Godzilla (1954)
Godzilla, a weapon of science, a great battle of wonder and terror!

Synopsis:
Godzilla ( 1954 )
Directed by Ishirō Honda
Kaiju Genreကို အစပျိုးပေးခဲ့တဲ့ ပထမဆုံး ဂေါ်ဇီလာရုပ်ရှင်ကို ၁၉၅၄မှာ အိရှိရိုဟွန်ဒါက ဇာတ်ညွှန်းရေးသား ရိုက်ကူးခဲ့တယ်။ Special effects ပိုင်းကိုတော့ Eiji Tsuburayaက ကိုင်ခဲ့တယ်။ သူတို့နှစ်ယောက်တွဲဟာ Kaiju Genreကို ထောင်ခဲ့တဲ့လူတွေ ဂေါ်ဇီလာယူနီဗာ့စ်ကြီးကို စဖန်တီးခဲ့သူတွေပါပဲ။ ဒီဂေါ်ဇီလာကားတွေကို နာမည်ကျော် တိုဟိုကနေ ထုတ်ပေးခဲ့တယ်၊ ဒီဂေါ်ဇီလာတစ်ကားရဲ့ အောင်မြင်မှုကနေ Godzilla franchiseကြီးဖြစ်ခဲ့လာပြီး တိုဟိုက ထုတ်ခဲ့တဲ့ ဂျပန်ဂေါ်ဇီလာရုပ်ရှင်တင် ၃၃ကား , ခုနောက်ပိုင်းထွက်တဲ့ အမေရိကန်ရုပ်ရှင် ငါးကား , စုစုပေါင်း ၃၈ကား ထွက်ခဲ့ပြီးပြီ။ တိုဟိုက ထုတ်ခဲ့တဲ့ ၃၃ကားထဲမှာ မူရင်းဖန်တီးရှင်တွေဖြစ်တဲ့ အိရှိရိုနဲ့ အိဂျီတို့ ရိုက်ခဲ့တာက ၈ကားပဲရှိခဲ့တယ်။ သူရိုက်ခဲ့တာတွေက အအောင်မြင်ဆုံးနဲ့ အခမ်းနားဆုံး Godzilla (1954), နောက် King Kong vs. Godzilla (1962) , Mothra vs. Godzilla (1964), Ghidorah, The Three-Headed Monster (1964), Invasion of Astro-Monster (1965),Destroy All Monsters (1968), All Monsters Attack (1969),Terror of Mechagodzilla (1975)တို့တွေပါပဲ။ Godzilla: King of Monsters (1956)မှာလည်း သူဝင်ရိုက်ပေးခဲ့ပေမဲ့ သူ့စာရင်းက ၈ကားပဲဆိုတော့ ထည့်တွက်မထားပုံပါပဲ၊၊ ပထမဆုံး ၁၉၅၄အတွက်ပဲ ဇာတ်ညွှန်းပါသူရေးခဲ့ပြီး ၁၉၅၄ကားကလည်း ထွက်ခဲ့သမျှ ဂေါ်ဇီလာတွေထဲ အကောင်းဆုံးအဖြစ်ရပ်တည်နေတယ်။ တိုဟိုဗားရှင်း ဂေါ်ဇီလာ ၃၃ကားကို ဂျပန်တွေထုံးစံအတိုင်း Eraတွေနဲ့ခွဲထားပြီး Era၅ခုရှိပြီး Shōwa era (1954–1975)အတွင်းမှာ ၁၅ကားရိုက်ကူးခဲ့ပါတယ်။ ဒီ၁၅ကားဟာ ဂျပန်ပြည်ရဲ့ နိုင်ငံရေးရဲ့ သူ့ခေတ်အခြေအနေကို ထင်ဟပ်ခဲ့တယ်လို့ ဆိုကြတယ်။ Eraတွေပြီးတိုင်း သူ့ယူနီဗာ့စ်ကို Reboot ပြန်ချလိုက်ပေမဲ့ ၁၉၅၄ကားကိုတော့ လုံးဝမပယ်ခဲ့ကြဘူး။ ဂေါ်ဇီလာရဲ့ Originအဖြစ် ထားထားခဲ့တယ်။ 2019ကစတဲ့ Reiwa Eraမှာတော့ ဒီ Originကို ပြောင်းလဲပစ်ခဲ့တယ်။ Godzilla Minus Oneကတော့ ဒီ၁၉၅၄ကားကို ပြန်လည်ပုံဖော်ထားတဲ့ Remakeကားလို့ ဆိုပါတယ်။
အိရှိရိုဟွန်ဒါဟာ ခိုင်ဂျူ ရုပ်ရှင်Genreရဲ့ ဖန်တီးရှင် ဂေါ်ဇီလာရဲ့ ဖခင်ဖြစ်ပေမဲ့လည်း အကီရာ ကူရိုဆာဝါရဲ့ ရုပ်ရှင်တွေမှာ လက်ထောက်ဒါရိုက်တာအဖြစ်တစ်မျိုး အနုပညာအကြံပေးအဖြစ်တစ်ဖုံ လုပ်ခဲ့ဖူးတဲ့သူပါပဲ။ ကူရိုဆာဝါရဲ့နောက်ဆုံးငါးကားဟာ သူ့နောက်ဆုံးငါးကားလို့ ပြောရင်လည်းရပါတယ်။ ဂေါ်ဇီလာတွေအပြီးမှာ သူအနားယူခဲ့ပေမဲ့ ကူရိုဆာဝါက သူ့ကိုနားချပြီး သူ့ညာလက်ရုံးအဖြစ် ခေါ်သုံးခဲ့တာပါ။ ကူရိုဆာဝါ ဒီနှောင်းပိုင်း ကာလတွေမှာ မျက်စိလည်းသိပ်မမြင်တော့ဘူးဆိုတော့ ကူရိုရဲ့ နောက်ဆုံးငါးကားမှာ အိရှိရိုရဲ့ လက်စွမ်းလည်း မကင်းဘူးလို့ ယူဆလို့ရတယ်။ Guillermo del Toro, Tim Burton , John Carpenter , Martin Scorsese တို့ကတော့ ဟွန်ဒါရဲ့ လွှမ်းမိုးမှုနဲ့ သူတို့မကင်းဘူးလို့ ကြေညာဖူးပါတယ်။ စပီးဘာ့ခ်ဟာလည်း ဒီ၁၉၅၄ဂေါ်ဇီလာကို တော်တော်ကြိုက်ခဲ့တဲ့သူဖြစ်ပြီး။ ဒီဂေါ်ဇီလာ ၁၉၅၄နဲ့ အနီးစပ်ဆုံးတူတဲ့အရသာကို စပီးဘာ့ခ်ရဲ့ Jaws (1974) မှာပဲ ကျွန်တော်တော့ရဖူးပါတယ်။ စပီးဘာ့ခ်ဟာ ဂေါ်ဇီလာကို သိပ်ကြိုက်တဲ့သူပီပီ Jawsကို ငါးမန်းကားအဖြစ်ရိုက်ခဲ့ပေမဲ့ ၁၉၅၄ဂေါ်ဇီလာနဲ့ ထပ်တူညီတဲ့ အငွေ့အသက်ကို ပေးနိုင်ခဲ့တယ်။
ဇာတ်ရဲ့အဖွင့်မှာ ပင်လယ်ထဲ သင်္ဘောတွေတစ်စီးပြီးတစ်စီး မြုပ်သွားတာကနေ စထားတယ်။ ဘယ်လိုအကြောင်းကြောင့်လဲတော့ ဘယ်သူမှမသိရဘူး။ သွားကယ်တဲ့ သင်္ဘောတွေပါ မြုပ်သွားရင်း မြုပ်သွားရင်း အဆုံးအရှုံးတော်တော်များလာသလို တံငါသည်တွေလည်း ငါးမမိတော့တဲ့နောက် ဒီပြဿနာကို အဖြေရှာကြဖို့ဖြစ်လာခဲ့တယ်။ အိုဒိုကျွန်းက ရှေ့မီနောက်မီလူကြီးကတော့ ဟိုးရှေးခေတ်ကတည်းက ရှိနေခဲ့တဲ့ ဂေါ်ဇီလာကြီးလို့ ပြောကြပေမဲ့ ဘယ်သူမှမယုံကြဘူး။ ဒီလိုနဲ့ ပညာရှင်တွေ သုတေသနသွားလုပ်တဲ့အချိန် ဂေါ်ဇီလာကို မျက်ဝါးထင်ထင်မြင်ခဲ့ရတယ်။ သတ္တဗေဒပညာရှင်ကတော့ ဂေါ်ဇီလာ Jurassicခေတ်နောက်ပိုင်း ဆင့်ကဲပြောင်းလဲလာတဲ့ သတ္တဝါကြီးလို့ သက်သေပြခဲ့တယ်။ ဒီလိုနဲ့ ဂေါ်ဇီလာဟာ မြို့ပေါ်ကိုပါ ဖျက်ဆီးလာတဲ့အခါ သူတို့ ဂေါ်ဇီလာကို နှိမ်နှင်းရဖို့ဖြစ်လာတယ်။ ဟိုက်ဒရိုဂျင်ဗုံးခေါ် နျူးကလီးယားကြောင့် နိုးထလာတဲ့ သတ္တဝါကြီးဖြစ်သလို လူ့လက်နက်တွေ ဒဏ်ကို ခံနိုင်ရည်ကောင်းကောင်းရှိနေတော့ သူ့ကို ဘယ်လက်နက်နဲ့မှ မနိုင်ဘူးဖြစ်နေတဲ့နောက် ဂေါ်လီလာကို နှိမ်နှင်းဖို့ အဖြေတစ်ခုရှာရတော့တယ်။
သရုပ်ဆောင်တွေအနေနဲ့တော့ ကူရိုဆာဝါရဲ့ လက်စွဲ Ikiruထဲက မင်းသားကြီး Takashi Shimuraလည်း ပါဝင်သရုပ်ဆောင်ထားပေမဲ့ ဒီဂေါ်ဇီလာ ရုပ်ရှင်မှာ ကျွန်တော်တို့ မမေ့မယ့် ဇာတ်ရုပ်ကတော့ Akihiko Hirataရဲ့ ဒေါက်တာ Serizawaပါပဲ။ ခုလက်ရှိနောက်ဆုံး ဂေါ်ဇီလာစီးရီးအထိ သူ့ကို Homageပေးကြတုန်းပါပဲ။ ဒေါက်တာSerizawa ဇာတ်ကောင်ဟာ Iconicဇာတ်ကောင်တစ်ခုဖြစ်လာခဲ့သလို 1954 ဂေါ်ဇီဟာလည်း အခုနေ ပြန်ကြည့်တာတောင် ဘာကြီးလဲကွာဆိုပြီး ပြောစရာဖြစ်မနေဘဲ အစအလယ်အဆုံးသုံးပါးလုံး ဇာတ်ရော သရုပ်ဆောင်ရော တင်ဆက်ပုံရော အပြောင်မြောက်ဆုံးဖြစ်နေတုန်းပါပဲ။
File size… 1.4 GB / 747 MB
Quality… BluRay 1080p / 720p
Format… mp4
Duration…. 1h 40m
Genre ….. Drama/Sci-Fi
Subtitle…. Myanmar Subtitle (Hard Sub)
Encoder…. Thit San Khant
Translated by WiRa Aung
Quality… BluRay 1080p / 720p
Format… mp4
Duration…. 1h 40m
Genre ….. Drama/Sci-Fi
Subtitle…. Myanmar Subtitle (Hard Sub)
Encoder…. Thit San Khant
Translated by WiRa Aung
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။
Budget
USD $900 000,00
Revenue
USD $2 250 000,00
Popularity
40.062
Status
Released
ID IMDb.com
tt0047034
IMDB Rating
7.5
ID Themoviedb.org
1678
TMDb Rating
7.6
TMDb votes
898