Go-Go Sisters 2018


Synopsis:
လူတိုင်းမှာ သူငယ်ချင်းတွေကိုယ်ဆီရှိတတ်ကြပါတယ် ဒါပေမဲ့ သူငယ်ချင်းတိုင်းကတော့ ကိုယ့်ဘေးမှာအမြဲရှိနေပေးနိုင်တဲ့သူတွေမဟုတ်ပါဘူး ကိုယ့်ဘဝနဲ့ ကိုယ်ရှေ့ဆက်ဖို့ ခွဲခွာကြရတာများပါတယ် အထူးသဖြင့်ငယ်သူငယ်ချင်းတွေပေါ့
ဒီကားထဲမှာလည်းအဲ့လိုပါပဲ ‘ဟွန်ဟေးဖွန်း’ ဆိုတဲ့ အမျိုးသမီး ဟာအသက်40 အရွယ်သာမာန်အိမ်ရှင်မတစ်ယောက်ပါ ယောကျာ်းအလုပ်အကိုင်ကောင်းတာကြောင့်ငွေကြေးလည်းပြည့်စုံပါတယ် တစ်နေ့တော့သူအမေနေမကောင်းဖြစ်နေတဲ့ဆေးရုံကိုလာရင်းငယ်သူငယ်ချင်းဟောင်း ‘ယွန်’ နဲ့ပြန်တွေ့ပါတယ် ယွန် ကကင်ဆာရောဂါ ခံစားနေရတာပါ ‘ယွန်’ က ‘ဖွန်း’ကို သူရဲ့နောက်ဆုံးဆန္ဒလေးကိုပြောပြပါတယ် သူဆန္ဒကသူငယ်ချင်းဟောင်းတွေနဲ့ပြန်တွေ့ဖို့ပါ ‘ဖွန်း’ ဟာ ‘ယွန်’ကြောင့် သူငယ်ချင်းတွေကိုပြန်ရှာဖိူ့လုပ်ပါတော့တယ်
ငယ်ငယ်ကအမြဲတမ်း တစ်တွဲတွဲရှိခဲ့ကြတဲ့ သူငယ်ချင်း6ယောက်ဟာ ဘာလို့ နှစ်တွေအကြာကြီး အဆက်အသွယ်မရှိတော့တာဘာကြောင့်လဲ သူတို့ကြားထဲဘာတွေဖြစ်ပျက်ခဲ့တာလဲ ‘ဖွန်း’ ကရော သူငယ်ချင်းဟောင်းတွေကို အကုန်ပြန်ရှာနိုင်ပါ့မလား ဆိုတာ ကိုတော့ဆက်လက်ကြည့်ရှု့လိုက်ပါ
ဇာတ်ကားထဲမှာ ဆယ်ကျော်သက်အရွယ်ရဲ့ငယ်ရွယ်လွတ်လပ်မှုတွေအပူအပင်မရှိမှုတွေကိုရင့်ကျက်တဲ့လူကြီးတစ်ယောက်ဖြစ်လာတဲ့အခါ ခံစားရတဲ့ စိုးရိမ်မှုတွေနဲ့ အတူယှဥ်ပီး ရိုက်ကူးထားပါတယ် ဒီဇာတ်ညွှန်းတစ်ခုတည်းကိုပဲကိုးရီးယားversion ဂျပန် versionရိုက်ထားတာလည်းရှိပါတယ် အခုတင်ဆက်ပေးလိုက်တာတော့ ဗီယက်နမ် versionလေးပါ ဒီကားလေးကြည့်ပီးရင်တော့ဝေးကွာခဲ့ရတဲ့ တစ်စုံတစ်ယောက်ကိုပဲဖြစ်ဖြစ် သူငယ်ချင်းတွေကိုပဲဖြစ်ဖြစ် ပြန်သတိရစေမှာပါ……
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။
Director
Nguyễn Quang Dũng
Stars
Hoàng Oanh, Hoàng Yến Chibi, Hồng Ánh, Jun Vũ, Khổng Tú Quỳnh, Minh Thảo, Mỹ Duyên, Mỹ Uyên, Thanh Hằng, Trịnh Thảo
Popularity
0.84
Status
Released
ID IMDb.com
tt8081638
ID Themoviedb.org
519014
TMDb Rating
8
TMDb votes
2