယ်
King Ghidorah’s နဲ့ Godzilla ရဲ့ Fight Sence တွေကိုတော့
မျှော်လင့်ထားသလိုတွေ့ရမှာမဟုတ်ပါဘူး
အမှန်တရားဆိုတာဘာလဲ ဘုရားသခင်ဆိုတာဘာလဲ
လူတွေဟာ ကြောက်ရွံ့မှု့ကြီးစိုးလာတဲ့အခါမှာ နောက်ဆုံးသောအားကိုးရာအနေနဲ့
ဘုရားသခင်ကိုတမ်းတကြပါတယ်
ကိုယ်ကြောက်ရွံ့တဲ့အရာတစ်ခု ကိုယ်တိုင်မတွန်းလှန်နိုင်တဲ့အရာတစ်ခုကို
မျက်မြင်ကြုံတွေ့ရတဲ့အခါ အားကိုးမိရာအနေနဲ့ အဲ့ဒီထက်ပိုဆိုးတဲ့အရာတစ်ခုကို
ဝကွတ်ပြီးအပ်ပစ်မိတတ်ကြတာလူ့သဘာဝပါ
တကယ်တော့ ကြောက်ရွံ့မှု့ဆိုတာ အပြင်မှာရှိနေတာမဟုတ်ဘဲ
ကိုယ့်ကိုယ်ထဲမှာသာရှိနေတဲ့အရာပါဆိုတာကို နားလည်သွားပြီး
ဆုံးရှုံးသွားတဲ့ အရာတွေအတွက် နာကျဉ်းမှု့ကြောင့်
လွဲမှားပြီးမပုံအပ်မိခင် ပြင်ပြင်လိုက်နိုင်တဲ့အကြောင်းနဲ့ ယုံကြည်ကိုးကွယ်မှု့နဲ့
ပရောဖက်ဆန်တဲ့ Metphies နဲ့ လူသားစိတ်အပြည့်ရှိတဲ့
Haruo တို့ရဲ့ ချစ်ခြင်းမေတ္တာနဲ့ အမုန်းတရားကိုရှု့မြင်ပုံမတူညီကြပုံကိုဒီဇတ်ကားထဲမှာတွေ့နိုင်မှာပါ..
File Size : (783 MB)
Quality :Wed-DL 720p
Running Time :1hr 31 min
Format : Mp4
Genre : Action
Subtitle : Myanmar Subtitle (Hard Sub)
Translated by Chu Sint Nwe
Encoded by Moe Myint Lwin
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။